Author: Baby Yit Lone
-

ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့ခြမ်း ပဲပြစ်တော အရှေ့ရွာအနီးမှာ ဩဂုတ် ၂၆ ရက် ညနေပိုင်းကစတင်ပြီး ဩဂုတ် ၂၇ ရက် မနက်ပိုင်းအထိ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ဘုတလင်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါစစ်ကြောင်းဟာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ဘုတလင်မြို့အနောက်ဘက် လွဲတဲရွာဘက်ကို စစ်ကြောင်းထွက်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲပေးဖို့ ပြည်သူတွေကို စည်းရုံးခဲ့ကာ လွဲတဲရွာကနေ ထတန်းရွာ၊ တလိုင်းရွာကို ဖြတ်သန်းပြီး ပဲပြစ်တောရွာအရောက်မှာ အခုလို တိုက်ပွဲဖြစ်ပွားတာလို့လည်း သိရပါတယ်။ ပဲပြစ်တောရွာသားတယောက်က “စစ်ကြောင်းလာကတည်းက ရွာကနေ ရှောင်လာတာဗျ။ ဒီစစ်ကြောင်းက ရွေးကောက်ပွဲအတွက် စည်းရုံးရေးစစ်ကြောင်းမို့လားတော့ မသိဘူး၊ ရွာကိုတော့ မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ လုပ်မသွားဘူး။ သူတို့ မနေ့ညနေပိုင်းကတော့…
-

ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော နေအိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား
ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော နေအိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေ ချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ပေါ်မှ နေအိမ်များကို စစ်တပ်က အတင်း အကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထားကြောင်း သိရှိရသည်။ ယမန်နှစ်နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ် ကွက်အတွင်း…
-

အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး
စစ်ကောင်စီတပ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေတဲ့ထဲ သုံးပွင့်ဗိုလ်တစ်ဦးဖြစ်တဲ့ ခန့်ထက်နောင်ဆိုသူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဆိုသူဟာ ဩဂုတ်လ ၂၃ ကနေ ၂၅ ရက်နေ့အထိ ဗန်းမော် သံချပ်ကာတပ် အမှတ် ၅၀၁၄ ၊ ခလရ ၂၃၆ နဲ့ အမတ ၃၆၆ စတဲ့ တပ်နေရာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။ “ဟုတ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဖြစ်တဲ့တိုက်ပွဲမှာပဲ ပါသွားတယ်လို့ပြောပါတယ်။ သူနဲ့ နောက်ထပ် အရာရှိ နှစ်ဦးလည်းပါတယ်လို့ပြောတယ်။ အဲ့နှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရဘူး”လို့ပြောပါတယ်။ ရုပ်အလောင်းပြန်ရမရ အသေးစိတ်မသိရပေမယ့် ကသာဒေသခံတစ်ဦးဖြစ်တာကြောင့် မိဘဖြစ်သူတွေက နာရေးပြုလုပ်လိုက်ပြီလို့ သိရပြီး သတင်းမပေါက်ကြားဖို့အတွက်လည်း စစ်တပ်က သတိပေးထားတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲမှာ…
-

မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်
အကြမ်းဖက် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် ဒေါ်လာအဝင်နည်းပါး၍ ပြည်ပသွင်းကုန်များအားလုံးနီးပါး တင်သွင်းခွင့် ပိတ်ပင်ထား အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မ တီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်သည်။ ယခင်က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ အဖြစ် မြထွန်းဦးကို ခန့်အပ်ခဲ့သော်လည်း ဇူလိုင် လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မြထွန်းဦး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီကိုပါ ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၆ ရက်နေ့တွင် ညိုစောကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး ဝန်ကြီးအဆင့်…
-

ဂုတ်ထိပ်မှာ တရေးနိုးတဲ့ ကာလနဂါးများ
၅ နှစ်နီးပါးကြာ အိပ်ပျော်နေတဲ့ ကာလနဂါးတွေဟာတစ်ခုသောတနင်္ဂနွေမနက်နေမြင့်ချိန်မှာ ရုတ်တရက်တရေးနိုးလာပါတယ်။ အရပ်သားပြည်သူအသက်တွေ သေကြေ၊ အိမ်ယာတွေဖျက်ဆီးခံရတဲ့သတင်းတွေ မနက်မိုးလင်းကနေ ညသန်းခေါင်သန်းလွဲအထိ နေ့စဉ်ဆူညံပွက်လောရိုက်နေတာတောင်မနိုးတဲ့ မြန်မာပြည်က ကာလနဂါးတသိုက်ဟာ စစ်ကောင်စီတပ်ဝါဒဖြန့်ချိရေးသမားတစ်ယောက် လူမှုကွန်ရက်ပေါ်မှာရေးလိုက်တဲ့စာတစ်ကြောင်းကြောင့်ဩဂုတ်လ၂၄ ရက် တနင်္ဂနွေနေ့မနက်၉နာရီခန့်မှာတရေးနိုးလာတာပါ။ အလိမ်အညာတွေတစိုက်မတ်မတ်ရေးနေတဲ့ စစ်ကောင်စီ ဝါဒဖြန့်ချီရေးသမားတစ်ယောက်က “နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိပြီးဖြစ်သောကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား ပလောင်သောင်းကျန်းသူများချိုးဖျက်စီးသွားခဲ့ပါပြီ” လို့ တနင်္ဂနွေ မနက်ခင်းမှာ လူမှုကွန်ရက်ပေါ် ရေးတင်လိုက်ပါတယ်။ အဲဒီလိုရေးတင်ပြီးမိနစ်ပိုင်းအကြာမှာပဲကာလနဂါးတွေ အုံနဲ့ကျင်းနဲ့နိုးထလာပါတော့တယ်။အိတ်မှုန်စုန်မွှားနဲ့ကာလနဂါးတွေက ဘာမှသေချာမသိဘဲ ” မြန်မာတွေရဲ့နှလုံးသားကို ရိုက်ချိုးလိုက်တဲ့ TNLAတော့ မဟာအမှားကြီးလုပ်မိပြီ” လို့ ဆိုသူကဆို “ပြတ်ပြတ်သားသား တုံ့ပြန်ပေးပါအဘ”လို့ ပြောသူကပြောနဲ့တနင်္ဂနွေနေ့ဟာတော်တော်လေး ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ အများစုကတော့စစ်တပ်ထောက်ခံသူနဲ့ စစ်တပ်ဝါဒဖြန့် အကောင့်တွေဖြစ်ပါတယ် ။ဒါပေမယ့် သာမန်ပြည်သူတချို့လည်းပါဝင်ပါတယ် ။ ကာလနဂါးဆိုတာ ဒဏ္ဏာနာရီလာနဂါးဖြစ်ပါတယ်။ကာဠနဂါးလို့လည်း ဆိုကြပါတယ်။ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးတဲ့အထိ အအိပ်ကြီးတဲ့နဂါးအဖြစ် အိပ်ရာဝင်ပုံပြင်အဖြစ်ရောဘာသာရေးယုံကြည်မှုအရပါ…