Author: Baby Yit Lone

  • Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို ဓားနဲ့ ခုတ်သတ်ခဲ့သူနဲ့ အလောင်းဖျောက်ပေးတဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်ကို သာကေတမြို့နယ် အမှတ် ၇ ရပ် ကွက်အရှေ့မှာ ဖမ်းမိခဲ့ပြီး အလောင်းဖျောက်ပေးခဲ့တဲ့ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မအေမွန်အောင်ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရကနေ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ “အသတ်ခံရတဲ့ ကောင်မလေး နတ္တလင်းက မစုမြတ်ဝင်းလို့ခေါ်တယ်။ သတ်တဲ့ကောင်လေးက လူသတ်ကားတွေအကြည့်များပြီး စိတ္တဇဆန်ဆန် ဓား ၂ ချောင်းနဲ့ လှီးဖြတ်တာ။ သတ်ပြီးတော့ ဗဟန်းက သူကောင်မလေးက အခန်းကို သန့်ရှင်းရေးလာလုပ်ပေးတာ။…

  • Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ

    Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ

    ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land ဟိုတယ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို တစစီ ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတယောက်ကို သာကေတမြို့နယ်မှာ အောက်တိုဘာ ၇ ရက်က ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ သေဆုံးသူ အမျိုးသမီးမှာ နတ္တလင်းမြို့နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေတာဖြစ်ပြီး လူမှုကွန်ရက်မှာ ပြစ်မှုကျူးလွန်သူနဲ့ ချစ်ကြိုက်မိကာ ဟိုတယ်မှာ လာအိပ်ဖို့ ခေါ်ခဲ့ပြီးနောက် သတ်ပစ်ခဲ့တာလို့ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “သတ်တဲ့သူက လူသတ်ကားတွေကြည့်ပြီး စိတ္တဇပုံစံ ဖြစ်နေတာ၊ ကောင်မလေးကို လိုင်းပေါ်ကနေ ဟိုတယ်ခေါ်အိပ်ပြီး သတ်တာ၊ သတ်တဲ့ပုံစံကလည်း အတော်လေးကြောက်ဖို့ကောင်းတယ်၊ တစစီ ခုတ်ထစ်၊ ဝမ်းတွင်းကလီစာတွေထုတ်၊ အသားတွေကို ဝက်သားတုံးသလိုတုံးတာ၊ ပြောရရင် အမဲဖျက်သလို ဖျက်တာ၊ အဲလိုခုတ်ထစ်ပြီး အမှိုက်အိတ်ထဲထည့်…

  • ဂုတ်ကြီးရွာနီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

    မကွေးဘက်ခြမ်း အမ်း – ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာအနီး ပတ်ဝန်းကျင်နေရာများတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ဂုတ်ကြီးရွာသို့ စစ်ကောင်စီက ထိုးဖောက်နေကာ AA ကလည်း တန်ပြန်ထိုးစစ်လုပ်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ “အဲဒီအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတယ်။ နှစ်ဖက်စလုံးက ဟိုဖက်ကထိုး ဒီဖက်ကထိုးနဲ့ ဖြစ်နေကြတာ။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်” ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အာရက္ခတပ်တော်သည် နတ်ရေကန်ဗျူဟာကုန်းကြီး၏ အဓိက ကာကင်းစခန်းဖြစ်သော ဂုတ်ကြီးရွာကို ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ လက်ရှိ မကွေးဘက်ခြမ်း အမ်း – ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်း…

  • စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်း

    စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်း

    စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်းသော်လည်း တိုက်ပွဲကြောင့် ပြန်ထွက်ပြေးသဖြင့် လိုက်ဖမ်းနေရ ‎‎ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်၍ အုပ်ချုပ်ရေးပိုင်းမှ အရာရှိနှင့် ဝန်ထမ်းများကို မြို့တွင်းရုံး ထိုင်ခိုင်းရာ အရာရှိနှင်အဖွဲ့များ တိုက်ပွဲကြောင့် ပြန်လည်ထွက်ပြေးသွားကြကြောင်း သိရသည်။ ‎‎ဗန်းမော်မြို့ကိုသိမ်းနိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများပါစတင်နိုင်ပြီဟု ဝါဒဖြန့်ခဲ့သည့် စစ်ကော်မရှင်က စစ်‌ရေယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများအပြင် ဗန်းမော်တိုက်ပွဲမှထွက်ပြေးလာသည့် အုပ်ချုပ်ရေး အဖွဲ့များကိုပါ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။ ‎‎”မြို့တွင်းအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဆိုတာပြဖို့ အဖွဲ့လိုက်ပြန်ခေါ်လာတယ်။ ဒီရောက်တော့ တိုက်ပွဲအခြေအနေကြောင့် အစုလိုက်ပြေးကုန်လို့ စစ်တပ်ကပြန်လိုက်ဖမ်းနေတယ်လို့ သိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ‎‎ပြီးခဲ့သည့် ဩဂုတ်လက ဗန်းမော်သို့ ဂေါဝိန်ဆိပ်မှလာ‌ရောက် ဆိုက်ကပ်သည့် စစ်ရေယာဉ်အုပ်စုတွင် လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများရောက်လာပြီးနောက် ဗန်းမော်တိုက်ပွဲမှာ စစ်ကော်မရှင်က…

  • ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ

    ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ

    ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စိုးစိုးရီကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့နေ ခိုင်ဝင်းအောင် ၊ အမျိုးသားလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရှေ့နေ ဇင်ပပဦး၊ ကြံဖွတ်ပါတီ၏ ဖျာပုံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျော်ကျော်(ခ) ကျော်မျိုးတင် ၊ တိုင်းဒေသကြီး လွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အေးပိုင် တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပါတီဝင်များနှင့်တွေ့ဆုံပွဲ ဟု အမည်တပ်ကာ ပြည်သူများကို အတင်းအကျပ် ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်နေကြောင်း သိရှိရသည်။ “ပြည်ခိုင်ဖြိုး ပါတီဝင်တွေ့ဆုံပွဲဆိုပြီး ကျေးရွာတွေက ပြည်သူတွေကို အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက…