Author: Baby Yit Lone
-

KNLA တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေ
KNLA တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတယ်လို့ NUG ရဲ့ အထူးတိုင်းစစ်ဌာန ထုတ်ပြန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေနဲ့အတူ စခန်းသိမ်းတိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ အသစ်ဖွဲ့စည်းထားတဲ့ အထူးတိုင်းစစ်ဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အထူးတိုင်းစစ်ဌာနဟာ KNLA တပ်ဖွဲ့တွေနဲ့အတူ ဖာပွန်မြို့သိမ်းတိုက်ပွဲ၊ အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲနဲ့ ထိုင်း-မြန်မာနယ်စပ် စခန်းသိမ်းတိုက်ပွဲတွေကို ဖော်ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အထူးတိုင်းစစ်ဌာနကို ကရင်ပြည်နဲ့ မွန်ပြည်မှာ အခြေပြု ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နည်းဗျူဟာတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ စစ်ရေးလှုပ်ရှားမှုအနေနဲ့ KNU/KNLA တပ်တွေနဲ့အတူ ကရင်ပြည်၊ မွန်ပြည်နဲ့ ရေး-ထားဝယ်ဒေသတွေအပြင်…
-

ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့ပါတယ်။ အဲ့ဒီထဲက သံခွန်သင်္ဘောတစ်ချို့ဟာ ကသာမြို့ဆိပ်ကမ်းမှာရပ်နားထားခဲ့တာ ဒီနေ့အထိဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာဘဲ ဗန်းမော်မြို့ဆီဆန်တက်ဖို့အတွက်ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “အဲ့တုန်းက ၄ စီးကျန်ထားခဲ့တာ။ အဲ့တာကိုကသာအတွက်လိုအပ်လို့ချန်တယ်လို့ဘဲထင်တာ။ အခုကအဲ့လိုမဟုတ်ဘဲ ၄ စီးကို သဲအိတ်တွေတအားပြင်ဆင်နေကြတာ။ အဲ့တာကိုဗန်းမော်ကိုတက်ပြီးတော့မှကျန်တဲ့ပစ္စည်းတွေ နောက်ထပ် စစ်ကူတစ်ချို့တွေ ဗန်းမော်ကိုထပ်ပို့မယ်အဲ့လိုယူဆနေကြတယ်။ သတင်းကလည်းအဲ့လိုရနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီက ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက် ကသာမြို့ဧရာဝတီမြစ်နံဘေးက အရပ်သားတွေဆီကသံခွန်တစ်စီးကိုချောဆွဲထားပြီးအထက်ကိုဆန်တက်ဖို့ပြင်ဆင်နေတဲ့သံခွန်သင်္ဘော ၅ စီးထိရှိပြီး ပြင်ဆင်နေတာတစ်ပတ်ဝန်းကျင်ရှိလာပြီလို့သိရပါတယ်။ “ဒီလအတွင်းလောက်ကိုအောက်ကိုစုန်ဆင်းမယ်လို့တော့ အဲ့လိုတော့သိထားရတယ်။ ရေကြောင်းကလည်း ကိုးလပိုင်းနောက်ပိုင်းဆိုရေကြောင်းကကြပ်ပြီဆိုတော့လေ။ ဒီလကိုစုန်ဆင်းမယ်လို့ကြားထားရတယ်”လို့အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။…
-
ဥတ္တရသီရိမြို့နယ်၌ မုဒိမ်းကျင့် သတ်ဖြတ် လုယက်သူ ၂ ဦး ဖမ်းမိ
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာမှာ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ကာ ရွှေထည်ပစ္စည်း လုယက်ခဲ့သူ ၂ ယောက် ကို စက်တင်ဘာ ၁ ရက် ည ၇ နာရီက ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ည ၇ နာရီက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေလုပ်ငန်းခွင်ထဲမှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ယောက်ကို ရဲတွေက ဖမ်းမိခဲ့ပြီး ဥတ္တရသီရီမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “လုတဲ့သူတွေကို မနေ့ညက ဇမ္ဗူသီရိက ပန်းရန်ဆိုက်ထဲမှာ မိတယ် ပြောတယ်။ လုသွားတဲ့ နားကပ်ရော လက်စွပ်ရော ပြန်ရတယ်။ လုတဲ့သူတွေက ဒီက မဟုတ်ဘူး။ တခြားမြို့နယ်က ပန်းရန်လာလုပ်တဲ့သူတွေ။” လတ်တလောမှာတော့ ဖမ်းဆီးခံထားရတဲ့ သောင်းဝင်းအောင် (ခ)…
-

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် တပ်စခန်းများကို အထူးတိုင်းစစ်ဌာန တိုက်ခိုက်သိမ်းပိုက်
ကရင်၊ တနင်္သာရီနှင့် ထိစပ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် တပ်စခန်းများကို အထူးတိုင်းစစ်ဌာန တိုက်ခိုက်သိမ်းပိုက် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိစပ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် အထိုင်စခန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာနက တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လာသည်။ ထိုအထူးတိုင်းစစ်ဌာနကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အခြေပြု ဖွဲ့စည်းထားသော PDF နည်းဗျူဟာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များဖြင့် စုဖွဲ့ထားပြီး စစ်ကော်မရှင်၏ အဆိုပါတပ်စခန်းများအား ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မဲပလီဗျူဟာ စခန်းကုန်းနှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို…
-

ပဲခူးမြို့ပေါ် ရပ်ကွက် ၅ ခုမှ ပြည်သူ့နေအိမ် ရာပေါင်းများစွာကို ယနေ့အပြီး ဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေး
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်း တော် ၏ ကျုံးနှင့်မြို့ရိုးကို ပြန်လည်တူးဖော်ရန် ပဲခူးမြို့ပေါ် ရပ်ကွက် ၅ ခုမှ ပြည်သူ့နေအိမ် ရာပေါင်းများစွာကို ယနေ့အပြီး ဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်း တော် ၏ကျုံးနှင့်မြို့ရိုးကို ပြန်လည်တူးဖော်ရန် ပဲခူးမြို့ပေါ်ရပ်ကွက် ၅ ခုမှ ပြည်သူပိုင်နေအိမ် ရာပေါင်းများစွာကို ယနေ့ အပြီးဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေးလာကြောင်း နေအိမ် အဖျက်ခံရမည့် ပြည်သူများက ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဩဂုတ်လ ၃ ရက်နေ့ ပဲခူးသို့ လာရောက်ခဲ့ပြီး ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအခြေအနေကို လာရောက် လေ့လာခဲ့ကြောင်း၊ ဟံသာဝတီမြို့တော်ဟောင်းနေရာကို ပြန် လည် ဖော်ထုတ်ရန်၊ ဟံသာဝတီမြို့ဟောင်း၊…