Author: Baby Yit Lone

  • ဖားကန့်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ သေဆုံးမှုများ၊ SNAစနိုက်ဘာသမား KIA ဖမ်းမိ

    ဖားကန့်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ သေဆုံးမှုများ၊ SNAစနိုက်ဘာသမား KIA ဖမ်းမိ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေ ထိခိုက်သေဆုံးမှုများပြီး စနိုက်ဘာသမားတစ်ဦးအပါအဝင် နှစ်ဦးကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF က ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။ အောက်တိုဘာ၁၀ရက်ကတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်မှုထမ်းသင်တန်းဆင်း တပ်သား ၇၀ထက်မနည်း သေဆုံးခဲ့တာဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ မြေပြင်သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။ “အဲ့ဒီနေ့ကစစ်ကောင်စီစစ်ကြောင်းကို လေးဘက်လေးတန်ပိတ်တိုက်တာ။ လေကြောင်းကနေ နှစ်ကြိမ်‌တောင် ဗုံးကြဲတဲ့နေ့လေ။ အခုလည်း စစ်ကောင်စီစစ်ကြောင်းရှိနေသေးသလို အလောင်းတွေလည်းပြန်ကြဲနေတယ်။ လှမ်းမြင်ရတယ်”လို့ အဲဒီသတင်းမြစ်က ပြောပါတယ်။ နမ့်မဖြစ်ကျေးရွာအုပ်စုထဲမှာပါဝင်တဲ့မလန်းကျေးရွာမှာ အောက်တိုဘာလဆန်းကစတင်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ အောက်တိုဘာ ၁၀ ရက်မှာတော့ တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး မနက် ၇ နာရီကျော်ခန့်မှာ တကြိမ်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာတစ်ကြိမ် Y12ရော၊ ဂျက်ဖိုက်တာနဲ့ပါ…

  • အမေရိကန်က ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်လျှင် လက်တုံ့ပြန်မည်ဟု တရုတ် သတိပေး

    အမေရိကန်က ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်လျှင် လက်တုံ့ပြန်မည်ဟု တရုတ် သတိပေး

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်ကုန်စည်တွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်ဆိုတဲ့ နောက်ဆုံးခြိမ်းခြောက်မှုအရ စံနှစ်မျိုးနဲ့ ခွဲခြားဆက်ဆံနေတယ် ဆိုပြီး ပေကျင်းက ဝါရှင်တန်ကို စွပ်စွဲလိုက်ပါတယ်။ တကယ်လို့သာ အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက်မှုအတိုင်း အကောင်အထည်ဖော်လာခဲ့ရင် တရုတ်နိုင်ငံဘက်က တန်ပြန်အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ မြေရှားသတ္တုတင်ပို့ရေး စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်သွားမယ့် ပေကျင်းအစိုးရရဲ့ လုပ်ရပ်ကို စည်းကြပ်ခွန်နဲ့ တုံ့ပြန်မယ်ဆိုပြီး ထရမ့်ပ်က သတိပေးထားတာပါ။ ဒါ့အပြင် တရုတ်ဘက်က အရမ်းရန်လိုလာခဲ့သလို ကမ္ဘာကြီးကိုလည်း ချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဖြည့်စွက် ပြောပါတယ်။ လွန်ခဲ့တဲ့အပတ်အတွင်း စမတ်ဖုန်း၊ ဆိုလာပြားနဲ့ လျှပ်စစ်ကား စတဲ့ နည်းပညာမြင့်ပစ္စည်းတွေ​ ထုတ်လုပ်ရာမှာ အရေးပါတဲ့ မြေရှားသတ္တု အပါအဝင် တခြားပို့ကုန်တွေအထိ တင်းကျပ်ဖို့ရှိကြောင်း ပေကျင်း အစိုးရအနေနဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က…

  • မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ရဲကား လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး ၄ ဦး ဒဏ်ရာရ

    မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ရဲကား လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး ၄ ဦး ဒဏ်ရာရ

    မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ယာဉ် လက်ပစ်ဗုံးနဲ့ အပစ်ခံရပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဲကားအပြာရောင်ဟာ မနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီကျော်လောက်က မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ ပညာရေးကောလိပ်ရှေ့ အရောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။ ဒေသခံတယောက်က “မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း နယူးစတား တည်းခိုခန်းအနီးမှာ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ ရဲကားပါ။ လမ်းမှာ တိုက်ခိုက်ခံရတာ၊ သေဆုံးမှုမရှိပါဘူး” လို့ ပြောပါတယ်။ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားကို ဆိုင်ကယ် မောင်းလာတဲ့ လူငယ်…

  • ဟားခါးရှိ  မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၍ ကျောင်းသား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်ကော်မရှင် တပ်ဖွဲ့ဝင် များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်သည် ဗန်ဟာကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်း နှင့် စစ်ရေး လှုပ်ရှားမှုများ မရှိသော်လည်း ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ကျောင်းကို ဗုံးကြဲတာဆိုပေမယ့် ကျောင်းတည့်တည့် မထိဘဲ ကလေးတွေ သန့်ရှင်းရေးလုပ်တဲ့ ကျောင်းအနောက်ဘက်မှာ ကျပါတယ်။…

  • အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    ရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက်က အရက်နဲ့ မူးယစ်ဆေးကြောင်ပြီး မိန်းမဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူထံက သိရပါတယ်။ အောက်တိုဘာ ၉ ရက်မှာ ရဲတပ်သား သန်းထိုက်အောင်ဟာ လုံခြုံရေး ဂျူတီ တာဝန်ထမ်းဆောင်ဖို့ မိန်းမဖြစ်သူက သတိပေးစကားပြောတဲ့ အချိန်မှာ ခါးကြားက သေနတ်ကို ထုတ်ပြီး မိန်းမဖြစ်သူ မသူဇာဝင်းရဲ့ နားထင်ကို သေနတ်နဲ့တေ့ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ သေဆုံးတဲ့ ရဲတပ်သားရဲ့ မိန်းမ မသူဇာဝင်းဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး သူ့မှာ လူမမည် ကလေးတယောက်လည်း ကျန်ရစ်ခဲ့တယ်လို့ ဒေါပုံ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းက မသူဇာဝင်းရဲ့အလောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ…