Author: Baby Yit Lone

  • KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား

    KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား

    ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား၊ ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေး ဆက်လက် ထိုးစစ်ဆင်မည် ဗန်းမော်တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၆၁၆ ဦး ကျဆုံးသည်ဟု စစ်တပ်က မဟုတ်မမှန် စိတ်ဓာတ်စစ် ဆင်ရေး ဝါဒဖြန့်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားရာမှ စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်များအားလုံး ဗန်းမော်မြို့ပေါ်တွင် ဆက်လက် ဖြန့်ကျက်နေရာယူကာ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။ စက်တင်ဘာလ…

  • စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    မြိတ်-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး မြိတ်-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမအတိုင်း စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ရွှေဂူတောင် စစ်ဆေးရေးဂိတ်ကနေ သရက်ချောင်းဖက်ကို ဦးတည်ဆင်းလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါတဲ့ အန်စာတုံးကား ၄ စီး၊ မြေတင်ကားတစ်စီး၊ Vigo ကားတစ်စီးပါတဲ့ ယာဉ်တန်းကို သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာကြား တောက်ထိန်တောင်လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ စစ်ကောင်စီတပ်ဟာ ရှေ့ကနေသွားတဲ့ကားတွေမှာ…

  • မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    လဖက်ရည်ဆိုင်မှာ မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး မန္တလေးတိုင်း၊ မိတ္တီလာမြို့က လဖက်ရည်ဆိုင်တဆိုင်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်က မုန့်ဆရာနဲ့ အကူတပည့်တို့ မုန့်လုပ်နေကြရင်း စကားများ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပြီး တပည့်ဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။ မိတ္တီလာမြို့ ရတနာမာန်အောင်ရပ်ကွက်က လဖက်ရည်ဆိုင်မှာ မုန့်လုပ်တဲ့သူ အချင်းချင်း စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ပြီး ဆရာဖြစ်သူက ကြက်သွန်လှီးတဲ့ ဓားနဲ့ ထိုးလို့ တပည့်ဖြစ်သူ သေဆုံးခဲ့တာလို့ သိရပါတယ်။ “စမူဆာ လုပ်နေရင်း စကားများကြတာ။ ဘယ်နှခု ပြီးတယ်ဆိုပြီး။ စမူဆာတခုကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာဆိုတော့ ငါက ဘယ်နှခုပြီးတယ် ဘာညာနဲ့ စမူဆာအခု အရေအတွက် လုကြရင်း စိတ်မထိန်းနိုင်ဘဲ ဖြစ်တာ ”…

  • “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အားချိတ်ပိတ်အရေးယူထားကြောင်း သတင်းရရှိသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်ဆိုင်တွင် DJ Violet မှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အား DJ ဖွင့်ခဲ့ခြင်းဖြစ်သည်။ “သိရသလောက်တော့ ပင်တိုင် DJ မဟုတ်ဘဲ ဧည့်သည်DJဖြစ်ပြီး သူက အဲသီချင်းဖွင့်တီးသွားတာ။ သိသိချင်း ဆိုင်အနေနဲ့လည်း သက်ဆိုင်ရာကို နောက်ရက်ချက်ချင်းတောင်းပန်တယ်လို့သိရတယ်။ ဆိုင်ကိုတော့ စစ်ဆေးဆဲကာလမို့ ချိတ်ပိတ်ထားတယ်။ သီချင်းဖွင့်တဲ့ DJ အမျိုးသမီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဘာပုဒ်မနဲ့အရေးယူမလည်းဆိုတာတော့ နောက်မှသိရမယ်” ဟု တာဝန်ရှိသူတစ်ဦးက အရေးယူမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။ DJ Violet က “ဗုဒ္ဓံ…

  • ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    သတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မီလို့ ဖျက်သိမ်းလိုက်တဲ့ပါတီ ၄ ခုက အယူခံဝင်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်‌တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဖျက်သိမ်းလိုက်တဲ့ပါတီတွေအပေါ် ဖြေလျှော့ဆောင်ရွက်ပေးလိုက်ရင် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်တဲ့ တခြားပါတီတွေအပေါ် တရားမျှတမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင် ‌အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုလိုက်တာပါ။ ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပါတီတည်ထောင်ခွင့်ပြုထားပြီး နှစ်နှစ်အတွင်းမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပေမယ့် အချိန်နီးမှ ဆောင်ရွက်တာတွေရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။ ကော်မရှင်က ဒီနှစ် မေကနေ စက်တင်ဘာလအထိ ပါတီတွေနဲ့ ၁၅ ကြိမ်ခန့်တွေ့ဆုံပြီး အသိပေးဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ပါတီတွေက ပေးပို့လာတဲ့ ပါတီဝင်ဦးရေအချက်အလက်တွေကို လဝကနဲ့ ကော်မရှင်က စစ်ဆေးပြီး မှားယွင်းနေတဲ့…