Author: Baby Yit Lone

  • ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ချင်ရုပ်ကုန်းကျေးရွာနယ်တဝိုက်မှာ စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ဝန်တင်ဆိပ်ကျေးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ထွက်လာချိန် အမည်မသိအဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဆိုပါ လှမြင့်ဆိုသူဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲငွေညှစ်တာနဲ့ ရွာတွေက စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ပြီး ရဲစခန်းကိုပေးပို့ကာ ရဲနဲ့ပေါင်းပြီး ဖမ်းဆီးငွေညှစ်တာတွေကို အဓိကလုပ်ဆောင်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “လှမြင့်အဖမ်းခံရပြီး သူ့တပည့်ပျူတွေလည်း ပြာယာခတ်နေတယ်၊ တချို့ဆို ထွက်စာတင်ထားတယ်လို့ကြားတယ်၊ ပျူတွေကျေနပ်အောင် စစ်တပ်နဲ့ရဲက ဝန်တင်ဆိပ်ရွာအနီးက တွေ့တဲ့အမျိုးသား၂ ဦးကို အမှုဆင်ပြီးဖမ်းသွားတာ၊ ယနေ့အချိန်ထိပြန်မလွှတ်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါပျူခေါင်းဆောင် လှမြင့် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ ထုတ်ပြန်လာတာမျိုးတော့…

  • သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေး

    သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေး

    စစ်ကောင်စီလော်ဘီ သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေးကို ‌ရွှေဘို-မန္တလေး ဗျူဟာလမ်းမှာ တော်လှန်‌တပ်ဖွဲ့တွေ ဖမ်းဆီးရမိ ပိုက်ဆံပန်းစည်းတွေနဲ့ လက်စွပ်အထိပါ ပိုးကြေးပန်းကြေးပေးထား ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ၆နာရီနောက်ပိုင်း ဆိုင်ကယ်နဲ့ ဖြတ်ပြီး လာတဲ့ ‌အသက် ၂၀၀န်းကျင်အရွယ် နေထက်ခိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးခဲ့ရာ စစ်တပ်‌လော်ဘီ သဇင်ဦးကို သွားတွေ့ပြီး စစ်တပ်ထဲ၀င်ဖို့ ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတယ်ဖြစ်တယ်လို့ သိရတာကြောင့် ခြောက်ပေါက်ထိပ်တုံးနဲ့ ထိန်းသိမ်းထားတယ်လို့ ရဲဘော်ကိုကြီးက ပြောပါတယ်။ အောက်တိုဘာလ ၇ရက်နေ့ည ၇နာရီက ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ ၆နာရီနောက်ပိုင်းမှာ ဆိုင်ကယ်နဲ့ဖြတ်လာတာကြောင့် ‌တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးရာမှ သဇင်ဦးရဲ့ အမာခံပရိသတ်ဖြစ်ပြီး ပိုးကြေးပန်းကြေးလည်း…

  • အယုဒ္ဓယတွင် မိမိသန္ဓေသားအား အမှိုက်ပုံးထဲစွန့်ပစ်သည့် မြန်မာမိန်းကလေး အဖမ်းခံရ

    အယုဒ္ဓယတွင် မိမိသန္ဓေသားအား အမှိုက်ပုံးထဲစွန့်ပစ်သည့် မြန်မာမိန်းကလေး အဖမ်းခံရ

    ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်ထဲမှာ မိမိရင်သွေး သန္ဓေသားကို အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ မြန်မာမိန်းကလေးတယောက် ဖမ်းဆီးခံရတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က ဘန်ပအင်မြို့နယ်၊ ခလောင်းကျစ်ရပ်ကွက်ရှိ အမှိုက်ပုံးထဲမှာ ကိုယ်ဝန် ၄-၅ လအရွယ်ရှိ သန္ဓေသားကလေးငယ်အလောင်း တွေ့ရှိကြောင်း အမှိုက်သိမ်းသမားက လာရောက်အကြောင်းကြားခဲ့တယ်လို့ ဘန်ပအင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ ရဲတပ်ဖွဲ့က အနီးနားတဝိုက် ရပ်ကွက်ထဲက နေအိမ်တွေ လိုက်လံမေးမြန်းစုံစမ်းသလို စီစီတီဗီ ကင်မရာတွေ စစ်ဆေးချက်အရ အောက်တိုဘာ ၈ ရက် မနက်စောစောမှာ မိန်းကလေးတယောက် အိပ်ရာခင်းနဲ့ ပတ်ထားတဲ့ တစုံတရာကို ယူဆောင်လာပြီး အမှိုက်ပုံနား ရောက်တော့ အမှိုက်ပုံးထဲ ပစ်ချပြီး လာလမ်းအတိုင်း ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက…

  • မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်

    မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်

    မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်း အများအပြား ဖမ်းမိ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ ပျူစောထီးစခန်း၊ အော်ဇီးခုံရွာ စခန်း၊ ညောင်ဝန်းရွာပျူစောထီး ဂိတ်စခန်း၊ နောင်ပိန်းရွာ စခန်းကုန်း၊ နားပင်ရွာစခန်းကုန်းနှင့် တောင်းအင်ရွာစစ်တပ်စခန်း စသည့် ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ “တိုက်ခိုက်သိမ်းပိုက်တာက ၅ ခုပါ၊ တောင်းအင်စခန်းကုန်းကတော့ စခတွေ ဆုတ်ခွာထွက်ပြေး တာပါ။ စုစုပေါင်းစခန်း ၆…

  • ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာ

    ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာ

    ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည် နိုင်ငံတကာသတင်းမီဒီယာများအားလုံးက စစ်တပ်၏ ရက်စက်မှုကို ထိပ်တန်းသတင်းအဖြစ် ဖော်ပြ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် ပြုလုပ်သော ဆီမီးထွန်းပွဲသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကနဦး ပြည်သူ…