Author: Baby Yit Lone

  • သီတင်းကျွတ်မီးထွန်းပွဲကို စစ်တပ် ပါရာမိုတာနဲ့ ဗုံးကြဲသတ်ခဲ့မှုအ​ပေါ် နိုင်ငံတကာမီဒီယာတွေ အကျယ်တဝင့်ဖော်ပြ

    သီတင်းကျွတ်မီးထွန်းပွဲကို စစ်တပ် ပါရာမိုတာနဲ့ ဗုံးကြဲသတ်ခဲ့မှုအ​ပေါ် နိုင်ငံတကာမီဒီယာတွေ အကျယ်တဝင့်ဖော်ပြ

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ညတုန်းက ချောင်းဦးမြို့နယ်ရဲ့ ဘုံတိုရွာထဲမှာ မီးထွန်းပွဲတော် ကျင်းပနေတုန်း စစ်ကောင်စီရဲ့ ပါရာမိုတာက ဗုံးကြဲခဲ့တာကြောင့် က​လေးငယ်​တွေအပါအဝင် ပြည်သူဒါဇင်နဲ့ချီ​သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တာပါ။ အောက်တိုဘာ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဗုံးကြဲသတ်ဖြတ်မှုအ​ပေါ် နိုင်ငံတကာ မီဒီယာတွေကလည်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖော်ပြခဲ့ကြတာပါ။ အမေရိကန်ရဲ့ ဩဇာကြီးမားတဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ New York Timesကလည်း ဘုံတိုရွာမှာ ပါရာမိုတာ ဗုံးကြဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့…

  • Beauty Land Hotel လူသတ်မှု ထွက်ဆိုချက် အပြည့်အစုံ

    Beauty Land Hotel လူသတ်မှု ထွက်ဆိုချက် အပြည့်အစုံ

    လူ/သ/တ်တရားခံအောင်ခန့်ကျော်ဇင်သည်ဂိမ်းအဆော့များပြီးစိတ်မတည်မငြိမ်ဖြစ်ကာလူ/သ/တ်ချင်စိတ်ပေါ်ပေါက်လာ​ကြောင်း၊အမျိုးသားချင်းသ/တ်ပါကပြန်လည်ခုခံမည်စိုးရိမ်သဖြင့်အမျိုးသမီးတစ်ယောက်ကိုသ/တ်ရန်ရွေးချယ်ခဲ့ကြောင်း၊ လူသ/တ်ရန်ဓါ:၊အလောင်:/ထည့်ရန်ပလတ်စတစ်အိတ်နှင့်သွေ:များကိုချွတ်ရန်အစွန်းချွတ်သည့်အက်/ဆစ်ပုလင်းများကို၀ယ်ပြီးတည်းခိုနေကြ၃၂လမ်းရှိBeauty Land ဟိုတယ်သို့ အောက်တိုဘာလ၅ရက်ကသွားခဲ့ကြောင်း၊ ဟိုတယ်ရောက်သော်သမိုင်းDate Girl Service Channel၌ကြော်ငြာတင်ထားသောဖုန်း09986189996သို့ဆက်သွယ်ပြီးအပျော်မယ်တစ်ဦးခေါ်ခဲ့ကြောင်း၊အပျော်မယ်ရောက်လာချိန်တွင်လည်/ပင်း/ကိုညှစ်ပြီး ရင်/ဘတ်/ကိုဓါ:/ ဖြင့်ထို: သတ်ခဲ့​ကြောင်း၊ ထို့နောက်ပေါင်သာ: များကိုလှီ: ကာအိမ်သာထဲထည့်ခဲ့ကြောင်း၊ဝမ်:/ဗိုက်ကို/ခွဲ/ကာကလီစာများကိုအမှိုက်အိတ်ထဲထည့်ပြီးဗိုလ်ချုပ်လမ်းထောင့်အမှိုက်ပုံးထဲထည့်ခဲ့ကြောင်း၊ထို့နောက်ရည်းစားဖြစ်သူအေမွန်အောင်ကိုလှမ်းခေါ်ပြီးလူ/သ/တ်မိကြောင်းပြောကာအ/လောင်:ထည့်ထားသည့်အိတ်ကိုပြူတင်းပေါက်ဖွင့်ပြီးအဲကွန်း​အောက်ဒိုးယူနစ်ပေါ်တင်ထားခဲ့ကြောင်း၊ ထို့နောက်လူ/သ/တ်မှုကျူးလွန်သည့်::ဓါ:ကိုထုတ်ပိုးခြင်း၊အခန်းရှိသွေ:များဆေးကြောခြင်းပြုကာCheck outလုပ်ကြောင်း၊လူ/သ/တ်စဥ်ရုန်းရင်းဆံခတ်ဖြစ်သဖြင့်အခန်းနံရံဆေးကွာသွားသဖြင့်လျော်ကြေး၉သောင်းပေးခဲ့ရကြောင်း၊ ထို့နောက်ဟိုတယ်မှထွက်လာပြီးလမ်းခွဲကာပြစ်မှုကျုးလွန်သည့် ဓါ:ကိုမဟာဗန္ဓုလတံတားပေါ်မှပစ်ချခဲ့ကြောင်းတရားခံမှဝန်ခံထွက်ဆိုချက်ပေးကြောင်းသိရသည်။

  • AA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များကစစ်ကူစစ်ကြောင်းများနှင့် စစ်တပ်ကာကင်းစခန်းကုန်များကို အပြတ်သတ်တိုက်ခိုက်ချေမှုန်းပြီးနောက် တိုက်ပွဲများမှာ ကပစ(၁၄)နှင့် တစ်မိုင်ခန့်အကွာထိရောက်ရှိလာ

    အာရက္ခတပ်တော် (AA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များသည်အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းများနှင့် ကာကင်းစခန်းကုန်များကို အပြတ်သတ် တိုက်ခိုက် သိမ်းပိုက် ချေမှုန်းပြီးနောက် လက်ရှိနှစ်ဖက်တိုက်ပွဲများမှာကပစ(၁၄) နှင့် ဇင်ပြွန်းရွာလက်နက်ကြီးအထိုင်စခန်း၏တစ်မိုင်ခန့်အကွာသို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။ ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက “AA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကနတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကုန်းကြီးကို ဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ကူနဲ့ရိက္ခာသယ်လာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေသလိုအနီးပတ်ဝန်းကျင်ကကာကင်းစခန်းတွေကိုတစ်ခုပြီး တစ်ခု သိမ်းပိုက်လာတာအခုဆိုရင် နှစ်ဖက်တိုက်ပွဲကကပစ(၁၄)နဲ့ဇင်ပြွန်းရွာလက်နက်ကြီးစခန်းရဲ့တစ်မိုင်ထိနီးကပ်လာပြီလိုသိရပါတယ်”ဟု ပြောသည်။ လက်ရှိ အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူ၊ စစ်ကြောင်း စစ်ကူများဖြင့် တိုက်ခိုက်နေသည့် ကြားက စခန်းငယ် အများအပြားကို လက်လွှတ်ခဲ့ရသလို လက်ရှိတွင် အမ်း-ပဒန်း ရိုးတောင်ကျော်လမ်းရှိနတ်ရေကန်တောင်တွင်လေကြောင်းရန်ကာကွယ်ရေးဗျုဟာစခန်းကုန်းကြီးတစ်ခုသာ နောက်ဆုံး ကျန်ရှိတော့သည်ဟု ဆိုသည်။ “ အခု ကင်းစခန်းတွေအားလုံးကို AA နှင့် တော်လှန်ရေးပူးပေါင်းတပ်တွေကအပြတ်သတ် ချေမှုန်း သိမ်းပိုက်လိုက်ပြီ။ အဲဒီ ကာကင်းတွေက နတ်ရေကန်နဲ့ ဇင်ပြွန်းရွာစခန်း၊ကပစ ၁၄တို့ အကြားမှာ တည်ရှိတာ။…

  • Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို ဓားနဲ့ ခုတ်သတ်ခဲ့သူနဲ့ အလောင်းဖျောက်ပေးတဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်ကို သာကေတမြို့နယ် အမှတ် ၇ ရပ် ကွက်အရှေ့မှာ ဖမ်းမိခဲ့ပြီး အလောင်းဖျောက်ပေးခဲ့တဲ့ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မအေမွန်အောင်ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရကနေ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ “အသတ်ခံရတဲ့ ကောင်မလေး နတ္တလင်းက မစုမြတ်ဝင်းလို့ခေါ်တယ်။ သတ်တဲ့ကောင်လေးက လူသတ်ကားတွေအကြည့်များပြီး စိတ္တဇဆန်ဆန် ဓား ၂ ချောင်းနဲ့ လှီးဖြတ်တာ။ သတ်ပြီးတော့ ဗဟန်းက သူကောင်မလေးက အခန်းကို သန့်ရှင်းရေးလာလုပ်ပေးတာ။…

  • Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ

    Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ

    ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land ဟိုတယ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို တစစီ ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတယောက်ကို သာကေတမြို့နယ်မှာ အောက်တိုဘာ ၇ ရက်က ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ သေဆုံးသူ အမျိုးသမီးမှာ နတ္တလင်းမြို့နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေတာဖြစ်ပြီး လူမှုကွန်ရက်မှာ ပြစ်မှုကျူးလွန်သူနဲ့ ချစ်ကြိုက်မိကာ ဟိုတယ်မှာ လာအိပ်ဖို့ ခေါ်ခဲ့ပြီးနောက် သတ်ပစ်ခဲ့တာလို့ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “သတ်တဲ့သူက လူသတ်ကားတွေကြည့်ပြီး စိတ္တဇပုံစံ ဖြစ်နေတာ၊ ကောင်မလေးကို လိုင်းပေါ်ကနေ ဟိုတယ်ခေါ်အိပ်ပြီး သတ်တာ၊ သတ်တဲ့ပုံစံကလည်း အတော်လေးကြောက်ဖို့ကောင်းတယ်၊ တစစီ ခုတ်ထစ်၊ ဝမ်းတွင်းကလီစာတွေထုတ်၊ အသားတွေကို ဝက်သားတုံးသလိုတုံးတာ၊ ပြောရရင် အမဲဖျက်သလို ဖျက်တာ၊ အဲလိုခုတ်ထစ်ပြီး အမှိုက်အိတ်ထဲထည့်…