Author: Baby Yit Lone
-

တောင်ငူမှာ PDF တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာ
တောင်ငူခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာတဲ့ရုပ်သံဖိုင်ကို တောင်ငူခရိုင်အမှတ် ၂တပ်ရင်းက ဒီနေ့ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။ “အမြန်လမ်းပေါ်မှာတွေ့ကြမယ်”လို့လည်း အဆိုပါရုပ်သံမှာ ရေးသားထားပါတယ်။
-

မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ
ယခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်လူ ၈၆ ဦး သေဆုံးခဲ့ပြီး စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာထံသို့ ပေးပို့မည် ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် သေဆုံးသူ ၁၂ ဦးရှိလာပြီး ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်သူ ၈၆ ဦး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ…
-

ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်တပ်က ပထမဆုံး အမှုဖွင့်မှုဖြစ်လာ
လားရှိုးမြို့ပေါ် ကားလုယက်မှုကို လုံခြုံရေးကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော ကိုနေသွေးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး၊ ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်တပ်က ပထမဆုံး အမှုဖွင့်မှုဖြစ်လာ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့တွင် နေ့အချိန် ကားလုယက်မှု ဖြစ်ပွားသည့်အပေါ် လုံခြုံရေး ကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော တောင်ကြီးမြို့မှ ကိုနေသွေး ကို စစ်တပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်တပ် တယ်လီဂရမ်ချန်နယ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ၍…
-

မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅ ဦးအပါ ၁၂ ဦး သေဆုံး
ရခိုင်ရှေးဟောင်းယဉ်ကျေးမှုရှိရာ မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကေလး ၅ ဦးအပါ ၁၂ ဦး သေဆုံး ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ငါးဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် ULA/AA ထံမွ သိရသည်။ ဦး..နဲ့ ဒေါ်.. တို့အိမ်မှာ သုံးဘီးဝယ်ပြီး ကျနော်တို့ဒီဘက်ဓလေ့အရ ပစ္စည်းတခုဝယ်ပြီးရင် ပရိတ်ရွတ် ဆွမ်းကျွေးဖို့လုပ်တယ်။ အဲ့ဒီအတွက် မနက်ကျရင် ဆွမ်းကျွေးပရိတ်နာ လုပ်ဖို့ မိသားစု ဆွေးမျိုးတွေက လာပြင်ဆင်ကြတာ။ ဂ်က္ဖိုက္တာက အဲ့ဒီအိမ်ဘေးနားကို လာကြဲလို့ လူတွေအသေအပြောက်များတာ။ အဲ့ဒီသုံးဘီးလည်းပါသွားတယ်။ ကံဆိုးသွားတာပေါ့။ စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေကိုပဲ ဦးတည်တိုက်နေတာ ဟု ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။…
-

ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ
မိသားစုက လျော်ကြေးငွေ သိန်း ၂၁၀၀ ကျော် ပေးပြီးနောက် ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ အသက် ၁၉ နှစ်အရွယ် ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းတစ်ခုထံ ဒေါ်လာ ၁၄၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၁၀၀၀၀၀ နဲ့ ရောင်းချခဲ့သူလို့ စွပ်စွဲခံနေရတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဉီး ပါဝင်သောအမှုကို တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးက ကြားနာတော့မှာဖြစ်ပါတယ်။ ‘ဟောင်’လို့ခေါ်တဲ့ အမျိုးသားဟာ သူ့ရဲ့မိသားစုက ဒေါ်လာ ၄၈၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၃၅၀၀၀၀ ကို ကျားဖြန့်ဂိုဏ်းတစ်ခုထံ ပေးပြီးနောက် ဇွန်လကုန်မှာ လွတ်မြောက်လာခဲ့ပါတယ်။ ‘ဟောင်’ဟာ လေးလနီးပါး ဖမ်းဆီးခံခဲ့ရပြီး အဆိုပါကာလအတွင်း မကြာခဏ ရိုက်နှက်ခံခဲ့ရလို့ နားထိုင်းလာခဲ့ပါတယ်။ ဟောင်ရဲ့အစ်မဖြစ်သူက…