Author: Baby Yit Lone

  • ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ်

    ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ်

    ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ် စစ်တပ် အာဏာသိမ်းရာတွင် အရေးပေါ်အခြေအနေ ကြေညာနိုင်ရေး လုပ်ဆောင်ပေးခဲ့သည့် ကွယ်လွန်သူ ယာယီသမ္မတ ဦးမြင့်ဆွေပိုင် မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားသဖြင့် လာရောက်ဖြေရှင်းရန် ဦးမြင့်ဆွေဇနီးဖြစ်သူ ဒေါ်ခင်သက်ဌေးက အများသိစေရန်ကြေညာချက်တစောင် ယနေ့ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြသည်။ ယာယီသမ္မတ ဦးမြင့်ဆွေပိုင် မြေကွက်မှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ် ၃၁၊ ဧရိယာ ၀ ဒသမ ၁၁၀၂ အကျယ်ရှိ မြေကွက်ဖြစ်ပြီး သမီး ခင်သက်ထားဆွေ၏ ယောကျ်ား တာယာမြင့်ဆွေက ရောင်းစားခဲ့ခြင်းဟု သိရသည်။ ယင်းမြေကွက်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ အမည်ပေါက်ပိုင်ဆိုင်ပြီး တဦးတယောက်ကိုမျှ အမွေစားအမွေခံ ပေးကမ်းခြင်း၊ လွှဲပြောင်းပေးခြင်း မရှိဘဲ ဂရန်သက်တမ်းကုန်ဆုံးမှုကို သက်တမ်းတိုးဆောင်ရွက်နိုင်ရန်အတွက် ဦးတာယာမြင့်ဆွေကို…

  • Pet Slv Story of K

    Pet Slv Story of K

    ကေသဉ္ဇာနွယ်ကို ယွန်းသိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သိခဲ့သည်ဆိုတာထက် ကေသဉ္ဇာနွယ်နှင့် သူငယ်ချင်းဖြစ်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ တခြားကျောင်းသူများကဲ့သို့ သူငယ်ချင်းသိပ်မများတတ်သော သူမအဖို့ ကေသဉ္ဇာနွယ်မှာ သူမ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။ သူမနှင့် ကေသဉ္ဇာနွယ် မိတ်ဆွေဖြစ်ခဲ့ကြသည်မှာ အထက်တန်းကျောင်းသူ ဘဝကတည်းကဖြစ်သည်။ သူမ (၆) တန်းနှစ်တွင် ကျောင်းအုပ်ကြီး အပြောင်းအလဲကြောင့် အခန်းသတ်မှတ်မှု အပြောင်းအလဲများဖြစ်ခဲ့သည်။ အရင် ကျောင်းအုပ်ကြီးလက်ထက်ကကဲ့သို့ မိမိနေချင်သော အခန်းတွင် နေခွင့်မရှိတော့ပဲ အဆင့်သတ်မှတ်ချက်အရ အတန်းခွဲများ သတ်မှတ်လိုက်သောကြောင့် လူကုံထံ သူဌေးသား၊ သူဌေးသမီးများသာ တက်ခွင့်ရသော အတန်းခွဲ (က) သို့ ယွန်း ပြောင်းခဲ့ရသည်။ ယွန်း ထိုအခန်းသို့ရောက်သောအခါ မည်သည့်ကျောင်းသူမှ ယွန်းနှင့် အတူမထိုင်လိုကြ။ ကျိကျိတက်ချမ်းသာကြသော လူကုံထံများအဖို့ ယွန်းနှင့် အတူ ထိုင်ရသည်မှာ နိမ့်ကျသည်ဟု တွေးထားပုံရကြသည်။…

  • ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုး

    ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုး

    ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုးတစ်အိုး တူးဖော်တွေ့ရှိ မန္တလေးမြို့၊မန္တလေးတောင်ခြေအနီးရှိ ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁၀) ကျော်က အရိုးအိုးတစ်အိုးကို နိုဝင်ဘာလ (၃၀)ရက်ညနေပိုင်းက တူးဖော်တွေ့ရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အရိုးစများပါသည့် ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံ သဏ္ဌာန် အဖုံးအပိတ်ပါအိုးတစ်လုံးဖြစ်ပြီးအောက်တွက် ဖန်ကလပ်ပါရှိကာ အထဲ၌ အရိုးအပိုင်းအစငယ်များနှင့် အံသွားတစ်ချောင်းပါရှိကာအရိုးအိုးကို ဘုရားဂေါပကအဖွဲ့မှ ကုသိုလ်တော်ဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေစဥ် တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ အရိုးအိုးထဲပါရှိသည့် အရိုးများကို DNAစစ်ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနကို ပေးပို့ထားပြီး ဖြစ် ကြောင်း သိရသည်။ တွေ့ရှိခဲ့သည့် အရိုးအိုးတွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း(၂)ရက်ဟု ကမ္ဗည်းထိုးထားသဖြင့် အရိုးအိုးသက်တမ်းသည် နှစ်ပေါင်း(၁၁၂)နှစ်ရှိပြီဖြစ်ကာ သီပေါမင်းပါတော်မူပြီး နှစ်ပေါင်း(၂၈)နှစ်ကြာက အရိုးအိုးဖြစ်ကြောင်း သိရသည်။ ကုသိုလ်တော်ဘုရား၌တွေ့ရှိသည့်အရိုးအိုးကို စစ်ဆေးနေ မန္တလေးမြို့၊…

  • မွန်ဂိုးလီးယား၌ နေ ၃ လုံးထွက်သကဲ့သို့ မြင်တွေ့ရ

    မွန်ဂိုးလီးယား၌ နေ ၃ လုံးထွက်သကဲ့သို့ မြင်တွေ့ရ

    “sun dogs” လို့ နိုင်ငံတကာမှာ လူသိများပြီး ရှားပါးတဲ့ လေထုမြင်ကွင်းဆိုင်ရာ ဖြစ်စဉ်တရပ်ကို ဒီဇင်ဘာ ၁ ရက်က တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကောင်းကင်ယံမှာ မြင်တွေ့ခဲ့ရပါတယ်။ ကောင်းကင်မှာ ကြီးမားတဲ့ ရောင်လျှံစက်ဝန်းပါတဲ့ နေ ၃ စင်းအဖြစ် မြင်ရတဲ့မြင်ကွင်းဟာ ကောင်းကင်ကို အလွန်သိမ်မွေ့နူးညံ့တဲ့ အလှတရားရဲ့ ပန်းချီကားတချပ်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ “sun dogs” ဖြစ်စဉ်ဟာ မြင့်မားတဲ့ ကမ္ဘာ့လေထုထဲမှာ နေရောင်ခြည်က ပုံမှန် ဆဋ္ဌဂံပုံ ရေခဲပုံဆောင်ခဲတွေကို ရိုက်ခတ်အပြီး အလင်းယိုင်လို့ ဖြစ်လာတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လေထုဖိအားတည်ငြိမ်ပြီး အေးတဲ့ရာသီဥတုကာလအတွင်း လေထုထဲမှာ လုံလောက်တဲ့ စိုထိုင်းဆနဲ့ မိုးတိမ်တွေ အများကြီး ရှိနေချိန်မှာသာ ဒီဖြစ်စဉ် ပေါ်ပေါက်တာပါ။ အတွင်းမွန်ဂိုးလီးယားပြည်နယ်က အာဂန်မြို့ဟာ လတ္တီတွဒ်မြင့်မားတဲ့ဒေသမှာ…

  • ONE SHOT with Ed Sheeran

    ONE SHOT with Ed Sheeran

    ONE SHOT with Ed Sheeran (2025) သီချင်းဖန်တီးတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ singer/ songwriter Ed Sheeran တစ်ယောက် နယူးယောက်ခ်မြို့ရဲ့လမ်းမတွေမှာ တစ်နေရာပြီးတစ်နေရာ လှည့်ပတ်ဖျော်ဖြေရင်း ပရိတ်သတ်တွေနှင့် နွေးနွေးထွေးထွေးနှုတ်ဆက်လိုက်၊ သီချင်းလေးဆိုလိုက်နှင့် ရင်ထဲကြည်နူးသွားစေမဲ့ vlog တစ်ခုလိုဖန်တီးထားတဲ့ ပေါ့ပေါ့ပါးပါး video clip လေးပါ။ Ed Sheeran ရဲ့ သီချင်းတွေတစ်ပုံကြီးကို live performance ကြည့်နေရသလို ခံစားရမှာဖြစ်ပြီး သူ့ရဲ့ စင်နောက်ကွယ်က ဘဝနှင့် ပရိတ်သတ်တွေအပေါ် ဟန်ဆောင်မှုမရှိ၊ နွေးထွေးတတ်တာလေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။