Author: Baby Yit Lone
-

ဗင်နီဇွဲလားသမ္မတ တိုင်းပြည်မှ ထွက်ပြေးရန် ထရမ့်ပ် ရာဇသံပေးထားဟု သတင်းထွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို ရာထူးစွန့်ပြီးတော့ တိုင်းပြည်က ချက်ချင်းထွက်ပြေးဖို့ ရာဇသံပေးခဲ့တယ်လို့ Miami Herald သတင်းစာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Fox News နဲ့ တခြားသတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားသင့်ကြောင်း မကြေညာမီမှာ အခုလို တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ သမ္မတထရမ့်ပ် ကတော့ မာဒူရိုနဲ့ ဖုန်းပြောခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း နိုဝင်ဘာ ၃၀ ရက်က အတည်ပြုခဲ့ပေမဲ့ ဆွေးနွေးမှု အဆိုးအကောင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဖုန်းပြောဆိုမှုအတွင်းမှာ မာဒူရိုသာ ချက်ချင်း ရာထူးကဆင်းမယ်ဆိုရင် သူ့ဇနီးနဲ့ သား အပါအဝင် မိသားစုလိုက် ဘေးကင်းလုံခြုံစွာ ထွက်ခွာခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမဲ့ မာဒူရိုဘက်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်…
-

Kaiju Glam Metal Shark Attack
Kaiju Glam Metal Shark Attack (2024) အာကာသထဲမှာ ဗီဇပြောင်းလဲစမ်းသပ်ပစ္စည်းတွေသယ်ဆောင်ထားတဲ့ ဂြိုလ်တုတစ်ခုဟာ စက်ချို့ယွင်းပြီး ကမ္ဘာမြေပေါ်ပျက်ကျရာက ရေကန်ထဲမှာငါးမျှားနေတဲ့ ငါးဖမ်းသမားပေါ်ကို ပြုတ်ကျရာကနေ ဗီဇပြောင်းလဲမှုတွေဖြစ်ပြီး ဧရာမငါးမန်းလူသားကြီးအသွင်ကိုပြောင်းလဲသွားပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မြို့ကြီးကို စတင်ဖျက်ဆီးပါတော့တယ်.. ထူးဆန်းစွာနဲ့ငါးမန်းလူသားဟာ ရော့ကင်ရိုးသီချင်းတွေကြားရင် ပိုကြီးကြီးထွားလာပါတယ်.. ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာတော့..
-

နတ်တလင်းတွင် ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် ပြည်သူ ၃၀ ခန့် ဖမ်းဆီးခံရ
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာ ၂၀ ကျော်မှာ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ပြည်သူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်တလင်းမြို့ရဲ့ အနောက်ခြမ်းမှာရှိတဲ့ ထိပ်ပိတ်ရွာ၊ ကွက်ကြီးရွာ၊ ရွှေကြာပင်ရွာ၊ အောင်ပင်သာရွာ၊ လှပခြင်းရွာ၊ ပွတ်စုရွာ၊ နွယ်ခွေရွာ၊ လဲတောရွာ၊ တောင်ယာတောရွာ၊ ရေမွေးရွာ၊ ချောက်ခမ်းရွာ၊ ကုလားတက်တွင်းရွာ၊ တောင်ရေကန်ရွာ၊ အောင်ချမ်းသာရွာ၊ ချင်းကုန်းကံရွာ၊ ပွဲသာရွာ၊ ကြာကံရွာ၊ လှေကြပ်ကုန်းရွာ၊ ဂွေးကြီးရွာနဲ့ ဂွေးလေးရွာတွေက ပြည်သူတွေက စစ်ကောင်စီတပ် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပါတီဆိုင်းဘုတ်တွေ မီးရှို့ခဲ့တယ်လို့ သံသယရှိသူ အမျိုးသား အယောက် ၃၀ ဝန်းကျင်ကို…
-

Paanch Minar
Paanch Minar (2025) “ပန့်ချ်မီနာ” တေလဂူး ဟာသဇာတ်လမ်းလေးကို ပရိတ်သတ်တို့အမောပြေစေဖို့ တင်ဆက်ပေးပါရစေ။ ချိုတူးက သူ့ရဲ့လုပ်ငန်းရှင် အဖေကြီးကို အသက် ၇၅ နှစ်ပြည့်မွေးနေ့ စပရိုက်တိုက်ဖို့ကြံရင်း သူ့အဖေကြီး လုပ်ကြံခံလိုက်ရတဲ့အခါမှာ သူ့အဖေအင်ပါယာကြီးကို အမွေဆက်ခံရပါတော့တယ်။ တစ်ဖက်မှာတော့ ချစ်သူကောင်မလေးကို လက်ထပ်ချင်ပေမယ့် အလုပ်အင်တာဗျူးတောင် တစ်ခုမှ မအောင်သေးတဲ့ ကစ်တူဆိုတဲ့ အညတရလေးက ရုန်းရင်းကန်ရင်းနဲ့ ခုနကဂိုဏ်းကြီးနဲ့ မတော်တဆပတ်သက်မိရာကနေ ဘယ်လိုအလွဲလေးတွေ ဖြစ်လာမလဲဆိုတာကိုတော့ ပရိတ်သတ်တို့ပဲ ဆက်လက်ကြည့်ရှုအားပေးပါဦး။
-

Gayong
Gayong (2025) ဒီဇာတ်လမ်းကတော့ မလေးရှား ကိုယ်ခံပညာရပ်တစ်ခုဖြစ်တဲ့ Silat Gayong ကို တည်ထောင်ခဲ့တဲ့ ဆရာကြီး Dato’ Meor Abd Rahman ရဲ့အကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ လာနယ်ချဲ့တဲ့ရန်ကနေ ကိုယ့်မြေကို ကာကွယ်ခဲ့တဲ့ Dato’ Meor Abd Rahman ရဲ့ဘဝနဲ့ ရုန်းကန်မှုတွေကို ကြည့်ရှုရမှာဖြစ်ပြီး Meor အဖွဲသားတွေရဲ့ စည်းလုံးမှုကို ဖော်ကြူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။