Author: Baby Yit Lone

  • နမခတွင် ရှေ့တန်းပို့ခံရသည့် ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

    နမခတွင် ရှေ့တန်းပို့ခံရသည့် ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

    မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးတယောက် ဖေဖော်ဝါရီ ၇ ရက် ညက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်သွားတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရှေ့တန်းမထွက်ချင်လို့ တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျအောင် ငွေပေးပြီး နေရာဝယ်ခဲ့တဲ့ ဗိုလ်ကြီးရဲမျိုးသူကို စခန်းမှူးက ရှေ့တန်းစေလွှတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်ခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “ရှေ့တန်းမထွက်ချင်လို့ နမခ စခန်းမှူးရုံးမှာ တာဝန်ကျအောင် နေရာကို ငွေပေးဝယ်ထားတာ။ စခန်းမှူးက ချင်းပြည်နယ်ဘက်ကို စစ်ဆင်ရေးတွဲလိုက်လို့ စိတ်ဓာတ်ကျပြီး သတ်သေသွားတာ။ သတ်သေမယ်ဆိုလည်း သေချင်စရာ၊ ချင်းဘက်ကိုသွားတဲ့ စစ်ကြောင်းတွေက သွားတဲ့အဖွဲ့မှန်သမျှ အရာရှိတွေ ပြန်ပါမလာတာ များတယ်။” ဗိုလ်ကြီးရဲမျိုးသူမှာ မူလက အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ တပ်ရေးဗိုလ်ကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းမှာ…

  • ရန်ကုန်တွင် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး ကျန်းမာရေးအားနည်းသူများအတွက် ထိခိုက် နိုင်ခြေရှိဟု သတိပေး

    ရန်ကုန်တွင် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး ကျန်းမာရေးအားနည်းသူများအတွက် ထိခိုက် နိုင်ခြေရှိဟု သတိပေး

    ရာသီဥတု ခြောက်သွေ့လာသည်နှင့်အမျှ ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး၊ အဆိုပါအခြေအနေသည် ကိုယ်ခံအားနည်းသူများအတွက် ကျန်းမာရေးထိခိုက်နိုင်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။ ရန်ကုန် (ကမ္ဘာအေး) ရှိ လေအရည်အသွေး စောင့်ကြည့်တိုင်းတာရေးစခန်းမှတစ်ဆင့် လေထုအတွင်းရှိ အချင်း ၂.၅ မိုက်ခရိုမီတာနှင့် အောက်သေးငယ်သော အမှုန်အမွှားများ (PM 2.5) ကို တိုင်းတာရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လေထုညစ်ညမ်းမှု သိသိသာသာ ရှိနေခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ၏ လေထုအရည်အသွေး တိုင်းတာချက်များအရ လေထုအရည်အသွေး အသင့်အတင့် (အဝါရောင်အဆင့်) ရှိသည့်နေ့ရက် ၈ ရက်သာရှိပြီး ကျန်းမာရေးအားနည်းသူများနှင့် ခံနိုင်ရည်နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သည့် (လိမ္မော်ရောင်အဆင့်) မှာ ၂၃ ရက်အထိ…

  • စစ်ကော်မရှင်တပ်စွဲခဲ့ဖူးတဲ့ ရွာတရွာရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးဖို့ ဒေသခံတွေပြင်ဆင်

    စစ်ကော်မရှင်တပ်စွဲခဲ့ဖူးတဲ့ ရွာတရွာရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးဖို့ ဒေသခံတွေပြင်ဆင်

    ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ တပ်စွဲထားခဲ့ဖူးတဲ့ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာတစ်ခုရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ရွာခံတွေက ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒီအရိုးစုတွေကို တွေ့ရှိထားတာ စစ်ကော်မရှင်တပ်တွေ ဆုတ်ခွာသွားကတည်းကဖြစ်ပေမယ့် ယနေ့ အချိန်ထိ ဆယ်ယူတာတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဖယ်ရှားပေးဖို့ သက်ဆိုင်ရာနယ်မြေခံ တာဝန်ရှိသူတွေကို တောင်းဆိုထားပေမယ့် လာရောက်ဖယ်ရှားပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။ “ရေတွင်းထဲမှာက ထောင်းဆုံ အကြီးမျိုးပေါ့၊ ရေတွင်းဝမှာ ပိတ်ထားတာတွေ့တယ်ပေါ့နော်။ အဲ့ဒါပြန်ဆယ်ထုတ်တဲ့အချိန်မှာ ဝါးနဲ့ထိုးကြည့်တဲ့အခါ ပုဆိုးတွေ ဘောင်းဘီတွေထွက်လာတယ် ပြီး‌‌တော့ အရိုးတွေထွက်လာတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ အဝတ်အစားနဲ့ အရိုးစုတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ လူဘယ်နဦးဖြစ်လဲ ဆိုတာတော့…

  • ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး

    ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး

    ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၃ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး အထိနာ၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီမှစ၍ ညနေ ၅ နာရီ အချိန်အထိ ပေါက်မြို့နယ်တောင်ပိုင်း၊ သီး ချောက်ကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး…

  • တက္ကသိုလ်ကျောင်းသားများအတွက် အခြေခံနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်

    တက္ကသိုလ်ကျောင်းသားများအတွက် အခြေခံနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်

    မြန်မာနိုင်ငံတဝန်း တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေကို အခုပညာသင်နှစ် ၂၀၂၅-၂၀၂၆ အတွက် အခြေခံစစ်ပညာသင်တန်းနဲ့ တန်းမြင့်စစ်ပညာသင်တန်းတွေကို ဖွင့်လှစ်နေတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် အခြေခံစစ်ပညာနဲ့ တန်းမြင့် စစ်ပညာသင်တန်းတွေကို နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ကမာရွတ်၊ ပုသိမ်၊ အမရပူရနဲ့ တောင်ငူမြို့တို့မှာ ဖွင့်လှစ်နေတာဖြစ်ပါတယ်။ ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် စစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းနဲ့ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းဆိုပြီး ဖွင့်လှစ်နေတာပါ။ ဒါ့အပြင် သင်တန်းတွေကို သာမန်သင်တန်းချိန်နဲ့ စခန်းချလေ့ကျင့်ချိန်ဆိုပြီး သင်တန်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး နိုင်ငံတဝန်း စစ်မှုထမ်းဖို့ လူငယ်တွေကို ‌ခေါ်ဆောင်နေသလို တက္ကသိုလ်စာသင်ကျောင်းတွေမှာလည်း နှစ်စဥ် စစ်ပညာတွေကို သင်တန်းပို့ချ‌ပေးနေတာလည်း ဖြစ်ပါတယ်။