Author: Baby Yit Lone
-

သာကေတတွင် လူသတ် အလောင်းဖျောက်မှုဖြစ်ပွား
ရန်ကုန်၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်က ၁/အနော်မာ သောက်ရေကန်ထဲမှာ လူသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းက သောက်ရေကန်ထဲမှာ လူလတ်ပိုင်း အမျိုးသမီး အလောင်းတလောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အနော်မာရပ်ကွက် တာဝန်ရှိသူတယောက်က “ရေကန်ထဲ ခုန်ချသတ်သေတဲ့ ပုံစံမျိုးကို လုပ်ထားတာ။ တကယ်တမ်း ရင်ခွဲရုံမှာ စစ်ကြည့်တော့ အဆုတ်ထဲမှာ ရေမရှိဘူး။ သတ်ပြီး ကန်ထဲ ပစ်ချသွားတာ။ မသင်္ကာတဲ့သူကိုလည်း ဖမ်းမိထားတယ်” လို့ ပြောပါတယ်။ အဲဒီအမျိုးသမီးကို လမ်းဘေးမှာ ကားနဲ့ကွမ်းယာရောင်းတဲ့သူက သတ်တယ်လို့ စွပ်စွဲဖမ်းဆီးထားပြီး ဘာကြောင့်သတ်တယ် ဆိုတာကိုတော့ စုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်တာ ၃ မှုထက်မနည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အလုပ်ကနေ…
-

အိုးဘိုထောင်ရဲ့သတင်းကအမှန်
မန္တလေးအိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်းဗုံးကျဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားအကျဉ်းသား ၄ ဦး သေဆုံးပြီး နာမည်စာရင်းများထုတ်ပြန် မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်အပေါ်ကို ဒရုန်း ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုတွင် နိုင်ငံရေးအကျဥ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁၀ ဦးအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန် ဒရုန်း ဗုံး ၂ လုံးကျဲချခံခဲ့ရခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားသည့် အကျဉ်းထောင်ဖြစ်သည့်အတွက် ဒရုန်းဖြင့် ကျဲချခဲ့သောအဖွဲ့၏…
-
တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်း
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်းကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူသည် နယ်ထိန်းရဲများကို စခန်းကုန်ကျစရိတ်ဟုဆိုကာ ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကို နည်းမျိုးစုံဖြင့် ဖိအားပေး ရှာခိုင်းနေပြီး ၎င်းကိုယ်တိုင်လည်း မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ၎င်းရှာဖွေခိုင်းသော ငွေကျပ် သိန်း ၃၀၀ မပြည့်ပါက နယ်ထိန်းရဲများကို ရိုက်နှက်ပြီး အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊ ယင်းသို့လုပ်ဆောင်မှုများကို အထက်သို့ တိုင်ကြားသော်လည်း…
-

လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်း
“လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်းပြောပြမယ်” သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ ခေါ်တဲ့ပုံစံက online Game , customer Service, online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ် English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီးခေါ်တယ် လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ် အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက WhatsApp app သုံးပြီး လိမ်ရတာပါနော် နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ် ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ် ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း…
-

မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ
မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ်…