Author: Baby Yit Lone
-

၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်
စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက် ရခိုင်ယတြာခေါင်းလောင်း၊ တပ်နှင့် အစိုးရ အပြောင်းအလဲယတြာကိစ္စများ ပါဝင်နိုင်ဟု သုံးသပ် အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်က ရုတ်တရက်သွားရောက်ခဲ့ပြီး ယင်းသွားရောက်မှုတွင် ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ တပ်နှင့် အစိုးရအ ပြောင်းအလဲလုပ်ရန်အတွက် ယတြာကိစ္စများ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်သွားရောက်ခဲ့ကြောင်း၊ သွားရောက်ရာတွင် ၀စီပိတ် ဘုန်းကြီး ဟု အများခေါ်ကြသည့် ကောဝိဒထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားရောက်ခဲ့ပြီး ဘုန်းကြီးနှင့် မင်းအောင်လှိုင်အကြား ၂ နာရီအကြာ…
-

The Secret Agent
The Secret Agent (2025) အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် ရွှေကမ္ဘာလုံးဆုရထားတဲ့ကား လာပါပြီ။ နာမည်ကျော် ဒါရိုက်တာ ဒါရိုက်တာ Kleber Mendonça Filho ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက ၁၉၇၇ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံရဲ့ ၂၁ နှစ်ကြာ စစ်အာဏာရှင်စနစ် သက်တမ်းတစ်ဝက်လောက်မှာ အခြေခံထားပါတယ်။ ဘရာဇီး စစ်အာဏာရှင်ခေတ် (1964–1985)ရဲ့ အလယ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လိုက် Marcelo (Wagner Moura) က Volkswagen ကားလေးကို စီးပြီး Recife မြို့ကို ရောက်လာတယ်။ သူ ဘာလို့ လာတာလဲ ဘယ်သူမှ မသိဘူး။ ဇာတ်လမ်းကလည်း ချက်ချင်း အဖြေမပေးပါဘူး။ ဒီမြို့မှာ လူတွေက စကားကို တည့်တည့်မပြောကြဘူး။ တစ်ယောက်ယောက်က ချောင်းနားထောင်နေမှာကို ကြောက်နေကြရတာကိုး။…
-

Rebuilding
Rebuilding (2025) ၂၀၂၅ မှာ ထွက်ရှိထားတဲ့ “Rebuilding” ရုပ်ရှင်ဟာ စိတ်နှလုံးကို နွေးထွေးစေပြီး ဘဝကို အသစ်ကပြန်စဖို့ ကြိုးစားရပုံကို ရိုက်ပြထားတဲ့ Drama ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းက Colorado ပြည်နယ်က Dusty ဆိုတဲ့ နွားကျောင်းသား (Cowboy) တစ်ယောက်အကြောင်းပါ။ တစ်နေ့တော့ တောမီးအကြီးအကျယ်လောင်ပြီး သူတို့မိသားစု မျိုးဆက် ၄ ဆက်စာ ထိန်းသိမ်းလာခဲ့တဲ့ ခြံကြီးတစ်ခုလုံး ပြာကျသွားခဲ့တယ်။ အိမ်တင်မကဘူး၊ သူ့ရဲ့ နွားတွေ၊ တင်းကုပ်တွေနဲ့ ဘဝတစ်ခုလုံး ဆုံးရှုံးသွားတာပေါ့။ အဲဒီနောက်မှာတော့ သူဟာ အစိုးရကစီစဉ်ပေးတဲ့ ဒုက္ခသည်စခန်းလေးထဲမှာ သွားနေရတယ်။ အရာအားလုံး ဆုံးရှုံးသွားတဲ့ Dusty ဟာ စိတ်ဓာတ်တွေကျပြီး လူတွေနဲ့လည်း သိပ်မဆက်ဆံတော့ဘဲ တစ်ယောက်တည်း အထီးကျန်ဖြစ်နေခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီစခန်းလေးမှာ သူနဲ့ဘဝတူ…
-

Ordinary People (or) The Villagers
Ordinary People (2018) မင်းသမီးချောလေး Kim Sae-ron နဲ့ ဗလတောင့်တောင့်နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ ဇာတ်ကောင်တွေမှာ ပါဝင်လေ့ရှိတဲ့ မင်းသားကြီး Ma Dong-seok တို့ရဲ့ ၂၀၁၈ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်း လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ ရော့ဂီချော (Ma Dong-seok) ဟာ မဟုတ်မခံ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ကြောင့် နည်းပြအဖြစ် လုပ်ကိုင်နေရာကနေ ပြဿနာတွေတက်ပြီး နယ်မြို့လေးဘက်ကို အားကစားဆရာအဖြစ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ပါတယ်။ သူလုပ်ကိုင်ဖို့ ဖြစ်လာတဲ့ ကျောင်းမှာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားတဲ့ ဆူယွန်းဆိုတဲ့ ကျောင်းသူလေးတစ်ဦးရှိနေပါတယ်။ အဲဒီကျောင်းသူလေးကို လိုက်ရှာဖို့ အသည်းအသန် ကြိုးစားနေတဲ့ ဂန်ယူဂျင်း (Kim Sae-ron) နဲ့ တွေ့ရှိပြီး နှစ်ယောက်သား ဆူယွန်းကို အတူရှာရာကနေ နောက်ကွယ်မှာ…
-

Crazy Old Lady
Crazy Old Lady (2025) ၂၀၂၅ မှာ ထွက်ရှိထားတဲ့ Vieja Loca (အင်္ဂလိပ်လို Crazy Old Lady) ရုပ်ရှင်ဟာ Horror နဲ့ Psychological Thriller ကြိုက်တဲ့သူတွေအတွက် တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Pedro ဆိုတဲ့ အမျိုးသားတစ်ယောက်ဆီကနေ စတာပါ။ တစ်နေ့မှာ သူ့ရဲ့ရည်းစားဟောင်းဆီကနေ အကူအညီတောင်းတဲ့ ဖုန်းတစ်ခုရလာတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့အမေ Alicia ဟာ အသက်ကြီးပြီး သတိမေ့တတ်တာကြောင့် တစ်ယောက်တည်း ထားလို့မရလို့၊ ခဏလောက် သွားကြည့်ပေးပါဆိုပြီး အကူအညီတောင်းတာပါ။ Pedro လည်း လူနာသွားကြည့်သလိုပဲ ခဏဆိုပြီး သွားလိုက်တာပေါ့။ ဒါပေမဲ့ အဲဒီ အိမ်ကြီးထဲကို သူရောက်သွားတဲ့အချိန်ကစပြီး သူ့ဘဝရဲ့ ငရဲခန်းက စတော့တာပါပဲ။ Alicia…