Author: Baby Yit Lone
-

အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု
မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြုကြောင်း ပြည်ပသို့ ပဲတင်ပို့နေသော ကုန်သည်ကြီးတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ပြုလုပ်သော ပွဲလမ်းသဘင်များ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်မှ ပြန်လာသော ကြိုဆိုပွဲများသို့ တက်ရောက်သော ရုရှင်မင်းသမီး စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်တချို့ကို စစ်တပ်က ပဲတင်ပို့ခွင့်ပြုသည့် ပါမစ်များ ချထားပေးကြောင်း၊ အဆိုပါ အနုပညာရှင်တချို့က ၎င်းတို့ ရရှိသော ပဲတင်ပို့ခွင့် ပါမစ်များကို ပြည်ပသို့ ပဲတင်ပို့မည့် ကုန်သည်များထံသို့ ပြန်လည် ရောင်းချခြင်းဖြင့် ငွေသားများ ရရှိကြကြောင်း သိရှိရသည်။ “စိုးမြတ်သူဇာဆိုရင်လည်း ပဲတင်ပို့ခွင့်ပါမစ် တန်ချိန် ထောင်ဂဏန်းရတယ်။…
-

ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား
ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် နားလည်မှုရယူကာ မဲဆွယ်စည်းရုံးမှု ပုံစံမျိုး လုပ်ဆောင်ခဲ့သည်ဟု Eleven Media Group ၏ သတင်းထောက်ချုပ်ဟောင်းနှင့် စစ်တပ်လော်ဘီ တစ်ဦးဖြစ်သည့် ဖြိုးဝေဝင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စွပ်စွဲရေးသားထားသည်။ Ko Ko Phyoe Wei ဆိုသည့် အကောင့်ကို သုံးစွဲနေသည့် အဆိုပါ သတင်းထောက်ချုပ်ဟောင်း၏ ရေးသားချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲကာလ၌ ဘဏ်ဥက္ကဋ္ဌတစ်ဦးထံမှ မွေးနေ့လက်ဆောင်အဖြစ် တိုင်းဒေသကြီးတစ်ခုရှိ တောင်သူလယ်သမားများ၏ ကြွေးမြီများကို လျော်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းတောင်းဆိုမှုကြောင့် ဘဏ်လုပ်ငန်းရှင်က တောင်သူများ၏ အကြွေးများကို…
-

အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ
ဘင်္ဂလားဒေ့ရှ်ရှိ မဟာဗျူဟာ အရ အရေးပါသော စစ်တကောင်း ဒေသအတွင်း အမေရိကန် တို့၏ စစ်ရေး လှုပ်ရှားမှု များ တွေ့လာရ၍ အဆိုပါအရေးသည် ဘင်္ဂလားဒေ့ရှ် ကိုသာမက ပတ်ဝန်းကျင် နိုင်ငံများကိုပါ သက်ရောက်မှု များ ရှိလာနိုင်၍ စိုးရိမ်မကင်း ဖြစ်လာနေသည်ဟု အိန္ဓိယ နိုင်ငံထုတ် The Economic Times သတင်းစာတွင် သတင်းအဖြစ် ဖေါ်ပြလာခဲ့သည်။ အမေရိကန် လေတပ်၏ ခေတ်မီ နည်းဗျူဟာ မြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး ဖြစ်သော C-130J ဆူပါ ဟာကြူလီ သည် ဂျပန်ရှိ ယိုကိုတာ လေတပ် အခြေစိုက်စခန်း မှ နေ၍ စစ်တကောင်းရှိ ရှား အာမာနတ် နိုင်ငံတကာ လေဆိပ်သို့ ဆင်းသက်လာခဲ့သည်၊ ယင်းအား…
-

ကိုရွှေဘ၏ စွန့်စားခန်းများ (အပိုင်း ၁)
️အပိုင်း (၁)️ ကိုရွှေဘနှင့် ဥစ္စာစောင့်မလေး နှင်းတွေက တဖြောက်ဖြောက်နဲ့ မီးကင်းတဲခေါင်မိုးပေါ်ကျသံ ကြားနေရပြီ။ ဒီနှစ်ဆောင်းက တော်တော်လေး အေးတာကိုးဗျ။ ကင်းတဲဘေးက ကြက်ခွပ်ပင်ကြီးအောက်မှာ ထင်းတုံးကြီးကြီးကို မီးဖိုထားပြီး မီးဖိုဘေးပတ်ပတ်လည်မှာ ကျနော်တို့ရပ်ကွက်ထဲက လူငယ်တွေ ဝိုင်းပတ်ထိုင်ရင်း စကားပြောနေကြတာပေါ့။ သာရေးနာရေးမှာသုံးတဲ့ ကြွေရည်သုတ် မတ်ခွက်ကိုယ်စီနဲ့ ရေနွေးကြမ်းခါးခါးပူပူကို သောက်ရင်း စကားဝိုင်းကောင်းနေကြတာ ညဉ့်တောင် တော်တော်နက်စပြုလာပြီ။ စောစောပိုင်းက ဂျပန်ခေတ်အတွေ့အကြုံတွေ ပြောပြနေတဲ့ လူကြီးတွေတောင် ပြန်အိပ်ကုန်ပြီ။ ကျနော်တို့ ချာတိတ်တွေရယ်၊ လူလတ်ပိုင်းတချို့ရယ်ပဲ ကျန်ခဲ့ပြီး စကားဝိုင်းဆက်နေကြတာပေါ့လေ။ ရောက်တတ်ရာရာတွေပြောရင်း တစ္ဆေ၊ သရဲ အတွေ့အကြုံတွေ ဘယ်ကဘယ်လို ရောက်သွားမှန်းမသိပါဘူး။ တစ်ယောက်ပြီးတစ်ယောက် သူ့ထက်ငါ အတွေ့အကြုံတွေ ဖလှယ်နေကြတာ ဇာတ်လမ်းတွေက စုံလာရောဗျ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော စုံလာတော့ ဘယ်သူမှ အပေါ့အပါးသွားချင်တာတောင်…
-

ကိုရွှေဘ၏ စွန့်စားခန်းများ (အပိုင်း ၂ ဇာတ်သိမ်း)
ဒီနေ့ ရပ်ကွက်ထိပ်က မီးကင်းတဲမှာ လူတော်တော် စည်ကားနေကြတယ်ဗျ။ နှင်းကျသံ တဖျောက်ဖျောက်ကြားထဲမှာ လူငယ်တွေ တရုန်းရုန်းပဲ။ ထုံးစံအတိုင်း ဖိုထားတဲ့ မီးဖိုကြီးကို ဝိုင်းထိုင်လို့ ပါးစပ်တပြင်ပြင် လုပ်နေကြတယ်။ ၃ ချောင်းထောက်နှစ်ခုကို တန်းထိုးပြီးတော့ မီးဖိုပေါ်မှာ အလှူတွေမှာ ဟင်းရည်လိုက်တဲ့ ချိုင့်အကြီးကြီးနှစ်လုံးကို တင်ထားတယ်။ ချိုင့်အကြီးကြီးတွေထဲမှာ ကျနော်တို့လူငယ်တွေ ကြိုက်တတ်တဲ့ အထူးဟင်းပေါင်းဗျ။ အရပ်ဒေသအလိုက်ရှိကြတဲ့ ရိုးရာအစားအစာပေါ့ဗျာ။ ဒီလိုဗျ.. ဒီနေ့ ရပ်ကွက်ထဲမှာ မင်္ဂလာဆောင်တစ်ခုရှိတယ်။ အဲ့ဒီခေတ်က ဗမာပြည်ကြီး ချမ်းသာနေသေးတဲ့ခေတ်ဆိုတော့ မင်္ဂလာဆောင်ဆိုတာ အလျှံပယ်ကျွေးတာကိုး။ ထမင်းနဲ့ဟင်း အဝ၊ တစ်မြို့လုံး မီးခိုးတိတ်လေဗျ။ ဝက်ကို ၁၀ ကောင်၊ ကြက်အကောင် ၈၀၀၊ အဲ့လိုတွေကိုး။ ဟင်းတွေကလည်း ၈ ယောက်ထိုင်စားပွဲမှာ ထမင်းပန်းကန်ချစရာ နေရာမရှိအောင် စုံလင်နေတာပဲ။ ထားပါတော့ဗျာ..…