Author: Baby Yit Lone
-

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်
ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး မျက်မြင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူများထဲမှ ၃ ဦး…
-

တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရ
တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရသည့်အပြင် သတင်းမပေါက်ကြားစေရန် သတိပေးသည့်အတွက် မိသားစု စိုးရိမ် ပျောက်ဆုံးပြီး ၆ ရက်အကြာ၌ အလောင်းသာပြန်လည်တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ အ.ထ.က(၄) မှ ၉ တန်း ကျောင်းသား စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲများက မိသားစုအား ပွင့်လင်းမြင််သာမှုမရှိသဖြင့် အမှုမှန် မပေါက်မည်ကို မိသားစုက စိုးရိမ်နေရကြောင်း သိရသည်။ ယင်းအမှုတွင် သံသယတရားခံအဖြစ် စိုင်းအေနှင့် အတူသွားသူ သန့်ဇင်ကို ဖမ်းမိထားသော်လည်း စစ်ဆေးချက်များကို သေဆုံးသူ မိသားစုမှ မသိရကြောင်း၊ ထို့အပြင် အမှုကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများနှင့် ပြင်ပသို့ မပေါက်ကြားစေရန်နှင့် ပေါက်ကြားပါက တရားခံဖက်က အသာစီးရသွားနိုင်သည်ဟု တောင်ကြီးအမှတ် (၂) စခန်းမှ…
-

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ မန္တလေးမြို့ နန်းတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လက်နက်ငယ် ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မန္တလေးမြို့ပေါ်တွင်…
-

စစ်ကိုင်းနှင့် ကလေးတွင် စစ်တပ်ဂိတ်နှင့် စစ်ကူကားများ တိုက်ခိုက်ခံရ
စစ်ကိုင်းနှင့် ကလေးတွင် စစ်တပ်ဂိတ်နှင့် စစ်ကူကားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ကလေးမြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်ဂိတ်နဲ့ စစ်ကူကားတွေ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက် ၈ ယောက်သေဆုံးကာ အများပြားထိခိုက်သွားတယ်လို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ ကသတင်းထုတ်ပြန် ထားပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို မတ္တရာမြို့နယ် ပကဖနဲ့ နယ်မြေခံတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဂိတ်နဲ့ တော်လှန်ရေးတပ်တွေ နာရီဝက်လောက် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ယောက် မျက်မြင်သေဆုံး ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ “အင်အား ၃၀ နဲ့ ၅၀ ကြားရှိတဲ့အထိုင်ဂိတ်ပါ။…
-

အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် တင်ပို့ခဲ့
အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅,၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅,၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ အီရန်က မြန်မာစစ်တပ်သို့ လေ ယာဉ်ဆီလောင်စာ တန်ချိန် ၁၇၅,၀၀၀ ခန့်ကို သင်္ဘောဖြင့် ၉ ကြိမ် ပို့ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့သည့် သင်္ဘောများမှာ Reef နှင့် Noble ဟု အမည်ရသည့် သင်္ဘောများဖြစ်ပြီး ခရီးလမ်းကြောင်းကို…