Author: Baby Yit Lone

  • ဖို့ဒ်ကား အရှိန်မထိန်းနိုင်ဘဲ ဝင်အောင်း မြောက်တက်ပြီးပြန်အကျ နောက်တစီးက ထပ်ကြိတ်..

    ဖို့ဒ်ကား အရှိန်မထိန်းနိုင်ဘဲ ဝင်အောင်း မြောက်တက်ပြီးပြန်အကျ နောက်တစီးက ထပ်ကြိတ်..

    သူတို့ ၃ ဦးရဲ့ ဆိုင်ကယ်ကို အရှိန်မထိန်တဲ့ Ford ကားက ဝင်တိုက်ချိန် မြောက်သွားပြီး ပြန်အကျ ကားကထပ်ကြိတ်လို့ ပွဲချင်းပြီးခဲ့ကြရတဲ့ တာချီလိတ်လူမှုကူညီရေးအသင်းသားလေးနဲ့ သူငယ်ချင်း ၂ဦး တာချီလိတ်မြို့လူမှုကူညီရေးအသင်းသား တစ်ဦးဖြစ်တဲ့ မောင်ပြည့်ဖြိုးဝေဟာ အသင်းသားတွေနဲ့အတူ တာချီလိတ်မြို့က သာရေး နာရေးမှန်သမျှ ကူညီပေးနေကျလူငယ်လေး တစ်ဦးပါ။ အခုကတော့ သူ့ရဲ့ နာရေးအတွက် အသင်းသားတွေက ဝိုင်းဝန်း ပို့ဆောင်ပေးကြရတော့မှာပဲဖြစ်ပါတယ်။ မောင်ပြည့်ဖြိုးဝေ ၂၃ နှစ်ဟာ သူငယ်ချင်းတွေဖြစ်တဲ့ မောင်အောင်မိုးထွန်း ၂၂ နှစ် မောင်သက်နိုင်ထွန်း ၁၉ နှစ်တို့နဲ့အတူ ယမန်နေ့ည (မတ်လ ၁၈ ရက်) ည ၁၁ နာရီ ဝန်းကျင်က ၃ ဦး ဆိုင်ကယ်တစ်စီးထဲ အတူစီးလာရင်း အရှိန်အရမ်းပြင်းတဲ့ Ford ကားတစ်စီးက…

  • မြောင်းမြပေါ်တော်မူဖြစ်စဉ် Update

    မြောင်းမြပေါ်တော်မူဖြစ်စဉ် Update

    ရေစင်တော်ကို ခပ်ယူသူများ၍ ရေမရှိတော့ဘဲ ရွှံ့များကိုပါ ခွာယူကိုးကွယ်နေကြ ● ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာရှိ ပေါ်တော်မူဘုရားကွင်းတွင် ယခုအခါ ဘုရားဖူးများ လာရောက်မှု အလွန်များပြားနေပြီး ရောဂါကင်းဝေးသည်ဆိုသော ယုံကြည်ချက်ဖြင့် ရေစင်ခပ်ယူသူ များပြားလွန်းသဖြင့် ရေမရှိတော့သည့်အထိ ဖြစ်ပေါ်နေပါတယ်။ အချို့သော ဘုရားဖူးများသည် ရေမရှိတော့သည့်အတွက် ဘုရားပေါ်သည့်နေရာမှ ရွှံ့ခဲများကိုပါ အနာရောဂါပျောက်ကင်းရန်ဟုဆိုကာ ခွာယူကိုးကွယ်သည့်အဆင့်အထိ ဖြစ်လာနေတာပါ။ ● လက်ရှိတွင် သက်ဆိုင်ရာက “သောက်သုံးရန်မဟုတ်” ဟု စာကပ်တားမြစ်ထားသော်လည်း လာရောက်သူများမှာ ဂရုမစိုက်ဘဲ ဆက်လက်ခပ်ယူနေကြသဖြင့် ဘုရားပေါ်သည့်နေရာကို အုတ်တံတိုင်းများဖြင့် ကာရံထားရပါတယ်။ အဆိုပါနေရာတွင် နေ့စဉ်စည်ကားနေပြီး အလှူငွေကောက်ခံခြင်း၊ ဘုရားပုံတော်များ ရောင်းချခြင်းတို့ကို လူတစ်စုက ဦးဆောင်လုပ်ကိုင်နေကြောင်း ကိုယ်တွေ့သွားရောက်သူများ၏ ပြောပြချက်အရ သိရပါတယ်။ ● ထူးခြားချက်အနေဖြင့် ဒေသခံအမျိုးသမီးတစ်ဦးအား နဂါးပူးကပ်သည်ဟုဆိုကာ “ဘုရားတည်ရမည်၊…

  • စက်သုံးဆီ ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်

    စက်သုံးဆီ ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်

    စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်၊ ကဏ္ဍစုံတွင် အကျပ်အတည်းဆိုက်နေ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီ အကျပ်အတည်းနှင့်အတူ မြန်မာနိုင်ငံရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီပြတ်လပ်မှုများ စတင်ဖြစ်ပေါ်နေပြီး ပြင်ပပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉,၀၀၀ ခန့်အထိ ရှိလာကြောင်း သိရသည်။ စက်သုံးဆီဆိုင်အချို့ကို လွန်ခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ ပိတ်ထားရကာ အချို့ဆိုင်များတွင် ဓာတ်ဆီသာရရှိပြီး ဒီဇယ်ပြတ်လပ်နေသဖြင့် ပြင်ပမှ ခိုးယူရောင်းချသည့် ပေါက်ဈေးမှာ တစ်လီတာ လျှင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း တက္ကစီမောင်းသူများ ထံမှသည်။ စစ်ကော်မရှင်သည် စက်သုံးဆီ ချွေတာရေးအတွက် QR Code စနစ်ဖြင့် ကားများ အပြင် လိုင်စင်ရှိ ဆိုင်ကယ်၊…

  • PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား

    PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား

    “PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား” စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးယန္တရားဟာ ဒီဘက်ခေတ်မှာတော့ ဟာသတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် PDF တွေ “အလင်းဝင်” တယ်ဆိုတဲ့ လုပ်ဇာတ်ကို ကပြရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ တပ်ဖွဲ့တံဆိပ် (Badge) တွေကိုတောင် တူအောင် မတုပနိုင်ဘဲ အရောင်လွဲ၊ စာလုံးလွဲတွေနဲ့ ထုတ်ပြနေတာဟာ သူတို့ရဲ့ ညံ့ဖျင်းမှုကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ တောထဲတောင်ထဲမှာ တကယ်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေရဲ့ ဝတ်စုံတွေဟာ ရာသီဥတုနဲ့ ပတ် ဝန်းကျင်ဒဏ်ကြောင့် အရောင်လွင့်တာ၊ နွမ်းဖတ်တာတွေ ရှိစမြဲပါ။ သူတို့ဖော်ပြလာတဲ့ပုံထဲက ခုမှဝယ်လာသလို အသစ်စက်စက် ဝတ်စုံတွေဟာ ဝါဒဖြန့်ဖို့အတွက် စီစဉ်ထားတဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။ ဒီလောက် ဒေါ်လာသန်းပေါင်းများစွာ…

  • မကာအိုမှာ စက်ရုပ်က နှောင့်ယှက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရဲတိုင်၊ စက်ရုပ် ခဏတာ ထိန်းသိမ်းခံရ

    မကာအိုမှာ စက်ရုပ်က နှောင့်ယှက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရဲတိုင်၊ စက်ရုပ် ခဏတာ ထိန်းသိမ်းခံရ

    မကာအိုမှာ အမျိုးသမီး တစ်ဦးက သူ့ကို စက်ရုပ်က နှောင့်ယှက်တယ်လို့ ရဲတိုင်ခဲ့ပြီး ရဲတွေက စက်ရုပ်ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နယ်မြေရဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမျိုးသမီးတစ်ဦးနဲ့ စက်ရုပ်တစ်ရပ်ကြား ပြဿနာ ဖြစ်ခဲ့တဲ့အကြောင်း မတ်လ ၁၈ ရက်နေ့မှာ AFP သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။ ပြီးတော့ အမျိုးသမီးက စက်ရုပ်ကို ရန်တွေ့အော်ဟစ်နေတဲ့ ဗီဒီယိုနဲ့ လူတူစက်ရုပ်ကို ရဲတွေက ခေါ်ဆောင်သွားတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ အမျိုးသမီးက သူဟာ ဖုန်းသုံးနေတဲ့ အချိန်မှာ စက်ရုပ်က အနောက်ဖက်က ချဉ်းကပ်နှောင့်ယှက်တာ ခံခဲ့ရတယ်လို့ ရဲတွေဆီ တိုင်ကြားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ အမျိုးသမီးက ဒေါသတကြီး ရန်တွေ့နေချိန် စက်ရုပ်က သူ့ရဲ့ သတ္တုလက်တွေကို…