Author: Baby Yit Lone
-
နေပြည်တော်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများလာ
နေပြည်တော်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းတပ်သားသစ်တွေ ရရှိရေးအတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် အိမ်ထဲက အိမ်အပြင် မထွက်ရဲအောင် ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇမ္ဗူသီရိမြို့နယ်၊ ဂုံမင်းအင်းကျေးရွာအနီးမှာ နိုဝင်ဘာ ၁၈ ရက်က မိန်းမဖြစ်သူဆီလာတဲ့ လူငယ်တယောက်ကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “ကောင်လေးက ကုန်းပေါ်ရွာမှာနေတာ၊ ဇမ္ဗူသီရိမှာနေတဲ့ သူ့မိန်းမဆီလာတာ၊ အုပ်ချုပ်ရေးနဲ့ စစ်တပ်က ဧည့်စာရင်းနဲ့ဖမ်းပြီး သင်တန်းကျောင်းပို့လိုက်တယ်။ သူ့မိန်းမလေး ငိုလိုက်တာ၊ မင်္ဂလာဆောင်ထားတာ ၃ ရက်ပဲ ရှိသေးတယ်။ ဘယ်သူ့ကိုမှ တိုင်လို့မရဘူး။” လယ်ဝေးမြို့နယ်မှာလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ အရင်ကထက် ပိုဆိုးလာပြီး လူငယ်တွေဟာ မနက်စောစောနဲ့ ညဘက် အပြင်မထွက်ရဲဘူးလို့ မြို့ခံတယောက်က…
-

မဲရုံပစ္စည်းများပို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်
တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် မဲရုံပစ္စည်းများပို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ အများအပြား ထိခိုက်သေဆုံး စစ်ကြောင်းဝင်လာချိန် လူသားဒိုင်းအဖြစ် ဖမ်းဆီးမခံရအောင် ပြည်သူတွေ သတိပြုရှောင်ရှားဖို့ တိုက်တွန်း ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပစ္စည်းတွေ ပို့ဆောင်တဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၂)၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စု စစ်ကြောင်းဝင်ရောက်လာတိုင်း အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးပြီး လိုရာရောက်အောင်သွားတတ်တာကြောင့် အရပ်သားတွေ အထူးသတိပြု တိမ်းရှောင်စေချင်တယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အခြေစိုက်၊ ၆၀၄ တပ်ရင်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ တောင်ငူ-လိပ်သိုလမ်းပိုင်းအတိုင်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းက…
-

တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးအရေးယူ
တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ကြီးမားတဲ့ ပြစ်မှုအမျိုးအစားကျူးလွန်ထားလို့ ဖမ်းဆီးအရေးယူထားကြောင်း မန္တလေး PDF ထုတ်ပြန် စစ်ရေးဌာနကြီးမှူးကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူးကိုနိုင်ကြီးတို့ဟာတန်ဖိုးကြီးတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ စည်းကမ်းချိုးဖောက်ထုတ်ယူပြီး ပြန်မအပ်သေး၍ဖြစ်ဟု ရှင်းလင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို သာမန်စည်းကမ်းဖောက်ဖျက်မှုမဟုတ်တဲ့ ကြီးမားတဲ့ ပြစ်မှု အမျိုးအစား ကျူးလွန်ထားတာကြောင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တလေး PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။ သူတို့ နှစ်ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကိုတပ်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့တာကြောင့် အပြစ်ရှိကြောင်း၊ ပြစ်ဒဏ်ခံရယူရမှာဖြစ်ကြောင်း ကာယကံရှင်တွေကိုယ်တိုင် ပါဝင်တဲ့ ၂၀၂၅ ဩဂုတ်လ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်ဘဏ္ဍာပစ္စည်းတွေကိုတပ်ထံသို့ အမြန်ဆုံး…
-

ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာပြည်သူများ ပါဝင်နိုင်စေမည့် အခြေ အနေမရှိ၍ ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု လိုက်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့သော အကြိမ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 ကို တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက မဲမခွဲဘဲ…
-

Crazy Crying Lady
Crazy Crying Lady (2012) ဒီ ဇာတ်ကားကတော့ မည်သည့်ကိစ္စမဆို ချက်ချင်း ငိုချတတ်သောကြောင့် “အငိုသန် သခင်မ ဟို” လို့ အမည်တွင်တဲ့ “ဟိုဂ ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝရုန်းကန်မှုတွေကို ဖော်ကျူးထားတဲ့ကားလေးပါပဲ။ “ဟို” ဟာ ရော့ခ်ဂီတသမား ဘွိင် နဲ့ ချစ်သူဖြစ်နေတာပါ။ သူတို့အတွဲလေးဟာ ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့ရာကနေ တနေ့မှာတော့ “ဟို”ကို ကျန်းမာရေး စစ်ဆေးကြည့်ရာ သားသမီးမရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ သားအိမ်ပြဿနာအကြောင်း ရုတ်တရတ် သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ သူ့ရဲ့ ဘဝဟာလည်း အပြောင်းအလဲကြီး ဖြစ်လာခဲ့ပါတော့တယ်။ ငယ်ငယ်လေးကတည်းက သားသမီးလိုချင်လှတဲ့ “ဟို”အတွက်တော့ ဒီပြဿနာဟာ အိပ်မက်ဆိုးကြီးဖြစ်လာပါတော့တယ်။ အဲဒါကြောင့် အချိန်မီ မိခင်တစ်ဦး ဖြစ်လာဖို့အရေး ဘဝလက်တွဲဖော် အမြန်ဆုံး ရှာဖို့ ဖြစ်လာပါတော့တယ်။…