Author: Baby Yit Lone
-

ရန်ကုန်မြို့ဟာ ကမ္ဘာ့တတိယမြောက် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်နေ
မြန်မာနိုင်ငံ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့စာရင်းမှာ နံပါတ် ၃ နေရာ ရောက်ရှိနေပြီး ဒီမနက် ၁၀ နာရီ IQAir ရဲ့ တိုင်းတာချက်အရ AQI (Air Quality Index) လေထုအရည်အသွေး အညွှန်းကိန်း ၁၆၉ မှာ ရှိနေပါတယ်။ ဒါဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့် အနီရောင်အခြေအနေဖြစ်ပြီး လူတိုင်းအတွက် ကျန်းမာရေး သက်ရောက်မှုတွေ စတင်ရှိလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ကျန်းမာရေးအပေါ်သက်ရောက်မှုတွေကတော့ ကျန်းမာရေး ကောင်းမွန်တဲ့ သာမန်လူတွေအနေနဲ့ အသက်ရှူရခက်ခဲတာ၊ လည်ချောင်းယားတာ၊ မျက်စိစပ်တာနဲ့ အနည်းငယ် မောပန်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အတွက်တော့ ဒီအဆင့်ဟာ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်မှာ နေထိုင်ကြသူတွေအနေနဲ့လည်း အပြင်ထွက်နိုင်ပေမဲ့ အကာအကွယ်…
-

စစ်ကောင်စီ၏ ထိပ်တန်းစစ်အရာရှိကြီး ၂၂ ဦး ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ
ရခိုင်စစ်မျက်နှာ၏ ၁၆ လကာလအတွင်း စစ်ကောင်စီ၏ ထိပ်တန်းစစ်အရာရှိကြီး ၂၂ ဦး ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ဒုတိယအကျော့ စစ်ဆင်ရေးကာလ (၁၆) လဝန်းကျင်အတွင်း စစ်ကောင်စီဘက် မှ ဒုတိယတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးနှင့် ဗျူဟာမှူးအဆင့်ရှိ အဆင့်မြင့်စစ်အရာရှိကြီး ၂၂ ဦးအထိ သေဆုံးခြင်းနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ကောက်ယူထားသော စာရင်းအရ သိရှိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် AA ၏ ထိုးစစ်ဆင်မှုများသည် ၂၀၂၅ ခုနှစ် မတ်လကုန်အထိ ပြင်းထန်ခဲ့ပြီး၊ ထိုကာလအတွင်း တိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များ၊ ဗျူဟာစခန်းများနှင့် တပ်ရင်းဌာနချုပ်များကို AA…
-

အကြမ်းဖက်စစ်အုပ်စုအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော
စစ်တပ်တွင် မည်သူခေါင်းဆောင်မည်ဖြစ်စေ စစ်တပ်လမ်းစဉ်အတိုင်း သွားမည်ဟု ဒုစစ်ခေါင်းဆောင်ပြော ၈၁ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်တပ်အတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေါ်လာပြီး စစ်တပ်လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လမ်းသွားမည်ဟု ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက ပြောဆိုခဲ့ကြောင်း သိရသည်။ နေပြည်တော် ဘုရင့်နောင်ရိပ်သာတွင် ယနေ့ မတ် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်တပ်အငြိမ်းစားအရာရှိများကို စစ်တပ်မိသားစုများမှ သွားရောက်ကန်တော့သည့် အခမ်းအနားတွင် ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ဖြစ်ပေါ် လာမည်ဖြစ်ပြီး မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနှင့်တပ်မတော်၏ခေါင်းဆောင်အစဉ်အဆက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ လမ်းညွှန်ချက်များအတိုင်း စစ်ပညာရပ်အတိုင်း ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်သည်ဟု ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ ထို့အပြင် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆက်လက်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ…
-

စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ချက်များ မနက်ဖြန်မှ စတင်မည်
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ချက်များ မနက်ဖြန်မှ စတင်မည် သင့်ကား မည်သည့်စာရင်းတွင် ပါဝင်နေလဲစစ်ဆေးသွား ယာဉ်အမျိုးအစား,အင်ဂျင်စွမ်းအား,တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသော ပမာဏ ဆိုင်ကယ်,-,၈ လီတာ သုံးဘီး,-,၂၅ လီတာ ထော်လာဂျီ,-,၃၀ လီတာ အိမ်စီးမော်တော်ယာဉ် (Saloon, Station Wagon, Jeep)”, ၂၀၀၀ စီစီ အထိ,၃၅ လီတာ, ၂၀၀၀ စီစီ မှ ၃၀၀၀ စီစီ အထိ,၄၀ လီတာ, ၃၀၀၀ စီစီ အထက်,၄၅ လီတာ Taxi,၂၀၀၀ စီစီ အထိ,၉၀ လီတာ ,၂၀၀၀ စီစီ မှ ၃၀၀၀ စီစီ အထိ,၁၀၀ လီတာ ,၃၀၀၀ စီစီ အထက်,၁၁၀ လီတာ ကုန်တင်ဝန်ဆောင် (Light Duty),…
-

အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်
သံတမန်ရေး မအောင်မြင်ပါက အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်။ Final Blow ဟု အမည်ပေးထားပြီး အဆမတန် ဗုံးကြဲမှုများနှင့်အတူ မရိမ်း တပ်သား ၁၂၀၀၀ ပါဝင်မည်။ အီရန်မှ အမြဲတမ်း စစ်သည် ၂ သိန်းခွဲနှင့် အရန်တပ်သား ၂ သန်းကို အသင့်ပြင်ထား။ အီရန်ပြည်မကြီးကို ဝင်တိုက်ဖို့ထက် Kharg ကျွန်းကို သိမ်းပိုက်ပြီး ဟော်မုခ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန်က ရည်ရွယ်ထားပါတယ်။ လွှတ်တော်ကတော့ အမေရိကန်စစ်သားတွေ လွှတ်လိုက် တာဟာ သတ်ကွင်းထဲ ပစ်ထည့်လိုက်သလိုပဲဆိုပြီး ကန့် ကွက်နေကြပါတယ်။ အီရန်ဟာ အမေရိကန်နဲ့ မြေပြင်တိုက်ပွဲအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တာပါ။ “FINAL BLOW” တဲ့ နောက်ဆုံး ကန်ချက် ပဲ အမေရိကန်…