Author: Baby Yit Lone

  • နယ်စပ်ကုန်သွယ်ရေးအရှိန်မြှင့်မည်၊ မြစ်ဆုံဆည်၊ ကျောက်ဖြူဆိပ်ကမ်းနှင့် မီးရထားလမ်း စီမံကိန်းများ ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    နယ်စပ်ကုန်သွယ်ရေးအရှိန်မြှင့်မည်၊ မြစ်ဆုံဆည်၊ ကျောက်ဖြူဆိပ်ကမ်းနှင့် မီးရထားလမ်း စီမံကိန်းများ ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံရေးအခြေအနေနှင့် နယ်မြေတည်ငြိမ်မှုအပေါ်တွင် အဓိကအမှီပြုသော်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှုရှိရာ ဖိအားပေးပါက နယ်စပ်ဂိတ်များ ပွင့်ကောင်းပွင်နိုင်သည်ဟု ဆိုသည်။ မြန်မာနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးကို ယခုထက်အရှိန်မြှင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံမည့် တရုတ်၏လျှပ်စစ်၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၊ အခြေခံအဆောက်အဦ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ရှန်ဟိုင်းပူပေါင်း ဆောင်ရွက်ရေးအဖွဲ့၊ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဩဂုတ်လ၊ ၃၁ရက်နေ့၊)က တီယန်ကျင်းမြို့တွင် ပြုလုပ်သည့် မြန်မာ-တရုတ် စီးပွားရေးမြှင့်တင်မှုဆွေးနွေးပွဲတွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား တော်လှန်ရေးပူးပေါင်းတပ်များ၏ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးနှင့် ကချင်ပြည်နယ်အတွင်းရှိ…

  • စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံး

    စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံး

    ဝိုင်းမော်ရှိ ကျေးရွာများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ တင့်ကားများဖြင့် ၆ ရက်ဆက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူ ကလေးငယ်၏ အုပ်ထိန်းသူနှင့်ရင်းနှီးသူက ပြောဆိုသည်။ ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို လေယာဉ်၊…

  • စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နဲ့ မိသားစုကို သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း နေအိမ်ကနေ စက်တင်ဘာ ၂ ရက်မှာ အပြီးဖယ်ပေးဖို့ တရားရုံးက စာပို့ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ခြံအမှတ် ၂၇ မြေယာပိုင်ဆိုင်မှုကိစ္စနဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ဦးသိန်းညွန့် အနေနဲ့ ဇူလိုင်လအတွင်း အမှုရှုံးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “သူတို့အမှုက ကြာပြီ၊ NLD အစိုးရလက်ထက်ကတည်းကဖြစ်တာ၊ အာဏာသိမ်းပြီးလည်း တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ အခုနှစ်မှာ ဦးသိန်းညွန့်တို့ အမှုရှုံးသွားတာ ၇ လပိုင်းမှာ၊ ထပ်ပြီးညှိပေးသေးတာ၊ အိမ်ကဆင်းပေးဖို့ နောက်ဆုံး Date ပေးထားတာ စက်တင်ဘာလ ၂ ရက်နေ့။” အမှုအခင်းဖြစ်တဲ့ နေအိမ်နဲ့…

  • တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးဟုဆို ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ငူမြို့နယ်၊ ပဒဲကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၁၅၀ ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ထွက်လာစဉ် ပဒဲကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ…

  • ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်က အင်အားဖြည့်ပြီးနောက် တိုက်ပွဲများ ဆက်ပြင်းထန်နေ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီးနောက် ငွေတောင်ရွာသစ်တွင် တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း မြေပြင်ရှိ ရဲဘော်များက ပြောသည်။ ဒီးမော့ဆိုမြို့နယ်ဘက်မှ ဖရူဆိုမြို့နယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား သုံးရက်ဆက်တိုက်ပွဲ ဖြစ်နေသည်ဟု ဆိုသည်။ “ငွေတောင်ရွာသစ်ဘက်မှာပဲ။ မနေ့က(သြဂုတ် ၃၁ ရက်)မှာ နှစ်ဖက်တိုက်ပွဲ တော်တော်ပြင်းတယ်။ ကိုယ့်ဘက်က နှစ်ယောက်ထိခိုက်ကျဆုံးတယ်။ သူတို့ဘက်ကလည်း သေဆုံးတာတွေများတယ်”ဟု ဒီးမော့ဆိုမြို့အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများစွာ ပစ်ကူပေးနေသည့်အပြင် ယနေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ “ရန်သူက ဆက်တိုးနေတယ်ပေါ့။ အင်အားဆက်ဖြည့်နေတယ် မြေပြင်အနေအထားအရ။ ဘုံရန်သူတစ်ခုတည်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆက်ချီတက်နေတယ်။ စစ်ရေးနောက်ဆက်တွဲကတော့ တင်းမာနေတယ်။ကျွန်တော်တို့လည်း လုပ်လို့ရတဲ့အပိုင်းဆက်လက် လုပ်နေတယ်”ဟု…