Author: Baby Yit Lone

  • ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားဟုဆို မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့ရှိ တပ်မ ၈၈ လက်အောက်ခံ ခလရ…

  • ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ဟုဆို ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နှင့် ညောနီပင်ရွာ အကြားတွင် အကြမ်းဖက် စစ်သား ၉၂ ဦးပါဝင်သော…

  • ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်

    ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်

    ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံး ပဲခူးတိုင်း၊ ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံးကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး (ဗဟို)က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၂ ရက်နေ့ ၊ ကျောက်ကြီး-မုန်းကားလမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က မြက်ရဲရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူရခဲ့သော်လည်း ထိခိုက်သေဆုံးမှု အများအပြားဖြင့် တပ်ပြန် ဆုတ်ခဲ့ရကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ…

  • ရခိုင်တွင် အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    ရခိုင်တွင် အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၁၁ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်နေ ဇော်ဇော်နိုင် (ခ) လဖြူချေ (၂၅ နှစ်) ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က အမျိုးသမီး ၁၁ ယောက်ကို အလိုမတူဘဲ အတင်းအဓမ္မ ပြုကျင့်ခဲ့ပြီး အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျောက်တော်မြို့နယ်က အမျိုးသမီး ၂ ယောက်နဲ့ မြောက်ဦးမြို့နယ်က အမျိုးသမီး ၂ ယောက်ကို အတင်းအဓမ္မပြုကျင့်မှုနဲ့…

  • ကျောက်မဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပင်တိန်မှာပဲ သောင်တင်နေ

    ကျောက်မဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပင်တိန်မှာပဲ သောင်တင်နေ

    တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေက ရှေ့တိုးလာနိုင်ခြင်း မရှိသေးဘဲ နောင်ပိန်အုပ်စု ပင်တိန်ကျေးရွာမှာပဲ သောင်တင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ “အပြန်အလှန် ငါတို့ထိုးနေတာ။ လောလောဆယ် သူတို့ ငြိမ်နေတာ။ နောင်ပိန်ကို မကျော်နိုင်သေးဘူး။ ဒရုန်းတွေကတော့ နေ့တိုင်း သုံးလေးစင်း လွှတ်တာမျိုး။ အသေခံဒရုန်း လွှတ်တာမျိုးတွေတော့ ရှိတယ်။ ဗုဒ္ဓဟူးနေ့တုန်းက အဆိပ်ငွေ့ဗုံးပါ ပြန်သုံးနေတာ” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တရုတ် စီစဉ်ပေးတဲ့ ကူးမင်းဆွေးနွေးပွဲ မပြေလည်တာကြောင့် TNLA ဘက်က ကျောက်မဲမြို့ မကျရေး အင်အားဖြည့် ခုခံနေပြီး ဒီနေ့ စက်တင်ဘာ ၅ ရက်အထိ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာလည်း နောင်ပိန်ကို မကျော်နိုင်သေးဘဲ…