Author: Baby Yit Lone

  • ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

    ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

    စက်သုံးဆီရှားပါးမှုကြောင့် ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။ လက်ရှိ ရှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။ ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးမြင့်တက်လာမှုကြောင့် စက်သုံးဆီရရှိရန် နေ့စဉ် တန်းစီနေရသည့် ကား၊ ဆိုင်ကယ်များ စက်သုံးဆီဆိုင်ရှေ့တွင် အများအပြား ရှိလာသည်။ ထိုသို့ စက်သုံးဆီ တန်းစီရာတွင် အရေးပေါ်လူနာတင်ကားများလည်း စက်သုံဆီဖြည့်ရန် တန်းစီရသဖြင့် အရေးပေါ်လူနာများ အသက်ဆုံးရှုံးလုနီးပါး ပြဿနာများ ရင်ဆိုင်ခဲ့ရကြောင်း တောင်ကြီး နာရေးကူညီမှုအသင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။ “တစ်နေ့…

  • ချမ်းမြမြသော် ရဲ့  ရှင်းလင်းချက် အနှစ်ချုပ်

    ချမ်းမြမြသော် ရဲ့ ရှင်းလင်းချက် အနှစ်ချုပ်

    Korea က ဘောမသွားတဲ့ Tr. ချမ်းမြမြသော် ရဲ့ စာမျက်နှာ ၁၄ မျက်နှာပါ ရှင်းလင်းချက် စာတွေကို အကုန်မဖတ်နိုင်လို့ အဓိကဆိုလိုရင်းကို Ai ကနေ အနှစ်ချုပ် ပေးလိုက်ပါတယ် အချုပ်ဆိုလိုရင်း – သူမသည် နိုင်ငံရေး အဖွဲ့အစည်းများ၏ စနစ်မကျမှုနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို စိတ်ပျက်၍ လမ်းခွဲခဲ့ခြင်း ဖြစ်ပြီး၊ အဖွဲ့အစည်းဝင် အဖြစ်ထက် လွတ်လပ်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအနေဖြင့် မြန်မာပြည်သူများ၏ လက်တွေ့ကျသော လူမှုစီးပွား ဘဝများ တိုးတက်လာစေရန်သာ အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ရှင်းလင်းထားခြင်း ဖြစ်ပါတယ်။ သူမဟာ တောင်ကိုရီးယား နိုင်ငံရေး/အဖွဲ့အစည်း (တလရ – တော်လှန်ရေးဟု ယူဆရ) လောကကနေ ဘာကြောင့် ထွက်ခွာခဲ့ရတယ်ဆိုတာကို…

  • မန္တလေး၌ စက်သုံးဆီတန်းစီဝယ်ဖို့ နေရာရောင်းစား

    မန္တလေး၌ စက်သုံးဆီတန်းစီဝယ်ဖို့ နေရာရောင်းစား

    စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန် Bar code၊ QR code စနစ်သစ်ဖြင့် ရောင်းချပေးမှုကြောင့် ဆိုင်ကယ်၊ သုံးဘီး၊ ကားအစီးရေ သိန်းချီလျော့ကျသွားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသော်လည်း မန္တလေးမြို့ရှိ စက်သုံးဆီ ဆိုင်များ၌ အချိန်ကြာတန်းစီနေရဆဲဖြစ်သလို စက်ဘီးများဖြင့်ပါတန်းစီ၍ နေရာရောင်းစားမှုရှိနေကြောင်း မြို့ခံများထံမှ သိရသည်။ မန္တလေးမြို့ခံတဦးက “၄၈ လမ်း ၁၁၀ လမ်းထိပ် နေလဆီဆိုင်က ဆီတန်းတဲ့သူတွေကို စနစ်တကျတန်းစီခိုင်းတာမျိုး မရှိတဲ့အပြင် စက်ဘီးတွေနဲ့ တန်းတာကိုပါ လက်ခံပေးနေတာ။ စက်ဘီးတစီးနေရာကို ဆိုင်ကယ်အစီးရေ ၁၅ စီးလောက် ထည့်ပေးနေတာ။ အဲဒီလို နေရာတန်းခဆိုပြီး ဆိုင်ကယ်တစီးအတွက် တသောင်းတောင်းတယ်။ ဓားပြမှု၊ လုယက်မှုတွေနဲ့ ထောင်ကျ လွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့‌ ကောင်တွေက လုပ်စားနေကြတာ”ဟု ပြောသည်။ စစ်ကော်မရှင်က မတ် ၂၇ ရက်မှစပြီး နေပြည်တော်၊…

  • ကသာမြို့က ဗုံးကြဲခံရတဲ့​ကျောင်းကို ​ကျောင်းထိုင်ဆရာ​တော် လိုက်လံကြည့်ရှု

    ကသာမြို့က ဗုံးကြဲခံရတဲ့​ကျောင်းကို ​ကျောင်းထိုင်ဆရာ​တော် လိုက်လံကြည့်ရှု

    “ရှင်းလို့မလွယ်သေးဘူး ဘုရား၊မီးအရှိန်တွေ ရှိနေသေးတယ်ဘုရား။အခုဝင်လို့ မရသေးဘူး။အပူရှိန်ရှိနေတုန်းပဲ” စစ်တပ်ဗုံးကြဲခဲ့တဲ့ ကသာမြို့ က မဟာလေးထပ်ကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ အဂ္ဂမဟာဂန္တဝါစက ဦးကုသလ ကို တပည့်၊သံဃာတွေက အပျက်အစီးပုံထဲမဝင်ဖို့ ​မိန့်ကြား​နေတာဖြစ်ပါတယ် ။ ရဟန်း​တွေအပါအဝင်အစုလိုက်အပြုံလိုက်စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်ခံခဲ့ရတဲ့ပြည်သူ​တွေအတွက် ရက်လည်တရားနာတာကို မတ်လ ၂၇ ရက်နေ့မှာလုပ်ခဲ့ပါတယ်။ အဲဒီ​နေ့မှာပဲ ဆရာ​တော်ဘုရားကအပျက်အစီး တွေကြားက ကျောင်းတိုက်ထဲကိုတောင်ဝှေးအားပြုပြီး ဦးကုသလ က ဝင်ကြည့်ချင်နေတာဖြစ်ပါတယ်။ သက်တော် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဦးကုသလဟာ ကသာမြို့ ၃ ရပ်ကွက်မှာရှိတဲ့ မဟာလေးထပ်ကျောင်းမှာ ကျောင်းထိုင် ဆရာတော် အဖြစ်သီတင်းသုံးနေတာပါ။ စစ်တပ်ဗုံးကြဲချိန်မှာ ဆရာ​တော်က ကံ​ကောင်း​ထောက်မလို့ ​ဘေးကင်းခဲ့တာပါ။ ကျောင်းတိုက်က ကသာမြို့ရဲ့ သမိုင်းဝင် အမွေ အနှစ်တစ်ခုဖြစ်ပြီး ဘာသာရေးဆိုင်ရာ အချက် အချာနေရာအပြင် မာန်လည်ဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ တာဝတိံသာမဟာစေတီတော်…

  • နာရယ်လီဆိုင်ကလုန်း မဝင်မီ ဩစတြေးလျကောင်းကင်တွင် သွေးနီရောင်လွှမ်း

    နာရယ်လီဆိုင်ကလုန်း မဝင်မီ ဩစတြေးလျကောင်းကင်တွင် သွေးနီရောင်လွှမ်း

    မတ် ၂၇ ရက်က ဩစတြေးလျနိုင်ငံ ငါးမန်းပင်လယ်အော်ဒေသသို့ အပူပိုင်းမုန်တိုင်း နာရယ်လီဆိုင်ကလုန်း မတိုက်မီ မီနစ်အတော်ကြာ မြင်သမျှ ကောင်းကင်မြင်ကွင်းအားလုံး သွေးနီရောင် လွှမ်းသွားသည့် ထူးခြားဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ်က အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားစဉ် မုန်တိုင်းလေပြင်းသည် ဖုန်မှုန့်များစွာကို ကီလိုမီတာ ထောင်ချီ သယ်ဆောင်သွားပြီး ဆစ်ဒနီမြို့ကြီးတစ်မြို့လုံး ကောင်းကင်နှင့် လေထုသည် လိမ္မော်ရောင် ပြောင်းသွားဖူးသော်လည်း ယခုလို သွေးနီရောင် လေထုကြီးဖြစ်ကာ မြင်နိုင်စွမ်း သုညဒီဂရီနီးပါ မှုန်ဝါးပြီး လေထုသိပ်သည်းမှုလည်း အလွန်ထူထပ်သဖြင့် အသက်ရှူမရသည်အထိ ဖြစ်ခဲ့မှုမျိုး မကြုံဖူးဟု ဒေသခံများက ဖွင့်ဟပြောဆိုခဲ့သည်။ ဩစတြေးလျ အနောက်ပိုင်းဒေသသို့ နာရယ်လီဆိုင်ကလုန်းသည် တစ်နာရီလေတိုက်နှုန်း ၁၂၄ မိုင်နှုန်း အထိပြင်းထန်စွာတိုက်ခတ်ပြီးနောက် အဆောက် အအုံများစွာ ပျက်စီးခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုများ ပျက်စီးခြင်း၊…