Author: Baby Yit Lone
-

လူစည်ကားလွန်းတဲ့ လမ်းဘေးနေ၊ လမ်းဘေးစား၊ လမ်းကိုအိမ်လုပ်နေခဲ့သော လမ်းပျော် စိတ်ဝေဒနာရှင်တစ်ဦးရဲ့ နောက်ဆုံးခရီး
“နာရေးလိုက်ပို့သူ အများဆုံး ဖြစ်သဖြင့် ကွယ်လွန်သူသည် ကျိုက်လတ်မြို့မှ အာဏာရှိသူလားဆိုတော့ မဟုတ်။ ငွေကြေးချမ်းသာပြည့်စုံသည့် မျက်နှာကြီး အသိုင်းအဝိုင်း၊ မြို့မျက်နှာဖုံးလား ဆိုတော့လည်း မဟုတ်ပြန်။ ထင် ပေါ်ကျော်ကြားသူ တစ်ဦးလား။ ဒါလည်းမမှန်သေး။ ကွယ်လွန်သူသည် ကျိုက်လတ်မြို့တွင်း လမ်းဘေးတွင်နေ၊ လမ်းဘေးတွင် စားကာ လမ်းကိုအိမ်လုပ်နေခဲ့သော လမ်းပျော် စိတ်ကျန်းမာရေး ဝေဒနာရှင် အမျိုးသားကြီးတစ်ဦးသာဖြစ်သည်။ စိတ်ဝေဒနာရှင်တစ်ဦး၏ နောက်ဆုံးခရီးကား အဘယ်ကြောင့် စည်ကားနေရပါသနည်း” ဧရာဝတီတိုင်းဒေသကြီးရှိ ကျိုက်လတ်မြို့ ကလေးတွင် ပြီးခဲ့သည့် ဇန်နဝါရီဒုတိယပတ်က ထူးထူးခြားခြား နာရေးတစ်ခု ဖြစ်ပွားခဲ့သည်။ လူရှိလျှင် နာရေးရှိမည်မို့ ထူးဆန်းသောကိစ္စ မဟုတ်သော်လည်း ထိုနာရေးက သာမန်ထက် ထူးခြားနေသည်က အမှန်ပင်။ ထိုနာရေးက ယနေ့ခေတ်မြို့ပေါ်တွင် အများပြုလုပ်သလို နာရေးကိစ္စကို ယာဉ်တန်းနှင့်မချဘဲ ရှေးကလိုလူ နှင့်ထမ်းချသည်။ ထို့အပြင်…
-

HIV၊ တီဘီ နဲ့ ငှက်ဖျားဆေးတွေကိုစစ်ကော်မရှင်ထိန်းချုပ်မှု – “တွေးမိတာနဲ့ အိပ်တောင်မပျော်ဘူး”
HIV ပိုးကူးစက်ခံထားရသူတွေအတွက် အသက်တမျှအရေးကြီးတဲ့ ART ဆေးကို အရင်လိုအရပ်ဖက် အဖွဲ့အစည်း (NGO) တွေဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာ အလွယ်တကူထုတ်ယူလို့မရတော့ပါဘူး။ “ဒီအကြောင်းတွေးမိတာနဲ့ အိပ်တောင်မပျော်ဘူး။ ဆေးတင်မကဘူး၊ prevention (ကာကွယ်ရေး) တွေပါရပ်တော့ ကွန်ဒုံးတောင်အလကားမရတော့ဘူး” လို့ ART ဆေး နှစ်ရှည်သောက်သုံးနေရသူတစ်ဦးက ပြောပါတယ်။ ART ဆေးအပါအဝင် တီဘီ နဲ့ ငှက်ဖျားရောဂါအတွက်ပုံမှန်သောက်သုံးရတဲ့ဆေးဝါးတွေကို စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံဆေးရုံတွေမှာသာ ထုတ်ယူခွင့်ပြုပါတော့မယ်။ မန္တလေးတိုင်း၊ မြင်းခြံဒေသမှာ အရပ်ဖက်အဖွဲ့အစည်းတစ်ဖွဲ့ကသယ်လာတဲ့ ART ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းယူစစ်ဆေးခဲ့ရာကနေ စစ်ကော်မရှင်က NGO တွေနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုကြပါတယ်။ HIV၊ တီဘီနဲ့ ငှက်ဖျားဆေးတွေဘာကြောင့်ထိန်းချုပ်တာလဲ ART ဆေးတွေသယ်ဆောင်လာတဲ့ အရပ်ဖက်အဖွဲ့အစည်း (NGO) တစ်ဖွဲ့ရဲ့ ကားကို မန္တလေးတိုင်း၊…
-

တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။ ဩဂုတ်လ ၈ရက်မနက်ပိုင်းတွင် နန်မွန်းတားရွာကိုနံနက် ၁၁နာရီ ၃၅မိနစ်၊ နေ့ခင်း ၁၂နာရီ ၃၅မိနစ်၊ ညနေ ၅နာရီ ၅၀မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲခဲ့သည်။ သို့သော်ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိခဲ့ပေ။ နမ့်မွန်းတားရွာကို ဩဂုတ်လ ၅ရက်မှစ၍ စစ်တပ်က ပျူစောထီး၊ကသည်းသူပုန် များနှင့်အတူပူးပေါင်း၍အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဖြစ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ သို့သော် ဩဂုတ်လ ၅ရက်နောက်ပိုင်း နေ့စဥ်စစ်ကြောင်းထိုးနေရာ သြဂုတ် ၈ ရက်တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့သည်။ ရွာအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ” ၄ ရက်ကြာတိုက်ပွဲထဲမှာ ကိုယ့်ဘက်မှာ နည်းနည်းတော့ထိခိုက်တယ်။ စစ်ကောင်စီဘက်ကသေဆုံးတာတွေများတယ်။ လက်နက်ခဲယမ်း တွေလည်းရထားတယ်။ ဒီနေ့တိုက်ပွဲမှာ လေကြောင်းကနေလာပစ်ပြီး ဆုတ်ပြေးတာ”ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။ နမ့်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။ နမ့်မွန်းတားရွာနှင့်တမူးမြို့ကြား…
-

ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်
ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင်၊ အတတ်ပညာရှင်တွေပါဝင်တဲ့ ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ တေးသီချင်းတွေကိုသာ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ရိုက်ကူးခွင့် ပြုမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ အသိပေး ကြေညာပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ရုပ်ရှင်နဲ့ ဆက်စပ်လုပ်ငန်း လိုင်စင်တွေ လျှောက်ထားတဲ့အခါ ထောက်ခံချက်ပေးတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ရုံတင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို စတာတွေ ရိုက်ကူးတဲ့အခါမှာလည်း ရိုက်ကူးခွင့်ပေးတာ ဆင်ဆာကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲ့ကို ထောက်ခံတင်ပြတာ တွေကိုလည်း နိုင်ငံတော် တည်ဆဲဥပဒေတွေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင် ရွက်ရတယ်လို့လည်း…
-

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ
ဒေါ်အောင်ဆန်းစု၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်အား ဖယ်ရှားခြင်း အစီအစဉ်များကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာနေပြီး ယခုရက်ပိုင်းအတွင်း နေပြည်တော်နှင့် ပဲခူးမြို့ရှိ ကြေးရုပ်အချို့ ဖယ် ရှားခံလိုက်ရသည်။ ပဲခူးမြို့လည် လမ်းဆုံတွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၁၂ နာရီမှ နံနက် ၁ နာရီအတွင်း ဖြိုချဖယ်ရှားသွားခဲ့ကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။ ဗိုလ်ချုပ်ကြေးရုပ် အောက်ခုံကို ဖြိုချဖျက်ဆီးခဲ့ပြီး ရုပ်ထုကို မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့ကြောင်း မသိရှိရသေးပေ။ ယင်း ရုပ်ထုကို ဖယ်ရှားရာတွင် ပဲခူးမြို့ တမြို့လုံး နီးပါးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီး “ခိုးကြောင်ခိုးဝှက်” ဖယ်ရှားသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဒီလုပ်ရပ်က အတော်ဆိုးတာပဲ၊ ကိုယ်တွေငယ်ငယ်က အားကစားနေ့တို့…