Author: Baby Yit Lone

  • စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

    စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။ သြဂုတ် ၁၉ ရက် မနေ့က မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။’ စစ်အုပ်စုရေယာဉ်တွေ ထိခိုက်မှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဦးဆောင်ပြီး တပ်ခွဲ ၂ mahauurarDragon၊ ကနီမြို့နယ် မဟူရာကျားပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် အမှတ်(၁၈)တပ်ရင်း Justice Brothers Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ Video-မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃

  • ရန်ကုန်ဆေးရုံကြီးအပါအဝင် ပြည်သူ့ဆေးရုံများတွင် ဝန်ထမ်းများ၏ ရိုင်းပြစွာဆက်ဆံမှုကြောင့် လူနာများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေ

    ရန်ကုန်ဆေးရုံကြီးအပါအဝင် ပြည်သူ့ဆေးရုံများတွင် ဝန်ထမ်းများ၏ ရိုင်းပြစွာဆက်ဆံမှုကြောင့် လူနာများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေ

    စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ကျဆင်းလာခဲ့ရာ ရန်ကုန် ဆေးရုံကြီးအပါအဝင် အချို့ပြည်သူ့ဆေးရုံများရှိ လုံခြုံရေးနှင့် ဝန်ထမ်းများက လူနာများကို ရိုင်းပြစွာ ပြောဆိုဆက်ဆံမှုများရှိနေကြောင်း လူနာများနှင့် လူနာရှင်များထံမှ သိရသည်။ ဆေးဝါးပစ္စည်းနှင့် အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် နယ်မြို့များမှ ပြည်သူများသည် ပြည်သူ့ဆေးရုံများကို အားကိုး၍ ဆေးကုသရန်ရောက်ရှိလာချိန်တွင် ဆေးရုံဝန်ထမ်းများ၏ ရိုင်းစိုင်းသောပြောဆိုမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း မကွေးမှ ရန်ကုန်ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။ “ကျွန်မတို့က ကင်ဆာအတွက် နယ်ကနေ ဆေးလာကုရတာဆိုတော့ အစားအသောက်ဝယ်စားရတာ အခက်အခဲရှိပါတယ်။ ဆေးကုသတဲ့ကုန်ကျစရိတ်လည်းရှိသေးတယ်။ အဲ့ဒါ ဆေးရုံကြီးမှာ အလှူရှင် လာလှူတဲ့ထမင်းနဲ့ဟင်းဝေလို့ သွားတန်းစီပြီး ယူတာကို မောင်းထုတ်ခံရတယ်။ ဆေးစာအုပ်ပြရဲ့သားနဲ့ကို မောင်းထုတ်ခံရပြီး ရဲလက်အပ်မယ်လို့ လုံခြုံရေးဝန်ထမ်းက ပြောတယ်” ဟု ဆေးကုသမှု ခံယူနေသူ အမျိုးသမီးက…

  • ၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြ

    ၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြ

    ၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြတယ်။ စစ်ကိုင်းကောလင်းမြို့နယ်၊ ကျွန်းလှမြို့မှာ သြဂုတ် ၉ ရက်က ဖြစ်ခဲ့တာပါ။

  • သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်

    သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်

    နွားထိုးကြီးတွင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်ခဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က အကြမ်းဖက်စစ်ကော်မရှင်နဲ့ ပျူစောထီးတပ်သားတွေဟာ သူစိုးကျေးရွာကို ဝင်ရောက်မွှေနှောက်ရင်း ခွေးရေတောတိုက်မှာနေထိုင်တဲ့ စစ်ရှောင်မိသားစုဝင်တွေကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ရင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုသတ်ဖြတ်ထားခဲ့သူတွေဟာ တောတိုက်အတွင်း နေထိုင်ရင်း တောင်ယာလုပ်ကိုင်ကြတဲ့ ဦးသန်းအောင် အသက် (၇၅) နှစ်၊ ဦးပြုံးချို (၃၆)နှစ်၊ ဒေါ်ဝင်းကြည် (၆၅)နှစ်၊ ဒေါ်အေး (၆၀)နှစ်နဲ့ ဒေါ်မြင့်ခိုင် (၅၅)နှစ်တို့ဖြစ်ကြောင်း…

  • မိုးညှင်းမြို့နယ်ရှိ လက်လွှတ်ခဲ့ရသည့် စခန်း ၂ ခု KIA ပြန်သိမ်း

    မိုးညှင်းမြို့နယ်ရှိ လက်လွှတ်ခဲ့ရသည့် စခန်း ၂ ခု KIA ပြန်သိမ်း

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အနီး မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာရှိ စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ထံက သိရသည်။ “အရင်က ကျွန်‌တော်တို့ KIA/KIO တပ်စွဲထားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီနေရာကို စကစ နဲ့ SNA ပူးပေါင်းတပ်တွေထိုးစစ်ဆင်ပြီးမှ ကျွန်‌တော်တို့ ရှောင်ထားရတဲ့ စွန့်လွှတ်ထားရတဲ့ စခန်းတွေဖြစ်ပါတယ်။ ခုကျွန်‌တော်တို့ ပြန်သိမ်းတဲ့သဘောဖြစ်ပါတယ်” ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (ရှမ်းနီပြည်သူ့စစ်) (SNA) ပူးပေါင်းတပ်ဖွဲ့က မိုးညှင်းမြို့ နယ်၊ အင်းတော်ကြီးကန်အနောက်ခြမ်းကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး မမုန်ကိုင် နှင့် မိုင်းနောင်ကျေးရွာအနီးရှိ KIA တပ်စခန်းများကို ဝင်ရောက်တပ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် KIA…