Author: Baby Yit Lone

  • နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော ဇွန် ၁၂ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်မြို့မှာ ကျောင်းဆရာ/ဆရာမများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ် မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူထားရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြဖစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ကောင်းမွန် ရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြစေ လိုသည်”ဟု ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) နိုင်ငံ့ဝန်ထမ်းများသည်…

  • ဗိုလ်ကြီး အေးမျိုးထွန်း KIA၏ စနိုက်ပါထိသေဆုံးခဲ့ပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန် သယ် သဂြိုလ်

    ဗိုလ်ကြီး အေးမျိုးထွန်း KIA၏ စနိုက်ပါထိသေဆုံးခဲ့ပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန် သယ် သဂြိုလ်

    ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ သူနာပြု စစ်ဗိုလ် ဗိုလ်ကြီး အေးမျိုးထွန်း KIA၏ စနိုက်ပါထိသေဆုံးခဲ့ပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန် သယ် သဂြိုလ် ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ သူနာ ပြု စစ်ဗိုလ် ဗိုလ်ကြီး အေးမျိုးထွန်းမှာ KIA က ပစ်ခတ်သော စနိုက်ပါကျည်ထိမှန် သေဆုံးပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန်လည် သယ်ယူ သဂြိုလ်ကြောင်း သိရှိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့ ဗန်းမော်တွင် စနိုက်ပါ ထိ၍ ဗိုလ်ကြီး အေးမျိုးထွန်းသေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အလောင်း ကို မြစ်ကြီးနားမြို့သို့ ပြန်လည် သယ် ယူကာ စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။…

  • တရုတ်ကြေးနီစီမံကိန်းအနီး ကျေးရွာများကို စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေဆုံး

    တရုတ်ကြေးနီစီမံကိန်းအနီး ကျေးရွာများကို စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲနေတာကြောင့် ကျေးရွာတချို့က ဒေသခံတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကြိုးပြင်တောင်ရွာက နေအိမ်အတွင်းရှိ အသက် (၆၀) ဝန်းကျင် အမျိုးသမီး တယောက် သေဆုံးပြီး အမျိုးသား တယောက် စိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းက ကိုအောင်ခန့်ဇော်က “သြဂုတ် ၁၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာ မိုးကြိုးပြင်ကျေးရွာက အသက် ၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီး ဗုံးထိမှန်သေဆုံးတယ်။ အမျိုးသားတဦးနဲ့ နောက် အမျိုးသမီးတဦး ဒဏ်ရာတွေရရှိပြီး ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်” လို့…

  • လပွတ္တာတွင် အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

    လပွတ္တာတွင် အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

    ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာမှာ သြဂုတ် ၁၁ ရက်က အမျိုးသမီးတယောက်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို သြဂုတ် ၁၇ ရက်မှာ ဖမ်းမိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇီးဖြူကုန်းကျေးရွာမှာ သြဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီကျော်လောက်က အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတယောက် အဘိုးဖြစ်သူရဲ့အိမ်မှာ ဟင်းစားသွားယူပြီး အပြန်လမ်းမှာ ဖိုးဇော် အသက် (၃၅)နှစ်က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ အဓမ္မပြုကျင့်သတ်ဖြတ်ပြီးနောက် ဇီးဖြူကုန်းရွာ အလယ်ကြားက ပျဥ်းမပင်မှာ အားကစားဘောင်းဘီရှည်နဲ့ လည်ပင်းကိုချည်ပြီး အပင်မှာ တွဲလောင်းချထားခဲ့ကာ ဆွဲကြိုးချ အဆုံးစီရင်တဲ့ပုံစံ ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ တူးမြောင်းနယ်မြေ ရဲစခန်းနဲ့ နီးစပ်သူတယောက်က “လူသတ်တရားခံ ဖိုးဇော် အသက် ၃၅…

  • ဘောလခဲနှင့်  ဒီးမော့ဆိုတွင် တော်လှန်ရေးအင်အားစုက ရဲဘော် ၂ ဦးကျဆုံး

    ဘောလခဲနှင့် ဒီးမော့ဆိုတွင် တော်လှန်ရေးအင်အားစုက ရဲဘော် ၂ ဦးကျဆုံး

    ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်က ရှေ့တန်းတိုက်ပွဲတွေမှာ တော်လှန်ရေး ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းတွေက သြဂုတ်လ ၁၈ ရက်က ထုတ်ပြန်ပါတယ်။ ဒီးမော့ဆိုမြို့နယ် ရှေတန်းတနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် ၈ တပ်ရင်း၊ တပ်ခွဲ ၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းက သြဂုတ် ၁၁ ရက်မှာ ကျဆုံးခဲ့ရပြီး ၁၃ ရက်နေ့မှာ စျာပနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို (PDF Hpruso) က ရဲဘော် ပီတယ် (ခ) ဘိုနိုက ဘောလခဲရှေ့တန်းတနေရာမှာ စစ်တပ်နဲ့တိုက်ခိုက်ရင်း အလောင်းပြန်မရတာကြောင့် စျာပနအခမ်းအနားကို သြဂုတ် ၁၈ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ PDF Hpruso…