Author: Baby Yit Lone

  • အထက်မင်းလှတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

    အထက်မင်းလှတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

    မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များကြောင်း သိရသည်။ မတ်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် ရေနံမ ရဲစခန်းမှ ဒီးဒုတ်ကန်ကျေးရွာဘက်သို့ ထွက်ခွာလာသော အင်အား ၆၀ ဝန်းကျင်ပါ သံပြားကာ စစ်စိမ်းရောင်ဖောကား ၂ စီးနှင့် ဆိုင်ကယ် ၃ စီးကို ပြည်စိုးကျေးရွာ လမ်းပေါက်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA က မတ်လ ၁၃ ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။ “တိုက်ခိုက်ခဲ့တာကတော့ ၅ မိနစ်ဝန်းကျင်လောက်ပဲ ကြာပါတယ် ခင်ဗျ။ စတိုက်တဲ့အချိန်မှာ သူတို့ က သတိလက်လွတ်အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့၊ သူတို့ဘယ်လိုမှ ပြန်ပြီးတော့မှ…

  • $ ၁၆ သန်းတန် စမိုင်းလ်အိမ် လစဉ်ကြေး ပေးမမှန်သည့် စာရင်းဝင်ကာ ဒေါ်လာ၂၁ သန်းကျော်ဖြင့်လေလံဆွဲကြမည်

    $ ၁၆ သန်းတန် စမိုင်းလ်အိမ် လစဉ်ကြေး ပေးမမှန်သည့် စာရင်းဝင်ကာ ဒေါ်လာ၂၁ သန်းကျော်ဖြင့်လေလံဆွဲကြမည်

    ၂၀၂၂ ခုနှစ်က $ ၁၆ သန်းကျော်နဲ့ ဝယ်ထားတဲ့ မြန်မာ့ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ စံအိမ်ကြီးကို ယခုအခါ preforeclosure ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်လာ ၂၁ သန်းကျော်နဲ့ အရောင်းတင်ထားတာကို တွေ့လာနေရပါတယ်။ ပရီ ဖိုကလိုဆာ ဆိုတာ အိမ်လခ လစဉ်ပေးသွင်းရမယ့်ငွေတို့ အိမ်ခွန်တို့ကို ပုံမှန် မပေးသွင်းတဲ့ အိမ်ကို ငွေချေးထားတဲ့ ကုမ္ပဏီကနေ ကာလအပိုင်းအခြားတခုအတွင်းမှာ ပေါက်ဈေးနဲ့ လေလံတင်ရောင်း ချခွင့် ပြုလိုက်တဲ့ သဘောလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ၂၀ဝ၇ ခုနှစ်ကမှ ဆောက်ထားတဲ့ အဲဒီအိမ်ဟာ အိမ်ခန်း ၈ ခန်းနဲ့ အိမ်သာရေချိုးခန်း ၁၂ ခန်းပါရှိတဲ့ အဲဒီအိမ်ရဲ့ မြေခွန်ကြီးပဲ တနှစ်ကို ဒေါ်လာ ၂ သိန်းကျော်ပေးဆောင်ရပါတယ်။ မြေခွန်ဆိုတာက အိမ်ဖိုးငွေ…

  • ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ဟောကိန်း (လင်းညှို့တာရာ)

    ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ဟောကိန်း (လင်းညှို့တာရာ)

    ၁။ နိမိတ်ပုံမှာ မြင့်မြတ်သော ကောင်းကင်တမန်တော်သည် နောက်ဆုံးသော တရားစီရင်ချက်ကို တရားစီရင်နေခြင်း ဖြစ်သည်။ ဒီနိမိတ်ပုံအရ ၂၀၂၆ ခုနှစ်သည် ကမ္ဘာကြီးအတွက် အပြောင်းအလဲ ဖြစ်စဉ်ကြီးကို ကိုယ်စားပြုနေသည်။ လူသားတို့ ပြုလုပ်ခဲ့သော အမှားများ၊ နိုင်ငံရေးအာဏာရှင်များ၏ ဆုံးဖြတ်ချက်များ၊ စီးပွားရေးစနစ်များ၏ မညီမျှမှုများကို တရားစီရင်မည့် နှစ်တစ်ခုကို ရောက်နေပြီဟု ပြောဆိုနေပေသည်။ ကမ္ဘာ့နိုင်ငံရေးတွင် အရေးကြီးသောဆုံးဖြတ်ချက်ကြီးများ ပေါ်လာနိုင်ပြီး အချို့သောခေါင်းဆောင်များသည် မိမိတို့၏ လုပ်ရပ်များအတွက် တာဝန်ယူရမည့်အချိန် ရောက်လာပါလိမ့်မည်။ အချို့နိုင်ငံများတွင် လူထု၏ အသံများ မြင့်တက်လာပြီး အာဏာစနစ်များကို ပြန်လည်စစ်ဆေးရန် လှုပ်ရှားမှုများ ဖြစ်ပေါ်လာနိုင်သည်။ ဒီနှစ်သည် ကမ္ဘာအဆုံးသတ်ဖို့မရှိဘဲ အသစ်စတင်ခြင်း၏ အလင်း ကို ခံစားရနိုင်မည့် နှစ်တစ်နှစ် ဖြစ်ပါလိမ့်မည်။ ဒါကြောင့် ကမ္ဘာကြီးသည် အတိတ်အမှားများကို ပြန်လည်ကြည့်ရှုပြီး အသစ်သော…

  • မြိတ် – ထားဝယ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်

    မြိတ် – ထားဝယ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်

    စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး ပုလောမြို့နယ်၊ တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KNLA တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ တောင်ယာကမ်းရွာရှိ စခန်းအပြင် အောက်ပေါင်းရွာစခန်း၊ လေသာတောင်ရှိ စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့စခန်းနှင့် ပုလောမြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့နှင့်…

  • ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရသူ

    ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရသူ

    ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ ကွမ်းနင်ပြီး အသက်ရှူပိတ်သွားကာ သေဆုံးခဲ့သည့် စိတ်မကောင်းစရာဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ပါတယ်။ အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မတ်လ (၁၂) ရက်ညပိုင်းက နာမည်ကြီး အဆိုတော်များ လာရောက်ဖျော်ဖြေသည့် မော်လံပွဲတစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ပွဲစင်အောက်တွင် ထိုင်ကာ ပွဲကိုကြည့်ရှုနေရင်း အလွန်ပျော်ရွှင်နေပြီး အားရပါးရ ရယ်မောနေခဲ့ကြောင်း မျက်မြင်တွေက ပြောကြပါတယ်။ ထိုအချိန်မှာ သူဟာ ကွမ်းယာကိုလည်း ဝါးနေခဲ့တယ်လို့ ဆိုပါတယ်။ ရယ်မောနေစဉ်အတွင်း ပါးစပ်ထဲရှိ ကွမ်းယာကြောင့် ပါးစပ်အတွင်း နီရဲနေခဲ့ပြီး မကြာခင်မှာပဲ အသက်ရှူမဝသလို ဖြစ်လာခဲ့ပါတယ်။ ထို့နောက် ခဏအကြာတွင် လဲကျသွားခဲ့ပြီး အနီးအနားရှိ လူများက အရေးပေါ် CPR ကူညီဆောင်ရွက်ပေးကာ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပါတယ်။ သို့သော် ဆေးရုံသို့ ရောက်ရှိမီ လမ်းပေါ်မှာပင်…