Author: Baby Yit Lone

  • ဂျပေါင်ကုကို အချဉ်မမှတ်နဲ့

    ဂျပေါင်ကုကို အချဉ်မမှတ်နဲ့

    အနီတွေတင်မက အစိမ်းတွေကပါ ဘပုကို ပျော့တယ် ညံ့တယ်ဆိုပြီး အထင်မကြီးကြဘူး။ ဒါပေမယ့် သေချာကြည့်တတ်ရင် ဘပုက သူဖြစ်ချင် သူလုပ်ချင်တဲ့ဟာတွေကို တစ်ခုခြင်းမဖြစ်ဖြစ်အောင် မဟာဗျူဟာကျကျလုပ်သွားတာတွေ့ရတယ်။ ကျနော်ထင်တာကတော့ ဘပုက သေချာပေါက် သမ္မတလုပ်လိမ့်မယ်။ နောက်ပြီး အရင်သမ္မတတွေဖြစ်တဲ့ ဘပြောင်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ထက် လုပ်ပိုင်ခွင့်ပါဝါပိုကြီးတဲ့သမ္မတဖြစ်လာလိမ့်မယ်။ အခြားကြောင့်မဟုတ်ဘူး – လွှတ်တော်နဲ့အစိုးရအဖွဲ့ကို ထိန်းကြောင်းမယ့် အတိုင်ပင်ခံကောင်စီအဖွဲ့ ဖန်တီးလိုက်ပြီး အဲဒီအဖွဲ့ဝင်တွေကို သမ္မတက(သူ့စိတ်ကြိုက်)ခန့်အပ်နိုင်မှာရယ် …၊ နောက်လာမယ့်ကာချုပ်သက်တမ်းကို ‌၅ နှစ်ပဲသတ်မှတ်လိုက်တာရယ်ကြောင့်ပဲ။ နောက်ပြီး သမ္မတအဖြစ် အနည်းဆုံး ၂ကြိမ်လုပ်လိမ့်မယ်။ အဲဒီလို ၂ ကြိမ်လုပ်ဖို့ဆိုရင် – လက်ရှိ ကြံ့ဖွံ့ဥက္ကဋ္ဌ က အနှောက်အယှက်လိုဖြစ်လာမှာမို့ လွှတ်တော်သက်တမ်း တစ်နှစ်လောက်ဆိုရင် ဦးခင်ရီကို ဥက္ကဋ္ဌ နေရာကနေ အနုနည်းနဲ့ဖယ်‌ရှားပစ်လောက်တယ်။ 1. ဘပုသမ္မတဖြစ်လာလိမ့်မယ်။…

  • က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲဖို့အတွက် QR ကုတ်စနစ်နဲ့သာ စက်သုံးဆီကို ဝယ်ယူဖို့ ထုတ်ပြန်ပြီးတဲ့နောက် ကားလိုင်စင်သက်သေခံကဒ်ပြား(ဝှီးတက်) မှာ ပါတဲ့ ဘားကုတ်တွေမှာ တချို့ လွဲချော်မှုတွေရှိနေလို့ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ ” QR Code ဖတ်လိုက်တဲ့အခါ တချို့ က က.ည.န မှာ စာရင်းမရှိဆိုတဲ့ဟာတွေရှိတယ်၊ နောက်ဆုံးစီးရီးတွေဆိုရင် software ထဲမှာ မဝင်တာတွေရှိတယ်၊ ဆိုင်ကယ်တွေကလည်း လိုင်စင်မပါတဲ့ဟာတွေများတယ်၊ ဒီတခေါက်က အခုမှ စလုပ်တာဆိုတော့ နား လည်မှုနဲ့ ပြဿနာ မတက်အောင်တော့ လုပ်ပေးရတာပေါ့၊ အဓိက အဲ့လိုရောင်းရမယ်ဆိုရင် ဒါတွေကို Update လုပ်သင့်တာပေါ့၊ ဆိုင်ကယ်တွေဆိုရင် နောက်ဆုံးထွက်တဲ့ နံပါတ်တွေဆိုရင် ဒီထဲ မဝင်သေးဘူး၊ သူတို့က လိုင်စင်လည်းပါနေတော့ သူတို့က ပြဿနာရှာမှာဆိုးတော့ မရောင်းလို့လည်း…

  • ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယနေ့ ည ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်တိုင်တိုင် ကျောက်တော်တံတားဘေးကို ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “တံတားတောင်ထိသွားတယ်လို့ကြားပါတယ်။ မြို့တစ်ဖက်ခြမ်း တံတားထိပ်ပစ်ခဲ့တာပါ။ ဂျက်ကဝဲနေတုန်းပါ” လို့ သူကပြောဆိုပါတယ်။ အခုလို အကြမ်းဖက် စစ်ကော်မရှင်က အများပြည်သူသွားလာနေတဲ့ ကျောက်တော် ဂစ္ဆပနဒီတံတားကို ဉီးတည်ပြီးတိုက်ခိုက်ခဲ့မူကြောင့် တံတားပျက်စီးမူ ရှိနိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။ အထိအခိုက် အပျက်အစီးကို လောလောဆယ် မသိရသေးပါ။ ဆက်လက် စုံစမ်း မေးမြန်းနေတုန်းဖြစ်ပါတယ်။

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။. စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃…

  • ပန်ဆယ်လို ပြောပါပြီ

    ပန်ဆယ်လို ပြောပါပြီ

    ကိုမျိုးရန်နောင်သိန်းကို ကိုယ်အဓိက သဘောမကျတဲ့ကိစ္စက တစ်ခုခုဆို အပြင်မှာ ပြောလို့ရလျက်နဲ့၊ အပြင်မှာ စကားတွေလည်း ပြောနေလျက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်ကို တက်တက်ရေးတဲ့ကိစ္စနဲ့ ပွဲဆို ကိုယ့်ကို အတင်းဆွဲဆွဲထည့်တဲ့ကိစ္စပဲ။ အမြင်တွေ အယူအဆတွေ ကွဲလွဲတာက ကိစ္စမရှိဘူး။ ပြသနာလို့လည်း သဘောမထားဘူး။ ကိုယ်ကလည်း သူများကို ဘယ်လိုမြင်ပါလို့ လိုက်ပြုပြင်နေမှာ မဟုတ်သလို ကိုယ့်ကို ဘယ်လိုမြင်ပါ ဘယ်လိုရေးပါလို့ Influence လာလုပ်ရင် ဘယ်သူ့ကိုမှ လက်မခံဘူး။ မကြည်ပြာကိစ္စမှာ ကိုယ်က တစ်စွန်းတစ်စ ဝင်ပါခဲ့တဲ့သူ မဟုတ်ဘူး။ ဝင်မပါလို့တောင် မပါရကောင်းလားဆိုပြီး တိုက်ခိုက်ခံရတာ။ ကိုယ်သိတဲ့လူတွေ အချင်းချင်း အရမ်းကွဲလွဲ ရန်တွေဖြစ်နေကြတာမို့ ဖြူသည်မဲသည် တစ်ခွန်းမှ ဝင်မပြောခဲ့တာ အခုထိပဲ။ သတင်းစာရှင်းလင်းပွဲအပြီး ဆရာကြီးဒေါက်တာဇော်ဝေစိုးကို ဆဲဆိုတိုက်ခိုက်ကြတဲ့ကိစ္စအပေါ်မှာ ရေးဖြစ်ခဲ့တာပဲရှိတယ်။ မကြည်ပြာ နှုတ်ထွက်သွားတဲ့အခါ…