Author: Baby Yit Lone
-

IMEI နံပါတ်ကနေတဆင့် တော်လှန်ရေးရဲဘော်များကို စစ်တပ်ကခြေရာခံ ဖမ်းဆီးနေ
အာဏာသိမ်းစစ်တပ်က ဖုန်းအတုများ ကာကွယ်ရန်နဲ့ ဖုန်းပျောက်ဆုံး/ခိုးခံရပါက အသုံးမပြုနိုင်ရန်ဆိုတဲ့ အကြောင်းပြချက်ဖြင့် မိုဘိုင်းဖုန်းများရဲ့ IMEI နံပါတ်များကို မှတ်ပုံတင်ရန် ဒီကနေ့ ထုတ်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာလာပါတယ်။ AAMIJ ရဲ့ စုံစမ်းသိရှိထားတဲ့ အချက်အလတ်များအရ ၎င်းတို့ဟာ ဖုန်းလုံခြုံရေးအတွက် မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများကို စနစ်တကျခြေရာခံ ဖမ်းဆီးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားများနဲ့တကွ သိရှိရပါတယ်။ IMEIကို မှတ်ပုံတင်လိုက်ခြင်းဟာ စစ်တပ်က ၄င်တို့ဖမ်းချင်တဲ့သူတွေကို အချိန်မရွေး နေရာအတိကျနဲ့ ဖမ်းဆီးနိုင်သလို ဖမ်းဆီခံထားရဖူးသူတွေလဲရှိခဲ့တာကို AAMIJက အချိန်အတော်ကြာ စုံစမ်းသိရှိခဲ့ပါတယ်။ 🔴IMEI နံပါတ်ဆိုတာဘာလဲ? IMEI( International Mobile Equipment Identity)ဆိုသည်မှာ ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်သတ်မှတ်ထားတဲ့ ဂဏန်း ၁၅ လုံးပါ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” ဖြစ်ပါတယ်။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ်တစ်ခုစီ ရှိသကဲ့သို့…
-

“ဖုန်းသုံးနေတဲ့ မြန်မာပြည်သူတွေ အားလုံး သတိထားဖို့နဲ့ သိထားဖို့ ကြေညာချက်အသစ်ပါ”
သင့်ဖုန်းက အခွန်မဆောင်ဘဲ တရားမဝင် တင်သွင်းထားတဲ့ ဖုန်း ဖြစ်နေရင် (သို့မဟုတ်) ဖုန်းရဲ့ IMEI နံပါတ်က CEIR စနစ်မှာ မှတ်ပုံမတင်ထားရင် လာမယ့်ဧပြီလ ၁ ရက်နေ့ကစပြီး ဖုန်းလိုင်း ဖြတ်တောက်ခံရနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့အချက်တွေကို နားလည်လွယ် အောင် အတိုချုပ် ရှင်းပြပေးလိုက်ပါတယ်။ အခွန်ဆောင်ပြီးသား ဖုန်းတွေကော? ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မတိုင်ခင်ကတည်းက သုံးနေတဲ့ ဖုန်းတွေအားလုံးဟာ အခွန်ဆောင်ဖို့ မလိုဘဲ၊ CEIR စနစ်မှာ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။ ဒါပေမဲ့ ဒီအချက်ကို မမေ့ပါနဲ့ သင်လက်ရှိ သုံးနေတဲ့ဖုန်းက အခွန်မဆောင်ရဘဲ တရား ဝင် ဆက်သုံးနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မတိုင်ခင် (MPT၊…
-

📱 အခွန်မဆောင်ထားတဲ့ ဖုန်းများ အသုံးပြုခွင့် ပိတ်သိမ်းတော့မည်
လာမယ့် ၂၀၂၆၊ ဧပြီလ ၁ ရက် မှစတင်ပြီး အခွန်မဆောင်ထားတဲ့ ဖုန်းတွေကို ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေနဲ့ပတ်သက်ပြီး သိထားရမယ့် အချက်တွေကို အောက်မှာ စုစည်းပေးထားပါတယ် 👇 ✅ လက်ရှိအသုံးပြုနေသူများအတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်းထဲမှာ ပြည်တွင်းအော်ပရေတာတွေဖြစ်တဲ့ MPT, ATOM, Mytel, Ooredoo (သို့) u9 ဆင်းကတ်တစ်ခုခုကို ထည့်သွင်းအသုံးပြုနေရုံနဲ့ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။ ဒါကြောင့် လက်ရှိသုံးနေတဲ့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး။ ⚠️ အသုံးမပြုသေးဘဲ သိမ်းထားတဲ့ဖုန်းများရှိရင် သင့်ဆီမှာ ဆင်းကတ်မထည့်ရသေးဘဲ ဝယ်ထားတဲ့ ဖုန်းအသစ် ဒါမှမဟုတ် သိမ်းထားတဲ့ ဖုန်းရှိနေတယ်ဆိုရင် မတ်လ ၃၁ ရက်…
-

ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေ
စုံမ ကားနံပါတ်များ ၂ ရက်တခါမှ လမ်းပေါ်တက်ခွင့်ပေးထားသော်လည်း ကျောင်းကားနဲ့ အလုပ် ဖယ်ရီကားများကတော့ နေ့စဥ် လမ်းပေါ် တက်ခွင့် ရမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေမှာ သက်ဆိုင်ရာ ဌာနရဲ့ ထောက်ခံစာအပြင် ကားပေါ် ပါလာတဲ့သူတွေမှာလည်း ထောက်ခံစာပါမှ ခွင့်ပြုမယ်လို့ သိရပါတယ်။ ကားထောက်ခံစာ၊ လူထောက်ခံစာ မပါရင် အရေးယူမယ်လို့လည်း သိရပါတယ်။ မော်တော်ပီကယ်တွေကတော့ ဝမ်းသာပြီးရင်း ဝမ်းသာနေကြတော့မှာပါပဲ။ စစ်ကော်မရှင်၏ စုံ/မ ကားမောင်းနှင်ခွင့် ကန့်သတ်မှုကို စစ်တပ်လော်ဘီများပင် လှောင်ပြောင်နေ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မှုကို အကြောင်းပြကာ စစ်ကော်မရှင်က ကားနံပါတ် စုံ/မ ရက်အလိုက် ခွဲခြားမောင်းနှင်ရန် ထုတ်ပြန်လိုက်ခြင်းအပေါ် အများပြည်သူသာမက စစ်တပ်ထောက်ခံသူ လော်ဘီများကပါ ထူးခြားဆန်းပြားသည့် စီမံခန့်ခွဲမှုအဖြစ် လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်လာကြသည်။…
-

အခုလို စက်သုံးဆီ ပြတ်တဲ့ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၆ နှစ်ကသာ ဖြစ်ခဲ့မယ်ဆိုရင်
တကယ်လို့ ယခုလို စက်သုံးဆီ ပြတ်တဲ့ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၆ နှစ်ကသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို ၂ ရက် တခါပဲ ကားမောင်းလို့ ရမယ့် ကြောင်တောင်တောင် စုံမ အမိန့်မျိုးတွေ ထွက်လာမယ် မထင်ပါဘူး။ အဲဒီအချိန်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မှန်းဆ ဖော်ပြပေးလိုက်ပါတယ်- ပထမဆုံး နိုင်ငံတော် အကြီးအကဲက ပြည်သူတွေကို မိန့်ခွန်းပြောပါလိမ့်မယ်။ “ကမ္ဘာမှာ ဒီလို အခြေအနေတွေ ရှိလို့ ကျွန်မတို့ စက်သုံးဆီတွေ ချွေတာဖို့ လိုအပ်နေပါပြီ” လို့ မိန့်ခွန်းထဲကနေ တည်ကြည်လေးနက်စွာနဲ့ ပြောပါလိမ့်မယ်။ နိုင်ငံမှာ အရန်စက်သုံးဆီ ပမာဏ မည်မျှ သိုလှောင်ထားတယ်ဆိုတာပါ မိန့်ခွန်းထဲမှာ တခါတည်း ပြောပါလိမ့်မယ်။ ရှေ့ဆက်သွားမယ့် နိုင်ငံရဲ့ စက်သုံးဆီ မူဝါဒကိုလည်း ရှင်းပြပါလိမ့်မယ်။…