Author: Baby Yit Lone
-

ပုသိမ်တွင် လူငယ် ၁၁ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းခေါ်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက အရပ်သားလူငယ် ၁၁ ယောက်ကို စစ်မှုထမ်းစေဖို့ အဓမ္မ ဖမ်းခေါ်စုဆောင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သြဂုတ် ၁ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်တွေ၊ ရဲတွေက စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာပို့ ကြိုတင်အသိပေးတာမရှိဘဲ အရပ်သားလူငယ် ၁၁ ယောက်ကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “မနက် အရုဏ်တက်ကြီး လာဖမ်းခေါ်တာ။ အိမ်ကို လှည့်ဝိုင်းပြီး ကောင်လေးကိုခေါ်သွားတာ။ ဘာကြောင့် ဘာလုပ်မိလို့လဲ၊ ဘာအပြစ်ရှိလို့လဲပေါ့။ ဖမ်းခေါ်ပြီး ညနေလောက်မှ သိရတာ။ စစ်မှုထမ်းဖို့ ခေါ်တယ်ဆိုတာကို သိရတာပါ” လို့ ပြောပါတယ်။ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ခံရတဲ့ ဒေသခံအရပ်သား ၁၁ ယောက်ဟာ ပုသိမ်မြို့နယ်ထဲက…
-

ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်
AA တပ်များ ခေတ္တဆုတ်ခွာပေးခဲ့သည့် ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်
-

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ် ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်းအများစုအား တပ်ပြောင်း များဖြင့် အစားထိုးခန့်အပ်ထားကြောင်း သိရသည်။ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ရဲမှူးကြီး ကျော်ထွန်းကို ဧရာဝတီတိုင်း အတွင်း တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် မတ်လပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။ “ သူက ကချင်ပြည်နယ်ဘက်က ပြောင်းလာတာ အရမ်းဆိုးတယ်။ သင်္ကြန်ပြီးမှ သူရောက်လာတာ ထင်တယ်။ တပ်ပြောင်းတွေက ဆိုးတဲ့သူများတယ်။ခုဆို ရဲထဲ လူကြီးတော်တော်များများက တပ်ပြောင်း တွေ ဖြစ်သွားပြီ” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ တိုင်းရဲတပ်ဖွဲ့မှူးအား တပ်ပြောင်း ရဲအရာကြီးနှင့်အစားထိုးခဲ့သည့်အပြင် ဒုတိုင်းရဲတပ်ဖွဲ့မှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူး၏ တတိယရာထူးအကြီးဆုံး(ဦး/ရေး/ထောက်)ကိုပါ တပ်ပြောင်းအရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်ကြောင်း…
-

အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ
မန္တလေး အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံး မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့် နိုင်ငံရေး အကျဉ်း သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသား အဆောင် ၄ နှင့် အဆောင် ၆ အပေါ်ကို ဒရုန်းဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး…
-

စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်g
ပလမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံး တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ ပုလောမြို့နယ်၊ ပလမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာသည့် အကြမ်းဖက် စစ် တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်…