Author: Baby Yit Lone

  • တိုင်ဖွန်းကာဂျီကီ တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်ကို ဝင်ရောက်တော့မည်

    တိုင်ဖွန်းကာဂျီကီ တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်ကို ဝင်ရောက်တော့မည်

    ၂၀၂၅ ခုနှစ်အတွင် အင်အားအပြင်းထန်ဆုံးသော တိုက်ဖွန်းကာဂျီကီသည် တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းမှ ကုန်တွင်းသို့ ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်း ဝင်ရောက်လာမည်ဖြစ်ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ လေဆိပ်များ၊ စာသင်ကျောင်းများပိတ်ထားပြီး မုန်တိုင်းလွတ်ရာသို့ အများအပြား ရှောင်တိမ်းနေကြကြောင်း သိရသည်။ ဩဂုတ် ၂၄ ရက်ကတည်းက ဗီယက်နမ်အစိုးရက ကာဂျီကီတိုင်ဖွန်းမုန်တိုင်းသည် အလွန်လျှင်မြန်စွာ ရွေ့လျားတိုက်ခတ်နေသဖြင့် အလွန်အန္တရာယ်ကြီးကာ မိုးသည်ထန်လွန်းခြင်းနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း၊ တောင်တရုတ်ပင်လယ်မှ ကမ်းရိုးတမ်းဒေသများသို့ ဝင်ရောက်လာမည်ဖြစ်သောကြောင့် ဘေးလွတ်ရာ ရှောင်ကြရန်လည်း အစိုးရက သတိပေးချက် ကြိုတင်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၂၅ ရက် တွင် လူပေါင်း ၅၈၆၀၀၀ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။ မနှစ်က ယာဂီတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်စဉ် ဗီယက်နမ်၌ လူပေါင်း ၃၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး…

  • ဗန်းမော်တိုက်ပွဲ ဆက်ပြင်းထန်၊စစ်ကောင်စီ လေကြောင်းမှအပြင်းအထန် တိုက်ခိုက်

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့်ဗန်းမော်မြို့၌ယနေ့(ဩဂုတ်၂၅ရက်)တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ(၂၁) အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ဩဂုတ်လဆန်းတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းတင် စစ်သင်္ဘောများ ဗန်းမော်မြို့သို့ ဆိုက်ကပ်ခဲ့ပြီး လေကြောင်း၊ ဒရုန်းပစ်ကူဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲများဆက်တိုက်ရှိနေသည့်အခြေအနေဖြစ်ပြီး ယနေ့တွင် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်ထိပြုလုပ်ဟု ဆိုသည်။ ” စကခ(၂၁) ဝန်းကျင် တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ စခဘက်က ထိခိုက်ကျဆုံးမှု အတော်များပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီသည် ယနေ့မနက် ၆နာရီမှစ၍ ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “စခ လက်နက်တွေအများကြီး သိမ်းဆည်းရရှိထားပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ကချင်နှင့် ရှမ်းမြောက်အရေး လေ့လာသူတဦးကလည်း ဗန်းမော်တိုက်ပွဲတွင်ရှမ်းမြောက်အခြေစိုက်KIAတောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် ခံ…

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင်

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲပြင်း ထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၂၄ ရက်နေ့မှစတင်၍ KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြန်လည် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဗန်းမော်မြို့ပေါ်ရှိ စကခ ၂၁ တွင် တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိထားကြောင်း၊ စစ်တပ်က လေယာဉ်ဖြင့် ယနေ့ ၁၂ ကြိမ် ဗုံးကျဲခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ “မနေ့နဲ့ ဒီနေ့…

  • Basic cyber hygiene: The benefits of using a virtual private network (VPN)

    Basic cyber hygiene: The benefits of using a virtual private network (VPN)

    Over the past few months, the Cybersecurity Tech Accord has been researching and promoting cyber hygiene initiatives that businesses can adopt easily and that have a cumulative impact – protecting us all at scale. In the next few weeks, we will pivot to explore different cyber hygiene practices that individuals can leverage to protect themselves…

  • KBZ နှင့် Max ကုမ္ပဏီတို့  စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ဟု JFM ထုတ်ပြန်

    KBZ နှင့် Max ကုမ္ပဏီတို့ စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ဟု JFM ထုတ်ပြန်

    ခရိုနီကုမ္ပဏီတွေ ဖြစ်ကြတဲ့ KBZ နဲ့ Max ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုမှာ ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ပြီး လူမဆန်တဲ့ပြစ်မှုကြီးတွေဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့တယ်လို့ Justice For Myanmar က ဒီကနေ့ သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီ ကုမ္ပဏီ ၂ ခုဟာ စစ်အုပ်စုရဲ့ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” ပံ့ပိုးကူညီဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်မလာနိုင်ဖို့ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ဖို့အတွက် ဆိုပြီး ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုဆီ တိုက်ရိုက်ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ စစ်အုပ်စုဆီ တိုက်ရိုက်လှူဒါန်းနေတာတွေကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က…