Author: Baby Yit Lone

  • ဗန်းမော်တွင် တိုက်ပွဲပြန်ပြင်းထန်ပြီး စစ်တပ်ဘက်က အများအပြားသေဆုံး

    ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဩဂုတ် ၂၅ ရက်က တိုက်ပွဲ ပြန်ပြင်းထန်ပြီး စစ်တပ်ဘက်က အများအပြား သေဆုံးကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းရမိထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ နီးစပ်သူထံက သိရပါတယ်။ KIA ရှေ့တန်းနဲ့ နီးစပ်တဲ့သူတယောက်က “လေယာဉ်ကွင်း မသိမ်းသေးတဲ့ဘက်က စစ်ကောင်စီတွေ အရင် ထိုးစစ်ဆင်လို့ ‌KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တန်ပြန် ခုခံတိုက်ခိုက်တာ၊ စစ်ကောင်စီဘက်က ၅၄ ယောက်လောက် သေတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ လေယာဉ်ကွင်း အကုန်မသိမ်းရသေးဘဲ တခြမ်းမှာ စစ်ကောင်စီတပ်တွေရှိပြီး ကျန်တခြမ်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရှိထားတယ်လို့ သူက ပြောပါတယ်။ ရေကြောင်းနဲ့ စစ်ကူခေါ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တချို့လည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဆီ ထွက်ပြေး ဝင်ရောက်လာတာ…

  • စစ်တွေတွင် လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေ

    စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့သည် ယနေ့ နံနက်ပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့၊ နံနက် ၉ နာရီခန့်မှ စ၍ စစ်တွေမြို့နယ်၊ ကျားမသောက်နှင့် ဇော်မဒတ်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး AA ဖက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ” ပစ်လိုက်နား လိုက်နဲ့ အပြန်အလှန်ပစ်နေကြတယ်။ အနည်းဆုံး ၁၀ လုံးကျော်လောက် ရှိမယ်။ အခုတော့ အသံတွေ ခဏရပ်နေတယ်။ ပေါက်တောဘက်ကို ကျတယ်လို့ ခန့်မှန်းရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်စလုံး အင်အားအလုံးအရင်းဖြင့် စစ်ဆိုင်ထားသည့် အခြေအနေတွင် ရှိနေသည်။ အာရက္ခတပ်တော်က မြို့တစ်ခုလုံးကို…

  • ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ခင်ပွန်းဖြစ်သူ စစ်သားတွေကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းချိန်မှာ နောက်တန်းက ဇနီး (ရဲမေ) တွေကိုလည်း တပ်သန့်ရှင်းရေးလုပ်ခိုင်းတာ၊ တပ်လုံခြုံရေးအတွက် သေနတ်ကိုင် ကင်းစောင့်ခိုင်းတာ အပြင် စစ်တပ်ရဲ့တရားခံဖမ်းဆီးတဲ့နေရာတွေမှာပါ လစာမပေးဘဲ ခိုင်းစေနေတယ်လို့ သိရပါတယ်။ ရုပ်သံ – လူမှုကွန်ရက်

  • တောင်ငူမှာ PDF တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာ

    တောင်ငူမှာ PDF တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာ

    တောင်ငူခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာတဲ့ရုပ်သံဖိုင်ကို တောင်ငူခရိုင်အမှတ် ၂တပ်ရင်းက ဒီနေ့ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။ “အမြန်လမ်းပေါ်မှာတွေ့ကြမယ်”လို့လည်း အဆိုပါရုပ်သံမှာ ရေးသားထားပါတယ်။

  • မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို  စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ

    မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ

    ယခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်လူ ၈၆ ဦး သေဆုံးခဲ့ပြီး စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာထံသို့ ပေးပို့မည် ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် သေဆုံးသူ ၁၂ ဦးရှိလာပြီး ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်သူ ၈၆ ဦး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ…