Author: Baby Yit Lone
-

အင်တာနက်ထိန်းချုပ်မှုတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge အဓိကပါဝင်နေ
စစ်ကော်မရှင်၏ အင်တာနက်ထိန်းချုပ်မှုတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge အဓိကပါဝင်နေပြီး VPN အသုံးပြုသူများကိုပင်ခြေရာခံနိုင် စစ်ကော်မရှင်၏ အင်တာနက်အသုံးပြုမှု ထိန်းချုပ်ရေးတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge သည် အဓိကပါဝင်နေပြီး VPN အသုံးပြု၍ အင်တာနက်ကျော်ခွသူများကိုပင် ခြေရာခံနိုင်သည့်စနစ်ကို ရောင်းချနေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။ JFM ၏ ထုတ်ပြန်ချက်တွင် တရုတ်ကုမ္ပဏီ Geedge နှင့်ပတ်သက်သော လျှို့ဝှက်စာရွက်စာတမ်းများ တစ်သိန်းကျော် ပေါက်ကြားခဲ့ပြီး ထိုစာရွက်စာတမ်းများတွင် မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့သို့ တရုတ်၏ ဆင်ဆာပိတ်ပင်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေးစနစ်များကို တိတ်တဆိတ်ရောင်းချနေသည်ဟု ဖော်ပြထားသည်။ လူမှုကွန်ရက်သုံးစွဲသူ ၃၃.၅ သန်းကို ထောက်လှမ်းထိန်းချုပ် စစ်ကော်မရှင်သည် ပြည်တွင်းတယ်လီကွန်းအော်ပရေတာများ၏ အကူအညီဖြင့် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူ ၃၃.၅ သန်း၏ အွန်လိုင်းလှုပ်ရှားမှုများကို ဘက်စုံထောက်လှမ်းခြင်း၊…
-

ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား
လားရှိုးရောက် စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား ကျောက်မဲ တိုက်ပွဲကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ရှောင်လာတဲ့ သူတွေကို စစ်ကောင်စီရဲ့ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လာကူပေးတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ဆန်ဆိုင်ပိုင်ရှင် ပြန်လာသယ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှာ လားရှိုးမြို့ ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုရုံးရှိ စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က လာရောက်တွေ့ဆုံခဲ့ရာ ဆန်အိတ် ၁၄၀ အပါအဝင် ကြက်ဥ၊ ဆီ နဲ့ ခေါက်ဆွဲထုပ်တွေကို လာရောက်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ မနေ့ စက်တင်ဘာ ၁၆ ရက်မှာတော့ ဆန်ပိုင်ရှင်ဘက်က ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုရုံးရှိ…
-

တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့
တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့ကာ Non CDM တွေကို ခေါ်ထုတ်ပြီးနောက် မြို့ပြင်ထွက်ခွင့် ပိတ်လိုက်လို့ မြို့ခံတွေပိတ်မိနေ တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီးကို က ဗုံးကြဲခဲ့ပြီးနောက် မြို့ပေါ် ရှိ Non CDM ဝန်ထမ်းတွေကို ရှမ်းနီအမျိုးသားတပ်မတော်-SNA တပ်က ၎င်းတို့စိုးမိုးထားတဲ့ မြို့နယ် အနောက်ခြမ်းကို ခေါ်ထုတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ရဲ့ ကာကင်းစခန်းတွေ ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် Non CDM ဝန်ထမ်းနဲ့ မိသားစု ၂၀၀ ကျော်ကို စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ ကားတွေနဲ့ အသီးသီးပြောင်းရွှေ့လိုက်တာလို့ ဆိုပါတယ်။ “အနောက်ခြမ်းဘက်ပြောင်းနေလိုက်ပြီဗျ။ စကစလက်အောက်ခံ ဝန်ထမ်းတွေကိုလေ။ အနောက်ခြမ်း ကျတော့ ရှမ်းနီးက…
-

ဆင်ပေါင်ဝဲ မြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၃ ဦးသေ (ရုပ်/သံ)
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်သားနဲ့ ရဲတွေ စီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆင်ပေါင်ဝဲမြို့နယ်မှူးနဲ့ စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသလျက်ရှိတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ်(၅)တပ်ရင်း ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Video-သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း
-

ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ပါးနှင့် အဘွားဖြစ်သူ သေဆုံး
အသက်မပြည့်သေးသည့် ကလေး ၃ ဦးသာ ဒဏ်ရာများနှင့် ကျန်ရစ်ခဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (၁၀၂) ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါဗျားခူကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် အဘွား၊ အမေ၊ အဖေနဲ့ ကလေးသုံးယောက်အပါအဝင် ၆ယောက် ရှိတဲ့ မိသားစုတစ်စုကို ထိမှန်ခဲ့ရာ အဘွားဖြစ်သူ ဒေါ်မီမာ…