Author: Baby Yit Lone

  • စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို ချင်းတွင်းရေယာဉ်ဖြင့် ယူဆောင်လာပြီး စစ်တွေတွင် အင်အားဖြည့်တင်း

    စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို ချင်းတွင်းရေယာဉ်ဖြင့် ယူဆောင်လာပြီး စစ်တွေတွင် အင်အားဖြည့်တင်း

    ကျောက်ဖြူမှ ဒဏ်ရာရစစ်သားများနှင့် စစ်သားမိသားစုများလည်း လိုက်ပါလာ ရန်ကုန်ကနေ စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို တင်ဆောင်လာသော ချင်းတွင်းစစ်ရေယာဉ်သည် စစ်တွေသို့ မတ် ၂၆ ရက်ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ ချင်းတွင်း ရေယာဉ်နဲ့ စစ်တွေကို အင်အားထပ်ဖြည့်ဖို့ ယူလာတာပါ။ ညအချိန် ၁၁ နာရီကျော်မှာ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်မှာ အဲဒီ စစ်ရေယာဉ် ဆိုက်ကပ်ပြီး အဲဒီကနေ တစ်ဆင့် ကားတွေနဲ့ စစ်တပ် တပ်နယ်ထဲကို ယူဆောင်သွားတယ်။ ကျွန်တော်တို့ သိရတာက ရဲနဲ့စစ်တပ် အင်အား ၂၀၀ လို့ သိရပါတယ်”ဟု ပြောသည်။ ထိုသို့ ယူဆောင်လာရာတွင် ကျောက်ဖြူတိုက်ပွဲမှ ဒဏ်ရာရရှိသူ စစ်သားများနှင့်…

  • ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ “လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒ က ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့တယ်။ဒါပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။ လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့…

  • အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ

    အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ

    အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးပြားရွာအလှူပွဲမှာဖြစ်ခဲ့တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး အောင်ချမ်းသာရွာ ရပ်ကျေးပကဖ၊ ပအဖအဖွဲ့ဝင် ၃ ဦးနဲ့ ရုန်းသာရွာသား ၄ ဦးတို့ကို ဖမ်ဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ ဝက်လက်မြို့နယ် ပလဖတာဝန်ခံဆီက သိရပါတယ်။ ဖြစ်စဥ်မှာပါဝင်တဲ့ အောင်ချမ်းသားရွာပအဖတာဝန်ခံ ဦးတင်မိုး၊ ပကဖတာဝန်ခံ ကိုချက်ကြီး၊ ပကဖအဖွဲ့ဝင် ကိုသိန်းဝင်းတို့ကို မတ်လတတိယပတ်အတွင်းမှာ ဖမ်ဆီးခဲ့တာဖြစ်ပြီး မတ်လ ၂၆ ရက်မှာ ရုန်းသာကျေးရွာက အသက် ၂၀ ကျော်အရွယ်ရှိ ဒူးဝါး၊ အောင်ခန့်နိုင်၊ အောင်မြတ်စိုး၊ ဇင်ကိုလွင်တို့ကို ဆက်လက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ “အလှူမှာ အဖွဲ့လိုက်ရန်ဖြစ်ကြတာလေ။ အုပ်ချုပ်ရေးအဖွဲ့တွေဘက်ကလည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အုပ်ချုပ်ရေးမှူးကလည်း တရားလိုလုပ်ပြီး အမှုပြန်ဖွင့်ထားတော့…

  • ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရ

    ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရ

    စစ်တပ် နှင့် မင်းအောင်လှိုင်၏ ပြန်ကြားရေး ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရပြီး ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဆက်ရှိသော်လည်း ရုံးနှင့်အခမ်းအနားများတွင် မတွေ့ရဟုဆို အကြမ်းဖက်စစ်တပ်၏ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် အကြမ်းဖက် ဇော်မင်းထွန်းမှာ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရပြီး ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဆက်ရှိနေသော်လည်း ရုံး တက်ခြင်းနှင့်အခမ်းအနားများ တက်ခြင်း မတွေ့ရတော့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၃ ရက်နေ့ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင် အစားထိုးဝင်ရောက်လာ​ပြီး အကြမ်းဖက် ဗိုလ်ချုပ် ဇော်မင်းထွန်းမှာမူ ယင်းရာထူးမှ အနားယူသွားကြောင်း၊ သို့ရာတွင် ပြန်ကြားရေးဒုဝန်ကြီး အဖြစ် ဆက်လက်…

  • Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ မြန်မာပြည်တွင်း ဆက်သွယ်ရေး Operator တွေဖြစ်တဲ့ ATOM၊ U9၊ MyTel တို့ဆီကနေ Sim Card သုံးစွဲသူအချို့ရဲ့ တည်နေရာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ Sim Card အသုံးပြုသူရဲ့ ကိုယ်ရေးရာဇဝင်၊ Sim Card ထည့်သွင်းအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI တွေကို ပေးပို့ဖို့ စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းအချက်အလက် ရယူရေးအဖွဲ့က အမိန့်ပေးညွှန်ကြားထားတဲ့ လျှို့ဝှက်ညွှန်ကြားစာကို လက်ခံရရှိထားပါတယ်။ ပေါက်ကြားစာမှာ U9 Sim Card အသုံးပြုသူ ၂ ဦး၊ ATOM Sim Card…