Author: Baby Yit Lone
-

မုံရွာမှာ နေအိမ်နဲ့အလုပ်ရုံတွေထဲထိ ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒေသခံ ၄၀ နီးပါးဖမ်းခံထားရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာပြီး ဒေသခံ ၄၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မုံရွာမြို့ရဲ့ ပေ ၈၀ လမ်း၊ ရန်ကင်းမီးပွိင့်၊ ကျောက္ကာလမ်း၊ ကမ်းနားလမ်း၊ မြို့ပေါ်ရပ်ကွက်တွေထဲနဲ့ မြို့အနီးကျေးရွာတွေမှာ ဇူလိုင်နောက်ဆုံးပတ်ကတည်းက စတင်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။ “ဇူလိုင် ၂၄ ရက်ပတ်ဝန်းကျင်ကတည်းက ပေါ်တာဆွဲနေတာ။ ခုရက်ပိုင်းပိုကြမ်းလာတယ်။ အချို့နေအိမ် အလုပ်ရုံထဲ ဝင်ဆွဲတယ်ပြောတယ်။ လောလောဆယ်တော့ နေရာတနေရာပြီး တနေရာ ရွှေ့ပြောင်းပြီး အလစ်အငိုက်ဆွဲနေတာ”လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ နဲ့ ၁၇ အတွက် လူမပြည့်မီသေးတာကြောင့် ခုလိုပေါ်တာ ဆွဲဖမ်းဆီး တာဖြစ်နိုင်ပြီး သြဂုတ် ၇ ရက်ဒီကနေ့အထိ ဖမ်းဆီးခံထားရသူ ၄၀ ဝန်းကျင်ရှိကာ အဲ့ဒီထဲက ၅…
-

လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်
လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံး
-

ပြည်သူ့စစ်တွေကိုရှေ့ကတက်ခိုင်းပါတယ် မတက်ရင်ပစ်သတ်မယ်လို့ ပြော
အာရက္ခပြည်၊ ကျောက်ဖြူမြိုတွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် အာရက္ခတပ်တော်ထံသို အလင်းဝင်ရောက်လာသော စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း အာရက္ခပြည်၊ ကျောက်ဖြူမြို့တွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း၏ ထွက်ဆိုချက် ရုပ်သံ AA Info Desk
-

ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်နေသော စစ်ဗိုလ်ချုပ်များ
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းလိုက်ချိန်မှာ ပြီးဆုံးသွားပြီဖြစ်တယ်။ ဒါပေမယ့် မင်းအောင်လှိုင်နဲ့တကွစစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေကြီးဟာအခုထိအသက်ဝင်နေသေးသယောင်အမြဲလုပ်ကြံလီဆယ်ပြောနေခဲ့ပါတယ်။ ဒါကိုလည်း ကိုကိုကြီးတို့ သက်သက်ခိုင်တို့၊စန္ဒာမင်းတို့၊ ဒေါက်တာအေးမောင် တို့လိုလူတွေ ၊ ဘဲဥမကွဲသူအများစုပါဝင်တဲ့ ၅၉ပါတီခေါင်းဆောင်ဆိုသူတို့က မစားရဝခမန်းသံယောင်လိုက်ပါတယ်။ သူတို့ပြောသလို ၂၀ဝ၈ ခြေ/ဥကြီး အသက်ဝင်နေသေးတယ်ပဲ ဥပမာအနေနဲ့ ထားလိုက်ပါဦး၊ ရှိတယ်ပဲထားပါဦး၊ အဲ့ဒိ ၂၀၀၈အခြေခံဥပဒေကြီးကို မင်းအောင်လှိုင်တို့ကိုယ်တိုင် ဘာတွေဘယ်လိုချိုးဖောက်ခဲ့တယ်၊ချိုးဖောက်နေဆဲ ဖြစ်တယ်ဆိုတာ တတ်နိုင်သမျှ အကျဥ်းချုံး တင်ပြပါ့မယ်။ ပထမဆုံးပြောရမှာက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာကို ရွေးကောက်တင်မြှောက်ခံအစိုးရလက်ထဲကနေ လက်နက်အားကိုးသိမ်းပိုက်ခြင်းဟာ ရာဇသတ်ကြီး ပုဒ်မ ၁၂၁(၁) ” နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု” ကျူးလွန်ခြင်းပါပဲ။ ပုဒ်မ ၁၂၁(၁) (ဃ)မှာ” ဖွဲ့စည်းအုပ်ချုပ်ပံအခြေခံဥပဒေ ဖြင့်တည်ထောင်ခန့်အပ်သော…
-
