Author: Baby Yit Lone

  • အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ

    ဧရာဝတီတိုက်ပွဲမှာ အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိအချို့ ထိခိုက်သေဆုံးခဲ့ပြီး ဆေးကုသနေသူတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ် စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်။ သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေနဲ့ အာရက္ခတပ်တော်(AA)ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ “တိုက်ပွဲကဆက်တိုက်ပြင်းထန်နေတာဖြစ်ပြီး စစ်တပ်ဘက်မှာ အထိအခိုက်တော်တော်များတယ်။ ပုသိမ်မှာဆေးကုနေရတဲ့သူတွေရှိသလို မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ပြီးကုရတာတွေလည်းများတယ်။ အရာရှိတွေပါထိတော့မိသားစုဝင်တွေလည်းအလုပ်ပျက်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေက စိတ်ဓာတ်တွေကျနေပြီ။ရှေ့တန်းကတိုက်ပွဲကလည်း သတင်းကောင်းမရှိဘူး။လက်နက်တွေဆုံးတာလည်းရှိတော့ အရေးယူခံရသေးတယ်”လို့ သာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ အခုရက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်း စစ်တပ်ကဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂ ရက် မှာတော့ ပုသိမ်မြို့က ရွှေမြင်တင်သုဿန်မှာလုံခြုံရေးအများအပြားချပြီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းမှာတိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ အာဏာသိမ်းဒုခေါင်ဆောင်ကိုယ်တိုင် ပုသိမ်မြို့ကိုရောက်ရှိလာပြီး စစ်‌ကောင်စီတပ်ဖွဲ့တင်တွေ၊ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ တိုက်ပွဲတွေမှာထွက်မပြေးဖို့ စည်းရုံးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကလည်း စစ်ခေါင်းဆောင်ကိုယ်တိုင်း ဧရာဝတီတိုင်းကို ရောက်လာပြီး စည်းရုံးရေးဆင်းသွားပါသေးတယ်။ လတ်တလောမှာ…

  • No Tears in Hell

    No Tears in Hell

    No Tears in Hell (2025) ကြမ်းပေ့ရမ်းပေ့ဆိုမှ ကြိုက်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝကို ရက်စက်လွန်းပြီး အသည်းမခိုင်ရင်တော့ ကျော်သွားလိုရပါပြီ။ တစ်ကားလုံး သွေးသံရဲရဲနဲ့ ကြောက်ဖိုကောင်းလွန်းပြီး လက်တွေ့ဘဝမှာရော ဖြစ်နိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်ချင်နေကြပါလိမ့်မယ်။ တချို့ တချို့ နိုင်ငံတွေမှာ ဒါမျိုးတွေ အမှုတွေ ဖြစ်နေပြီး ဟိုအရင်ကတည်းက Psychopath တွေရှိခဲ့တာပါ။ အရမ်းကို ဆိုးဝါးလွန်းလို အမှုတွေကို အပြင်မထုတ်တာပဲ ရှိပါတယ်။ Dark Web တွေမှာ ဒါမျိုးတွေ မတွေ့ချင်မှအဆုံးရှိပြီး ဒီဇာတ်လမ်းကတော့ တော်ရုံအသည်းမာပုံနဲ့ မကြည့်သင့်ပါဘူး။ R-rated ကိုမှ အကြမ်းစားဖြစ်ပြီး အကျင့်မရှိတဲ့သူဆိုရင် လန့်ဖျားပါ ဖျားသွားလောက်ပါတယ်။ ဇာတ်လမ်းအကျဉ်း စိတ္တဇကောင်လေး အသက် ၂၀ ကျော် အဲလက်စ်… သူစိတ္တဇဖြစ်တာက…

  • Mrs. Christmas

    Mrs. Christmas

    Mrs. Christmas (2025) Natale Senza Babbo (2025) ဆိုတဲ့ ဇာတ်ကားလေးကတော့ Comedy, Family, Fantasy အမျိုးအစားဖြစ်ပြီး ခရစ်စမတ်နဲ့မိသားစုအကြောင်း ဇာတ်လမ်းလေးတစ်မျိုးနဲ့ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် ။ ဒီကားက ဆန်တာကလော့စ်ဆိုတာဟာ အမြဲတမ်းပျော်ရွှင်ပြီးတာဝန်ထမ်းဆောင်ရမယ့်သူတစ်ယောက်ပဲလို့ တွေးနေကြသူတွေအတွက် တစ်မျိုးဆန်းသစ်ထားတဲ့ကားလေးမလို့ စိတ်ကူးယဥ်ရတာလေးသဘောကျတဲ့သူတွေတော့ကြည့်လိုက်ကြပါဗျာ။ ဇာတ်လမ်းအကျဥ်း နီကိုလပ်စ်လို့ခေါ်တဲ့ သူဟာ စိတ်တူကိုယ်တိုမိန်းမရယ် ကလေး ၂ ယောက်နဲ့ ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ ဆန်တာကလော့စ်မျိုးဆက်ရဲ့ ၁၆ ဆက်မြောက်အဖြစ်ရွေးချယ်ခံလိုက်ရပြီးနောက် မှော်ကမ္ဘာရဲ့စည်းမျဥ်းအရ ဆန်တာကလော့စ်ဟာ မိန်းမယူလို့မရတာမလို့ သူတို့မိသားစုလေးဟာ သာမန်ဘဝနဲ့မနေရတော့ဘဲသိုသိုသိပ်သိပ်နေခဲ့ရပြီး သူ့မိန်းမကလည်း ဆန်တာကလော့စ်ရဲ့ အကြီးအကဲအထောက်အကူအဖြစ် နေရာယူလိုက်ရပါတော့တယ်။ ဒီလိုနဲ့နီကိုလပ်စ်ဟာ သူ့အခုဘဝအခြေအနေကိုမေးခွန်းပြန်ထုတ်လာပြီး အရင်ကမိသားစုဘဝကိုလွမ်းလာတာမလို့ ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေဖို့အတွက် အပန်းဖြေခရီးထွက်သွားပါတော့တယ်။ သူထွက်သွားတဲ့အချိန်က ခရစ္စမတ်နဲ့ တော်တော်လေးနီးကပ်နေတဲ့အချိန်ဖြစ်တာမလို့…

  • ရန်ကုန်၊ စလင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် လူငယ် ၅၀ နီးပါး စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်၊ စလင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် လူငယ် ၅၀ နီးပါး စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၄၃နှစ်အရွယ် ကလေးဖခင်တစ်ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော သားသမီး ၂ ဦး၏ ဖခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားသည် ညစာစားရန် အပြင်သို့ သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ မိသားစုကလည်း လူပျောက်ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း၊ ၎င်း၏ အသက်အရွယ်မှာ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြားဖြစ်သော အသက် ၁၈ နှစ်မှ အသက် ၃၅…

  • စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    ပေါက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ အတွင်း ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်၏ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းသည် ပေါက်မြို့နယ်၊ အနောက်တောင်ဘက်ရှိ တယ်ပင်ရွာနှင့် မကျီးကုန်းရွာကို ဝင်ရောက် စီးနင်းစဉ် တယ်ပင်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဖြိုးဝေဇော် ၊ အသက် ၂၀နှစ်အရွယ် ခိုင်လင်းအောင် ၊ အသက် ၁၈နှစ်အရွယ် မင်းခန့်ဇော်…