ရန်ကုန်မြို့၊ နယူးပါတီ KTV တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော အိုက်မြင့်(ခ)ဟော်ချွမ်းမြန်မှာ ဒုစရိုက်လောကမှ ဖြစ်ပြီး ၎င်း၏နာရေးသို့ ဗိုလ်မှူး၊ ဗိုလ်ကြီး ၈ ဦးက လွမ်းသူ့ပန်းခြင်းပို့
Author: Baby Yit Lone
-

မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ပြော
ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ပြော
-

စစ်သင်္ဘောအုပ်စု စင်းခန်းတံတားဖြတ်သန်းစဉ် KIAပူးပေါင်းတပ်ရဲဘော်က အင်္ကျီမီးရှို့ကာ ဓာတ်ဆီပုံးပစ်ချ တိုက်ခိုက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကောင်စီက ရေကြောင်းမှ စစ်အင်အားဖြည့်တင်းစဉ် ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)အရောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ သင်္ဘောအုပ်စုအကြား တိုက်ပွဲပြင်းထန်နေသည့် မှတ်တမ်းရုပ်သံကို ကချင်သတင်းရင်းမြစ်အချို့က ယခုရက်ပိုင်းအတွင်း ဖော်ပြသည်။
ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက “မအလ ဂျပုရယ် ခဗျားတိမ်းဘော(သင်္ဘော) မီးလိုက်ရှို့တဲ့ ကီယာအဖွဲ့ကို မိထားတယ်ဗျ”ဟု ရေးသားကာ တံတားပေါ်မှ KIA ပူးပေါင်းတပ်နှင့် သင်္ဘောပေါ်မှ စစ်အုပ်စုအကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံကို လွန်ခဲ့သည့် သုံးရက်က ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်က စစ်သင်္ဘောများ ဗန်းမော်မြို့သို့ ဆန်တက်စဉ် စင်းခန်းတံတား ဖြတ်သွားချိန် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံဟု အတည်ပြုသည်။
“ဟုတ်တယ်။ သူတို့ တက်လာတာလည်း သုံးပုံမှာ နှစ်ပုံ မပြည့်တပြည့်ပဲ ရောက်တယ်ဆိုတော့ ပြန်ဆင်းဖို့လည်း လုံခြုံရေးမပါရင် မဆင်းရဲဘူးထင်ပါတယ်။သင်္ဘောတွေက အကုန်လုံး ဗန်းမော်မှာပဲရှိသေးတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
ရုပ်သံတွင် ပစ်ခတ်သံများစွာကြားနေရပြီးသင်္ဘောပေါ်မှ ပစ်ခတ်သည် ကျည်အချို့တံတားကို ထိမှန်သည်ကို တွေ့ရသည်။
“ဒူဝါကို ပစ်နေတယ်နော် ဒူဝါကိုပစ်နေတယ်” ဟု တော်လှန်ရေးရဲဘော်တဦးက KIA အရာရှိငယ်တဦးဟု ယူဆရသူအား ပြောဆိုသည်။
ထို့ပြင် စစ်သင်္ဘောများ တံတားအောက်ဖြတ်သန်းစဉ် အင်္ကျီမီးရှို့ပစ်ချပြီး ဆီပုံးဟုယူဆရသည့် ပုံးတခုပစ်ချကာ စစ်ကောင်စီသင်္ဘော မီးလောင်စေရန်တိုက်ခိုက်ခဲ့သည်ကိုလည်း တွေ့ရသည်။
“တစီးကျန်သေးတယ်”
“အင်္ကျီချွတ်ပေးရမလား”
“ အော် ကျည်ရှိသေးတာပဲ မရှိတော့ဘူးအောက်မေ့နေတာ”
“ဓာတ်ဆီမှ မရှိတော့တာ”
“ဓာတ်ဆီ ဒီအထဲမှာ”
“ ဓာတ်ဆီလား ဘယ်မှာလဲ”
“အဲဒီထဲမှာ”
“တစီးကျန်သေးတယ်မဟုတ်လား”
“ လာနင်က လောင်းလိုက် ငါဒီဟာမီးရှို့ပြီးမှ ပစ်ထည့်လိုက်မယ်”ဟု KIA အရာရှိနှင့် တော်လှန်ရေး ရဲဘော်တို့ အပြန်အလှန် ပြောဆိုသံကို ရုပ်သံ၌ ကြားရသည်။
အဆိုပါ အရာရှိငယ်ဟု ယူဆရသူသည် စစ်သင်္ဘောများ တံတားကိုကျော်သွားပြီးနောက် လက်နက်ငယ်ဖြင့် ဆက်လက်ပစ်ခတ်ခဲ့သည့်ရုပ်သံဖိုင်လည်း ထွက်ပေါ်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောများထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ရုပ်သံ၌ မတွေ့ရပေ။
သို့သော် စစ်သင်္ဘောများကို ရွှေကူနှင့်ဗန်းမော်မြို့နယ်ကြားတွင် KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆စီး ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနနှင့် ကချင်စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။
ဩဂုတ် ၁ရက်က စစ်သင်္ဘော ၁၁စီးခန့် ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ရာ စစ်ကူအင်အားထက် လက်နက်ခဲယမ်းရိက္ခာများ အဓိကပါဝင်သည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။
အဆိုပါ စစ်သင်္ဘောများ ဗန်းမော်သို့ရောက်ရှိပြီးနောက် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်အပြင် လေကြောင်း ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ဩဂုတ်လဆန်းမှ ယခုအချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် စင်းခန်းတံတားကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သူများက ရေးသားဖြန့်ဝေမှုများရှိခဲ့သည်။ ထို့ကြောင့် KIA ပူးပေါင်းတပ်က ဩဂုတ်ပထမပတ်တွင် တံတားရှေ့၌တပ်ဖွဲ့ဝင်များ စုစည်းရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းကို ဖော်ပြကာ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း တော်လှန်ရေးရဲဘော်အချို့က အသိပေးထားသည်။
ရုပ်သံ – Gauri Lahpai Zau Hkam
-

လိုက်ထရက်ယာဥ် လူတင်လို့ဆိုကာ ဖမ်းကြသည်
သောက်ရှက်မရှိဆုံးလူနှင့်
ကိုယ်ချင်းစာတရားနဲနဲမှမရှိသောသူများသာလျှင်
လိုက်ထရက်ယာဥ် လူတင်လို့ဆိုကာ ဖမ်းကြသည်။
ပညာပေးပြောပေးရမည်ကို
အပြစ်ကြီးတစ်ခုလို ပုံကြီးချဲ့ပြောသည်
ဘာညာဘာညာလုပ်သည်
မရသော် ဖမ်းသည်
သောက်ရှက်များ မဲ့လွန်းလှသည်။
နေမျိုးသူရ
12.8.2025
-

ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်
ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ
