Author: Baby Yit Lone

  • အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး

    အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး

    စစ်ကောင်စီတပ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေတဲ့ထဲ သုံးပွင့်ဗိုလ်တစ်ဦးဖြစ်တဲ့ ခန့်ထက်နောင်ဆိုသူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဆိုသူဟာ ဩဂုတ်လ ၂၃ ကနေ ၂၅ ရက်နေ့အထိ ဗန်းမော် သံချပ်ကာတပ် အမှတ် ၅၀၁၄ ၊ ခလရ ၂၃၆ နဲ့ အမတ ၃၆၆ စတဲ့ တပ်နေရာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။ “ဟုတ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဖြစ်တဲ့တိုက်ပွဲမှာပဲ ပါသွားတယ်လို့ပြောပါတယ်။ သူနဲ့ နောက်ထပ် အရာရှိ နှစ်ဦးလည်းပါတယ်လို့ပြောတယ်။ အဲ့နှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရဘူး”လို့ပြောပါတယ်။ ရုပ်အလောင်းပြန်ရမရ အသေးစိတ်မသိရပေမယ့် ကသာဒေသခံတစ်ဦးဖြစ်တာကြောင့် မိဘဖြစ်သူတွေက နာရေးပြုလုပ်လိုက်ပြီလို့ သိရပြီး သတင်းမပေါက်ကြားဖို့အတွက်လည်း စစ်တပ်က သတိပေးထားတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲမှာ…

  • မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို  နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်

    မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်

    အကြမ်းဖက် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် ဒေါ်လာအဝင်နည်းပါး၍ ပြည်ပသွင်းကုန်များအားလုံးနီးပါး တင်သွင်းခွင့် ပိတ်ပင်ထား အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မ တီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်သည်။ ယခင်က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ အဖြစ် မြထွန်းဦးကို ခန့်အပ်ခဲ့သော်လည်း ဇူလိုင် လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မြထွန်းဦး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီကိုပါ ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၆ ရက်နေ့တွင် ညိုစောကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး ဝန်ကြီးအဆင့်…

  • ဂုတ်ထိပ်မှာ တရေးနိုးတဲ့ ကာလနဂါးများ

    ဂုတ်ထိပ်မှာ တရေးနိုးတဲ့ ကာလနဂါးများ

    ၅ နှစ်နီးပါးကြာ အိပ်ပျော်နေတဲ့ ကာလနဂါးတွေဟာတစ်ခုသောတနင်္ဂနွေမနက်နေမြင့်ချိန်မှာ ရုတ်တရက်တရေးနိုးလာပါတယ်။ အရပ်သားပြည်သူအသက်‌တွေ သေကြေ၊ အိမ်ယာတွေဖျက်ဆီးခံရတဲ့သတင်းတွေ မနက်မိုးလင်းကနေ ညသန်းခေါင်သန်းလွဲအထိ နေ့စဉ်ဆူညံပွက်လောရိုက်နေတာတောင်မနိုးတဲ့ မြန်မာပြည်က ကာလနဂါးတသိုက်ဟာ စစ်ကောင်စီတပ်ဝါဒဖြန့်ချိရေးသမားတစ်ယောက် လူမှုကွန်ရက်ပေါ်မှာရေးလိုက်တဲ့စာတစ်ကြောင်းကြောင့်ဩဂုတ်လ၂၄ ရက် တနင်္ဂနွေ‌နေ့မနက်၉နာရီခန့်မှာတရေးနိုးလာတာပါ။ အလိမ်အညာတွေတစိုက်မတ်မတ်ရေးနေတဲ့ စစ်ကောင်စီ ဝါဒဖြန့်ချီရေးသမားတစ်ယောက်က “နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိပြီးဖြစ်သောကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား ပလောင်သောင်းကျန်းသူများချိုးဖျက်စီးသွားခဲ့ပါပြီ” လို့ တနင်္ဂနွေ မနက်ခင်းမှာ လူမှုကွန်ရက်ပေါ် ရေးတင်လိုက်ပါတယ်။ အဲဒီလိုရေးတင်ပြီးမိနစ်ပိုင်းအကြာမှာပဲကာလနဂါးတွေ အုံနဲ့ကျင်းနဲ့နိုးထလာပါတော့တယ်။အိတ်မှုန်စုန်မွှားနဲ့ကာလနဂါးတွေက ဘာမှ‌သေချာမသိ‌ဘဲ ” မြန်မာတွေရဲ့နှလုံးသားကို ရိုက်ချိုးလိုက်တဲ့ TNLAတော့ မဟာအမှားကြီးလုပ်မိပြီ” လို့ ဆိုသူကဆို “ပြတ်ပြတ်သားသား တုံ့ပြန်ပေးပါအဘ”လို့ ပြောသူကပြောနဲ့တနင်္ဂနွေနေ့ဟာတော်တော်လေး ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ အများစုက​တော့စစ်တပ်​ထောက်ခံသူနဲ့ စစ်တပ်ဝါဒဖြန့် အ​ကောင့်​တွေဖြစ်ပါတယ် ။ဒါ​ပေမယ့် သာမန်ပြည်သူ​တချို့လည်းပါဝင်ပါတယ် ။ ကာလနဂါးဆိုတာ ဒဏ္ဏာနာရီလာနဂါးဖြစ်ပါတယ်။ကာဠနဂါးလို့လည်း ဆိုကြပါတယ်။ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးတဲ့အထိ အအိပ်ကြီးတဲ့နဂါးအဖြစ် အိပ်ရာဝင်ပုံပြင်အဖြစ်ရောဘာသာရေးယုံကြည်မှုအရပါ…

  • ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာရေကြီးပြီး ရှမ်းပြည်တောင်ပိုင်း၌ လူသေဆုံးမှုရှိလာ

    ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာရေကြီးပြီး ရှမ်းပြည်တောင်ပိုင်း၌ လူသေဆုံးမှုရှိလာ

    KAJIKI(ကာဂျီကီ)မုန်တိုင်း အားလျော့သွားသော်လည်း မိုးဆက်ကောင်းနေပြီး နေပြည်တော်၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့ရှိ မြို့နယ်အချို့၌ ရေကြီးနေကာ တောင်ကျရေကြောင့် လူနှစ်ဦး မျောပါသွားကာ တစ်ဦး၏ ရုပ်အလောင်းကို ရရှိထားကြောင်း သတင်းရရှိသည်။ နေပြည်တော်တွင် တပ်ကုန်းမြို့နှင့် ဇေယျာသီရိမြို့နယ်မှ ရွာအချို့ ယနေ့ နံနက်ပိုင်းမှစ၍ ရေကြီးနေသည်။ တပ်ကုန်းမြို့၊ ညောင်ပင်သာကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာများ၌ ရေကြီးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း နေပြည်တော်မှ လူမှုရေးအသင်းတာဝန်ခံတစ်ဦးက‌ ပြောသည်။ လူသေဆုံးမှုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းမြို့သစ်၊ ဧဒင်ကျေးရွာ၌ ဖြစ်ခဲ့သည်။ ယမန်နေ့ညနေပိုင်းတွင် တောင်ကျရေဆင်းလာပြီး လူနှစ်ဦးမျောပါသွားပြီး တစ်ဦး၏ ရုပ်အလောင်းသာ ပြန်လည်ရရှိသေးကြောင်း သိရသည်။ “ရှမ်းရိုးမနဲ့ ဆက်တဲ့ရွာတွေမှာ တောင်ကျရေ ဘေးကြုံနေတယ်။ ဧဒင်ရွာက နှစ်ယောက်မှာ တစ်ယောက်ပဲ ရုပ်အလောင်းပြန်တွေ့သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၌…

  • ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

    ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကြောင်းနှစ်ခုကွဲသွားပြီး တစ်ကြောင်းကို KIA ဘက်က တစ်ဦးမကျန် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “၅၀၁၄ တပ်ချပ်ကာတပ်ရှိတဲ့ ဘက်ကနေ ဖောက်ပြီး ထိုးလာတာ KIA ဘက်ကပြန်တိုက်တော့ စစ်ကြောင်းနှစ်ခုကွဲသွားတယ်။ စစ်ကြောင်းကို ထွက်လို့မရအောင် ဝိုင်းရံပိတ်ဆို့ထားပြီး၂ ရက်တောင်ပစ်တာ ရှေ့တစ်ရက်ကမှ တစ်ယောက်မကျန် အကုန်ရှင်းလိုက်တယ်။ အဲ့လိုပဲ မနေ့ကလည်း နောက်စစ်ကြောင်းတစ်ခုကိုလည်း ပြန်ပစ်တော့…