Author: Baby Yit Lone
-

မုံရွာ၊ တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူ
သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွား စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်မတောကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းတွင် မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်…
-

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်
မြန်မာစစ်တပ်ကို တရားစွဲတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက် အာဆီယံအဖွဲ့ဝင် တီမောနိုင်ငံတွင် မြန်မာစစ်တပ်ကို တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတက တွေ့ဆုံမှုမှာ အာဆီယံပဋိညာဉ်ပါ အခြေခံမူဖြစ်သည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို အကြိမ်ကြိမ် ကတိချိုးဖောက်မှုဖြစ်ကြောင်း စစ်ကော်မရှင်က ပြင်းပြင်းထန်ထန်ထပ်မံ ကန့်ကွက်တုံ့ပြန်သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီမောလက်စ်တေသမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာက ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)ကို လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရသည်ဟု စစ်တပ်က ထုတ်ပြန်သည်။ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်…
-

အမွှာ ညီအစ်ကို ၂ ယောက်ကို ယူထားတဲ့ မိန်းကလေး ..
အမွှာ ညီအစ်ကို ၂ ယောက်ကို ယူထားတဲ့ မိန်းကလေး .. အစတုန်းက သူတို့၂ယောက်နဲ့မိတ်ဆွေသူငယ်ချင်း တွေအဖြစ်နဲ့ စကားပြောခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်က တပြိုင်နက် ချစ်ကြိုက်ခဲ့ကြတဲ့ အတွက် လင်-ကြီး လင်-ငယ်ဆိုတဲ့သဘောမျိုးနဲ့ ပြန်ချစ်ကြိုက်ခဲ့တာမဟုတ်ဘူး။ နှစ်ယောက်လုံးကို တပြိုင်နက် ချစ်ကြိုက်ခဲ့တာ။ 😱 ထိုင်းနိုင်ငံက အသက်၂၄ နှစ်အရွယ် အမျိုးသမီးက အမွှာညီအစ်ကို ၂ ယောက်နဲ့ တအိမ်ထဲမှာ အတူ ပေါင်းသင်းနေထိုင်နေတာဖြစ်ပါတယ်။ သူမ ယောက်ျား၂ယောက်ယူထားတာဟာ AIမဟုတ်သလို Celeဖြစ်ချင်လို့ ယူထားတာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ သူယူထားတဲ့ယောက်ျားနှစ်ယောက်ထဲက တစ်ယောက်ယောက်က နောက်မိန်းမယူဖို့ ခွင့်တောင်းလာခဲ့မယ်ဆိုရင် လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သူမက သူ့ရဲ့ သဘောထားကို ထုတ်ဖော်ခဲ့ပါတယ်။
-

၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်
စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက် ရခိုင်ယတြာခေါင်းလောင်း၊ တပ်နှင့် အစိုးရ အပြောင်းအလဲယတြာကိစ္စများ ပါဝင်နိုင်ဟု သုံးသပ် အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်က ရုတ်တရက်သွားရောက်ခဲ့ပြီး ယင်းသွားရောက်မှုတွင် ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ တပ်နှင့် အစိုးရအ ပြောင်းအလဲလုပ်ရန်အတွက် ယတြာကိစ္စများ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်သွားရောက်ခဲ့ကြောင်း၊ သွားရောက်ရာတွင် ၀စီပိတ် ဘုန်းကြီး ဟု အများခေါ်ကြသည့် ကောဝိဒထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားရောက်ခဲ့ပြီး ဘုန်းကြီးနှင့် မင်းအောင်လှိုင်အကြား ၂ နာရီအကြာ…
-

The Secret Agent
The Secret Agent (2025) အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် ရွှေကမ္ဘာလုံးဆုရထားတဲ့ကား လာပါပြီ။ နာမည်ကျော် ဒါရိုက်တာ ဒါရိုက်တာ Kleber Mendonça Filho ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက ၁၉၇၇ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံရဲ့ ၂၁ နှစ်ကြာ စစ်အာဏာရှင်စနစ် သက်တမ်းတစ်ဝက်လောက်မှာ အခြေခံထားပါတယ်။ ဘရာဇီး စစ်အာဏာရှင်ခေတ် (1964–1985)ရဲ့ အလယ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လိုက် Marcelo (Wagner Moura) က Volkswagen ကားလေးကို စီးပြီး Recife မြို့ကို ရောက်လာတယ်။ သူ ဘာလို့ လာတာလဲ ဘယ်သူမှ မသိဘူး။ ဇာတ်လမ်းကလည်း ချက်ချင်း အဖြေမပေးပါဘူး။ ဒီမြို့မှာ လူတွေက စကားကို တည့်တည့်မပြောကြဘူး။ တစ်ယောက်ယောက်က ချောင်းနားထောင်နေမှာကို ကြောက်နေကြရတာကိုး။…