Author: Baby Yit Lone
-
ဗန်းမော်နှင့် ဝိုင်းမော်ရှိ ရှေ့တန်းကာကင်းစခန်း ၅ ခုထက်မနည်း KIA ပြန်ရ
ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က လက်လွှတ်ခဲ့ရတဲ့ ရှေ့တန်းကာကင်း ၅ ခုထက်မနည်းကို ပြန်ရထားတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဗန်းမော်ဘက်မှာတော့ စက်တင်ဘာ ၂၉ ရက်က ကာကင်းတခု၊ အောက်တိုဘာ ၈ ရက်မှာ ခလရ ၄၇ ရဲ့ ကာကင်းတခုနဲ့ အောက်တိုဘာ ၉ ရက် မနက် ၅ နာရီလောက်မှာတော့ မိုးမောက်ဘက်အထွက် ၂ မိုင်နဲ့ ၃ မိုင်အကြား ကာကင်း ၂ ခုထက်မနည်းကို ပြန်လည် ထိန်းချုပ်လိုက်တာပါ။ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ကတော့ ၄၇ နဲ့ မြို့အကြားမှာ သူတို့ လုံခြုံရေးချထားတဲ့ ကာကင်းသဘောဖြစ်မှာပေါ့။…
-

စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ
ရန်ကုန်မြို့တော်စည်ပင်က ရေမြောင်းတွေချဲ့ဖို့ လမ်းမကြီးနဲ့လမ်းကြားဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တွေကိုခုတ်ပြီး ရေမြောင်းတွေကိုချဲ့ထားပေမဲ့လည်း ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းက မိုးရွာသွန်းပြီးချိန်မှာ တအိမ်လုံး ရေဝင်နစ်မြှုပ်တဲ့အထိ ဖြစ်လာပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီးမှာ ရေမြောင်းတွေချဲ့ပြီးတဲ့နောက် နေအိမ်ထဲထိ ရေဝင်ရောက်လာတဲ့အခြေနေကို မြို့ခံတယောက်က “ရေက ပိုပြီးတော့ဝင်တာပေါ့။ အခုဒါ အရင်တုန်းက ကျနော်တို့ အဲ့လိုဝင်တာမှ မဟုတ်တာ။ ဒီလောက်ပဲခပ်ထုတ်ရတာ၊ အခုဒီလိုမျိုးဖြစ်သွားတာ။ အခုအိမ်အနောက်ထိ” လို့ ပြောပါတယ်။ မြောင်းကျယ်ကြီးတွေတူးဖို့အတွက် အိမ်ရှေ့မျက်နှာစာတွေမှာ စိုက်ပျိုးထားတဲ့ အလှပန်းပင်နဲ့ ဗန်ဒါပင်လို အရိပ်ကောင်းပြီး နှစ်ပေါင်း ၅၀ ကျော် အပင်ကြီးတွေကိုပါ ခုတ်ပြီးမြောင်းတွေ လိုက်တူးခဲ့ပေမဲ့ မြောင်းအကျယ်ကြီးတွေတူးပြီးမှ အိမ်တွေထဲကို ရေပိုပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းလဲလာတဲ့ မိုးရွာသွန်းမှုပုံစံကိုလိုက်ပြီး လမ်းမကြီးတွေ ပေါ်ရေမတင်အောင် ရေမြောင်းကျယ်ကြီးတွေ တူးခဲ့ပေမဲ့…
-

မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား
နေပြည်တော်မှာ မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား နေပြည်တော်မှာ မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေကို မနေ့ညပိုင်း စစ်တပ်က နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားပြီး ဒီနေ့မှာ အဆက်အသွယ်မရတော့ဘူးလို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ ဘူးလက်လှဆွေက နေပြည်တော်မှာ မဲစာရင်းတွေ မှားနေတဲ့အကြောင်း၊ လူဦးရေ ၅၀၀ ရှိရင် ၃၀၀ လောက်မှားနေကြောင်း၊ သေတဲ့သူတွေ စာရင်းပါနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မိသားစုတောင် မဲစာရင်း မပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကာလ မဲစာရင်းအဟောင်းကို သုံးတယ်လို့ ယူဆကြောင်း၊ မဲစာရင်းများ အလွန်ကွာဟနေပြီး မဲစာရင်းများ ပြန်လည် ပြုပြင်ရန်ပင် အချိန် ၁ ပတ်သာ ကျန်တော့ကြောင်း၊ မဲစာရင်းမှားယွင်းမှု အဆင်မပြေကြောင်း ဘူးလက်လှဆွေက…
-

ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ချင်ရုပ်ကုန်းကျေးရွာနယ်တဝိုက်မှာ စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ဝန်တင်ဆိပ်ကျေးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ထွက်လာချိန် အမည်မသိအဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဆိုပါ လှမြင့်ဆိုသူဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲငွေညှစ်တာနဲ့ ရွာတွေက စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ပြီး ရဲစခန်းကိုပေးပို့ကာ ရဲနဲ့ပေါင်းပြီး ဖမ်းဆီးငွေညှစ်တာတွေကို အဓိကလုပ်ဆောင်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “လှမြင့်အဖမ်းခံရပြီး သူ့တပည့်ပျူတွေလည်း ပြာယာခတ်နေတယ်၊ တချို့ဆို ထွက်စာတင်ထားတယ်လို့ကြားတယ်၊ ပျူတွေကျေနပ်အောင် စစ်တပ်နဲ့ရဲက ဝန်တင်ဆိပ်ရွာအနီးက တွေ့တဲ့အမျိုးသား၂ ဦးကို အမှုဆင်ပြီးဖမ်းသွားတာ၊ ယနေ့အချိန်ထိပြန်မလွှတ်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါပျူခေါင်းဆောင် လှမြင့် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ ထုတ်ပြန်လာတာမျိုးတော့…
-

သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေး
စစ်ကောင်စီလော်ဘီ သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေးကို ရွှေဘို-မန္တလေး ဗျူဟာလမ်းမှာ တော်လှန်တပ်ဖွဲ့တွေ ဖမ်းဆီးရမိ ပိုက်ဆံပန်းစည်းတွေနဲ့ လက်စွပ်အထိပါ ပိုးကြေးပန်းကြေးပေးထား ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ၆နာရီနောက်ပိုင်း ဆိုင်ကယ်နဲ့ ဖြတ်ပြီး လာတဲ့ အသက် ၂၀၀န်းကျင်အရွယ် နေထက်ခိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးခဲ့ရာ စစ်တပ်လော်ဘီ သဇင်ဦးကို သွားတွေ့ပြီး စစ်တပ်ထဲ၀င်ဖို့ ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတယ်ဖြစ်တယ်လို့ သိရတာကြောင့် ခြောက်ပေါက်ထိပ်တုံးနဲ့ ထိန်းသိမ်းထားတယ်လို့ ရဲဘော်ကိုကြီးက ပြောပါတယ်။ အောက်တိုဘာလ ၇ရက်နေ့ည ၇နာရီက ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ ၆နာရီနောက်ပိုင်းမှာ ဆိုင်ကယ်နဲ့ဖြတ်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးရာမှ သဇင်ဦးရဲ့ အမာခံပရိသတ်ဖြစ်ပြီး ပိုးကြေးပန်းကြေးလည်း…