Author: Baby Yit Lone

  • ကားအစီး ၁၀၀ ခန့်ဖြင့် မိုးကုတ်ကို စစ်ကောင်စီ ဝင်ရောက်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လက်လွှတ်ဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို နိုဝင်ဘာ ၂၈ ရက်ညမှာ ကားအစီး ၁၀၀ ဝန်းကျင် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးရဲ့ တာဝန်ရှိသူ ကိုအော်စမွန်က အတည်ပြုပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ်လမ်းအတိုင်း ဝင်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတင်းအချက်အလက်ရယူဖို့တောင် မလွယ်တဲ့ အခြေအနေဖြစ်ပါတယ်။ မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာပဲ အခြေချခွင့်ပြုထားတာပါ။ လတ်တလောမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ မြို့ပတ်ချာလည်မှာရှိနေဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်မှာ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက ပြောပါတယ်။ “အထဲကလည်းသူက အဆက်အသွယ်အကုန်ဖြတ်ထားတာ။ Star Link တွေဘာတွေ…

  • ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်

    ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်

    ရပ်ဆိုင်းထားသော ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် မင်းအောင်လှိုင်က ဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင် ရပ်ဆိုင်းထားသော ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် မင်းအောင်လှိုင်က ဦးဆောင် အဖွဲ့ ဖွဲ့စည်းလိုက်ပြီး တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်လိုက်ကြောင်း စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းအရ သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်း သိရှိရသည်။ ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးက ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးက ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ကာ…

  • Premistunnaa

    Premistunnaa

    Premistunnaa (2025) “အစွဲအလမ်းကြီးသူ” ဒီတစ်ခါမှာတော့ တေလဂူးစကားပြော ရိုမန့်/ဒရာမာ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာလေးတစ်ရွာကနေ ရပ်ကွက်တစ်ခုဆီ‌ ပြောင်းလာတဲ့ အမေတစ်ခု သားတစ်ခုကို ဖော်ရွေတဲ့ ကောင်မလေးတစ်ယောက်က ထရပ်ကားပေါ်ကနေ ပစ္စည်းတွေဝိုင်းကူသယ်ပေးရင်း ကောင်လေးတစ်ယောက် သူ့ကို မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ သူ့စိတ်အခြေအနေနဲ့ အမူအရာက ထူးဆန်းနေတော့ နားမလည်နိုင်တဲ့ ကောင်မလေးမှာတော့ ဒါကို အထင်လွဲရာမှတဆင့် ဘယ်လိုတွေဆက်ဖြစ်မှာလဲ မိခင်တစ်ယောက်ရဲ့ ဒုက္ခနဲ့ ရှုပ်ထွေးတဲ့တစ်ဖက်သတ်အချစ်တို့ကို ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ရှုစားအားပေးကြပါဦး။

  • Predator: Badlands

    Predator: Badlands

    Predator: Badlands (2025) Predator ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးဖြစ်လာတဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါ။ Prey နဲ့ Killer of Killers တွေရဲ့ ဒါရိုက်တာ Dan Trachtenberg ပဲ ဖန်တီးထားပြီးမင်းသမီးအယ်လ်ဖန်းနင်း ပါဝင်ထားပါတယ်။ Predator ကို hero အဖြစ် တင်ရိုက်ထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ထရေလာထွက်ကာစက အထင်သေးနေကြပေမဲ့ တကယ်ထွက်လာတဲ့အခါ ဇာတ်လမ်းရော အက်ရှင်ရော ကောင်းနေတာမို့ အတော်အားပေးမှုတွေ ရထားပါတယ်။ ဇာတ်လမ်းအကျဉ်း Predator တွေ ဖြစ်တဲ့ ယောက်ဂျားမျိုးနွယ်ဝင်တွေဟာ သူတို့မျိုးနွယ်ထဲက အကောင်သေးတဲ့သူ ပျော့တဲ့သူဆို ရှင်းပစ်တာ များပါတယ်။ အဲဒီလို ရှင်းပစ်ခံရမဲ့ အကောင်သေး ဒက်ခ် ဟာ သူ့အစ်ကိုရဲ့ကျေးဇူးနဲ့ ထွက်ပြေးလွတ်မြောက်လာပြီး predator တစ်ယောက်မှမသ-တ်နိုင်သေးတဲ့ ကာလစ်ဆိုတဲ့ အကောင်ကြီးကို အမဲလိုက်ဖို့…

  • ရွှေညာမြေမှ ချစ်တေးသံ

    ရွှေညာမြေမှ ချစ်တေးသံ

    ️အခန်း (၁)️ နာမည်က နှင်းဝေ။ ဒီဇင်ဘာလ နှင်းတွေကျတဲ့အချိန်ကြီးမွေးလို့ အလွယ်တကူနဲ့ လှလှလေး ပေးထားကြတာ။ ဆွေမျိုးထဲမှာ သမီးမိန်းကလေးဆိုလို့ နှင်းဝေတစ်ယောက်ထဲ။ ဝမ်းကွဲဆိုလို့ မောင်တွေ အစ်ကိုတွေချည်း။ ဒါ့ထက်ဆိုးတာ နှင်းဝေရဲ့ဦးလေးက ရပ်ကွက်လူမိုက်။ ဓါးထိုးမှုနဲ့ ထောင်ထဲကထွက်တဲ့အချိန် တူမလေးမွေးမှ မိုက်တာရပ်တော့တာ။ နှင်းဝေ မွေးကတည်းက တစ်ဆွေတစ်မျိုးလုံး စီးပွားတက်တော့ အကုန်လုံးက ဝိုင်းချစ်ကြတာပေါ့။ ဦလေးကလည်း လူမိုက်၊ အစ်ကိုတွေ မောင်တွေကလည်း များတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားကမရ။ ညားမယ့်ညားတော့လည်း အညာသားနဲ့မှ ညားတော့တာ။ အပျိုကြီးပေါက်စဖြစ်နေတဲ့အချိန် အသက် ၃၅။ ရန်ကုန်လာပြီး အလုပ်လုပ်တဲ့ မလည်မဝယ် အညာသားနဲ့ ညားပါလေရော။ မောင်အညာသားက ရန်ကုန်မှာ အဲကွန်းတွေပြင်တယ်။ အဲ့တုန်းက နှင်းဝေ အဆောင်နေတုန်း။ အဲကွန်းလာပြင်တဲ့ မောင်အညာသားနဲ့ငြိပြီး အပိုင်ဝိုက်ပစ်လိုက်တာ။…