Author: Baby Yit Lone

  • ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

    ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

    အရည်အသွေး မပြည့်ဝသည့် အဆောက်အအုံများ ရှိနေသည့် ရန်ကုန်၌ ငလျင်ကြီးတစ်ခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမည့်အရေးကို ပညာရှင်များက စိုးရိမ်လျက်ရှိသည် ရန်ကုန်မြို့မှာ နေထိုင်ဖို့ တိုက်ခန်း ရွေးချယ်ကြသူတွေအတွက် ထည့်သွင်း စဉ်းစားစရာအချက်တွေက အတော်များလှသည်။ ရေအလွယ်တကူရနိုင်လား။ သွားရေလာရေးလွယ်ကူရဲ့လား။ အမြဲတမ်းဆူညံနေတတ်တဲ့ အလှူခံဌာနတွေနဲ့ ဝေးရဲ့လား။ လုံခြုံရေးအရ စိတ်ချရရဲ့လား စသည်ဖြင့် များပြားလှသည်။ သို့သော် ရန်ကုန်တွင်နေရန် ရည်ရွယ်သူတို့အတွက် အရေးကြီးသော်လည်း ဘယ်တော့မှ ထည့်သွင်း စဉ်းစားလေ့မရှိသည့် အချက်တစ်ခုလည်း ရှိနေသည်။ ကိုယ်နေထိုင်သည့်တိုက်ခန်းက ငလျင်ဒဏ် ခံနိုင်ပါရဲ့လားဟူသည့်အချက် ဖြစ်သည်။ ရန်ကုန်သည် မြန်မာနိုင်ငံတွင် မြေငလျင်အန္တရာယ်ရှိသည့် ရာနှင့်ချီသော မြို့များအနက်မှ တစ်မြို့ဖြစ်သည်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့တွင် ငလျင်လှုပ်မည်ကို ပညာရှင်များက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲဖြစ်သည်။ ဒီလိုဆိုရင်…

  • လားရှိုးမြို့၌ စစ်တပ်အရာရှိနေအိမ်ဝင်းအတွင်း မိုင်းပေါက်

    လားရှိုးမြို့၌ စစ်တပ်အရာရှိနေအိမ်ဝင်းအတွင်း မိုင်းပေါက်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်အရာအရှိတယောက်ရဲ့ နေအိမ်ခြံဝင်းထဲမှာ သြဂုတ် ၁၉ ရက် ညပိုင်းက မြေမြှုပ်မိုင်းတလုံးပေါက်ကွဲပြီး လူထိခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးမြို့ အထက(၁)ကျောင်းမျက်နှာချင်းဆိုင်က စစ်တပ်အရာရှိတယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ခြုံတွေရှင်းလင်းပြီး မီးရှို့တာမှာ မိုင်းပေါက်ကွဲတာလို့ ဆိုပါတယ်။ ဒေသခံတယောက်က” မီးရှို့ရင်းနဲ့ မြေမြှုပ်မိုင်းထ ပေါက်တာ။ စစ်သားတွေကျတော့ အတွေ့ အကြုံရှိတော့ မှောက်ချလိုက်ကြတယ်။ ကလေးတဦးတော့ မိုင်းစစင်သွားတယ်။ ဒဏ်ရာတော့ ပြင်းပြင်း ထန်ထန်မရဘူး”လို့ ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလထဲ လားရှိုးမြို့မှာ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေကို အခုချိန်ထိ ရှင်းလင်းနိုင်တာမရှိသေးဘဲ မကြာခဏပေါက်ကွဲတာရှိတယ်လို့ ဆိုပါတယ်။ ဒေသခံတယောက်က “အိမ်နဲ့တော့ ဝေးတယ်။ ဒါပေမဲ့လည်း အသံအကြားလိုက်ရတယ်။ မြို့နယ်ပညာရေးမှူးရုံးနဲ့ မျက်နှာချင်းဆိုင်ပေါ့။ တရားရုံးနဲ့ မျက်စောင်းထိုးလေးက အိမ်ပဲ။…

  • ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်

    ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်

    ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိ

  • ခလရ ၁ တပ်ရင်း ပတ်ပတ်လည်တွင် မြေတူး နင်းမိုင်းများ ထောင်ထား

    ခလရ ၁ တပ်ရင်း ပတ်ပတ်လည်တွင် မြေတူး နင်းမိုင်းများ ထောင်ထား

    မင်းလှမြို့နယ်၊ ခလရ ၁ တပ်ရင်းကို PDF က တိုက်ခိုက်မည်ကို စိုးရိမ်၍ တပ်ရင်း ပတ်ပတ်လည်တွင် မြေတူး နင်းမိုင်းများ ထောင်ထား ပဲခူးတိုင်း၊ မင်းလှမြို့နယ် ခလရ ၁ တပ်ရင်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ အကြမ်း ဖက် စစ်တပ်က တပ်ရင်း ပတ်ပတ်လည်တွင် မြေတူးပြီး နင်းမိုင်းများ လိုက်ထောင်ထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဇွန်လပိုင်းမှ စတင်၍ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ တပ်က PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် တပ်ရင်း ပတ်ပတ်လည်ကို ပြည်သူပိုင် မြေတူးစက်များ ငှားရမ်း၍ ကျင်းများ တူးဖော်နေကြောင်း သိရသည်။ လက်ရှိအချိန်…

  • ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား

    ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား

    ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ် ၁၀ ရက်ကျော်အတွင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းထိုးတက်လာပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းကြောင်းအားလုံးကို စစ်တပ်ကနေရာယူထားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ဆန်းပိုင်းမှာ စစ်အင်အား ၃၀၀ နဲ့ ၅၀၀ ကြားရှိတဲ့ တစ်ကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်း စစ်အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ တစ်ကြောင်း ၊ ရာနဲ့ချီ ရှိတဲ့ စစ်ကြောင်း နှစ်ခုရဲ့ စစ်အင်အားတွေ ကားမိုင်းကနေ ဖားကန့်မြို့အဝင် လမ်းပိုင်း အားလုံးကို စစ်အင်အားချထားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ “ဒီဖားကန့်လမ်း တစ်ကြောမှာ KIA ရဲ့ ဂိတ်နေရာ တစ်ခုမှမရှိတော့ဘူး။ တစ်ရက်ကပဲ ဖားကန့်ကို တက်လာတာ လမ်းတစ်လျှောက်ရှိနေကြတယ်။ နန့်ယားမှာလည်း…