Author: Baby Yit Lone

  • သီပေါမြို့ထဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၊ ဌာနဆိုင်ရာရုံးများ မီးလောင်

    သီပေါမြို့ထဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၊ ဌာနဆိုင်ရာရုံးများ မီးလောင်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်တွေက ကျောက်မဲကနေ သီပေါဘက်ကို ထိုးစစ်ဆင်တာဖြစ်ပြီး အခုရက်ပိုင်းမှာ သီပေါမြို့အနီးထိ စစ်ကြောင်းထိုး ဝင်ရောက်လာကာ သီပေါမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အခုလို မနေ့ညက မြို့ထဲ ဝင်ရောက်လာတာပါ။

    သီပေါဒေသခံ အမျိုးသားတယောက်က “သေချာပြီဗျ။ စစ်ကောင်စီတွေ မြို့ထဲဝင်ပြီ။ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီလောက်က” လို့ ပြောပါတယ်။

    စစ်တပ်က သီပေါမြို့ထဲ ဝင်ရောက်ခါနီး အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီခွဲလောက်ကစပြီး သီ‌ပေါမြို့ရှိ ဌာနဆိုင်ရာရုံးတချို့နဲ့ ဟိုတယ်တခု မီးလောင်ကျွမ်းကြောင်း ဒေသခံတွေက ပြောပါတယ်။

    သီပေါမြို့ခံ နောက်တယောက်က “ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီးတွေ မီးလောင်တာ။ ရှို့မီးပါ။ ဘယ်ဘက်က ရှို့တာလဲတော့ မသိဘူး။ ဟိုတယ်သီပေါမှာတော့ အမိုး slab ပေါ် လောင်နေတာကြောင့် လက်နက်ကြီးကျလို့ လောင်တာထင်တယ်။ ည ၈ နာရီထိ လောင်နေတယ်” လို့ ပြောပါတယ်။

    အရပ်ဝတ်နဲ့ မျက်နှာဖုံးအုပ်ထားတဲ့ လူ ၄ ယောက်က မီးလိုက်ရှို့နေတာတွေ့ရပြီး နေအိမ်တွေနဲ့ နီးကပ်တဲ့ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးကို ဒေသခံတချို့ မီးလိုက်ငြှိမ်းသတ်နေချိန် မိုးရွာလာတာကြောင့် ဟိုတယ်သီပေါကလွဲပြီး နာရီဝက်လောက် အကြာမှာ မီးလောင်နေတာတွေ အကုန်လုံး ငြိမ်းသွားတယ်လို့ ဒေသခံက ပြောပါတယ်။

    မြို့ထဲ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေချိန် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေလည်း ကြားရပြီးနောက် သီပေါ ဒုဌဝတီတံတားလည်း အဝင်၊ အထွက် ပိတ်သွားတယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၁၆ ရက် ဒီမနက်မှာတော့ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုထက် ဒရုန်းတွေ အဓိက အသုံးပြု ပစ်ခတ်တိုက်ခိုက်သံ ကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။

    သီပေါမြို့ရဲ့ မြောက်ဘက် မြို့နဲ့ တဖာလုံကျော်လောက် အကွာက ဖာဖိတ်ရွာ၊ နားလွယ်ရွာ အနီးတွေမှာ မနေ့မနက် ၁၁ နာရီကျော်က တိုက်ပွဲပြင်းထန်နေချိန် သီပေါမြို့တွင်းရှိ အရင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေကြောင်း၊ ဌာနဆိုင်ရာရုံးတွေ မီးလောင်ပျက်စီး ဆုံးရှုံးမှု အသေးစိတ် အချက်အလက်တွေကို လက်ရှိ အတည်မပြုနိုင်သေးကြောင်း SSPP ဘက်က သတင်းထုတ်ထားပါတယ်။

    သီပေါမြို့ အစပ်တွေဘက် အောက်တိုဘာ ၁၆ ရက် ညနေပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မကြာခဏ ကြားနေရတယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၁၅ ရက် မနက် ၈ နာရီခွဲခန့်ကစ ညသန်းခေါင်အထိ သီပေါမြို့ အနီး ကောင်းခါးရွာနဲ့ နားခိုင်ရွာတွေဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကောင်းခါးရွာက အသက် ၆၀ အရွယ် လုံးထွန်းလ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကာ နေအိမ်တချို့၊ ဘုန်းကြီးကျောင်း၊ စေတီတွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

    သီပေါမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၁၃ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

  • ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက  ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ အပြင်းအထန်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာ

    ရွှေ၊ငွေ၊ ဖုန်းနှင့်ဆိုင်ကယ်ကိုလည်း စစ်သားများက လုယက်

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ နှိပ်စက်ညှဉ်းပန်းခံထားရသော ဒဏ်ရာအပြည့်ဖြင့် ထွက်ပြေး လွတ်မြောက်လာကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက် စစ်သားများက ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာမှ တန့်ဆည်နယ်ဘက်သို့ ကထိန်ခင်းရန် သွားသော ဦးကျော်မျိုးနှင့် ဒေါ်အေးမာဦးတို့ လင်မယား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ဒေါ်အေးမာဦး ဝတ်ဆင်ထားသော ဆွဲသီးပါ ရွှေဆွဲကြိုး ၂ ခု ၊ ၁ ကျပ်သားရွှေအခဲ ၁ ခု ၊ နားကပ် ၁ ခု၊ လက်ကောက် ၁ ခု စုစုပေါင်း​ ရွှေ ၃ ကျပ်သားနှင့် ငွေသား ၇ သိန်း ၊ ဖုန်း ၃ လုံး ၊ ဆိုင်ကယ် ၁ စီး တို့ကို လုယက်ခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် ခင်ပွန်းဖြစ်သူ ဦးကျော်မျိုးကိုလည်း စစ်တပ်က ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ဒဏ်ရာများရရှိထားသော ဦးကျော်မျိုးမှာ စံပယ်နံ့သာ ပျူစောထီး အထိုင်စခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းထံသို့ ရောက်ရှိလာကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က ယင်းကဲသို့ ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူနေသဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အကြမ်းဖက် စစ်တပ် တပ်စခန်းများရှိရာ နေရာများကို သတိပြု ရှောင်ရှားသွားလာကြပါရန် ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက သတိပေးပြောဆိုသည်။

    ဓာတ်ပုံ- ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာသော ဦးကျော်မျိုး။

  • Ponyboi

    Ponyboi

    Ponyboi (2025)

    Intersex ဒွိလိင်တစ်ဦးဖြစ်သူ ပိုနီဘွိုင်းဟာ မိဘများနှင့် ဆက်ဆံရေးမပြေလည်တော့သည့်အတွက် အိမ်ကနေထွက်လာပြီး နယူးဂျာစီမှာ ကိုယ့်ဘဝကိုယ်ကျောင်းရင်း နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီ‌လို့ခေါ်တယ့် လူတစ်ယောက်ရဲ့အကူအညီနဲ့ နေစရာရော အလုပ်အကိုင်ပါရရှိခဲ့ပါတယ်။ သို့ပေမယ့်အလုပ်အကိုင်က ကောင်းရောင်းကောင်းဝယ်တော့မဟုတ်ပါဘူး။

    နေ့ခင်းဘက်မှာ အဝတ်လျှော်လုပ်ငန်းလုပ်ရပေမယ့် ညခင်းဘက်မှာတော့ ပြည့်တန်ဆာတစ်ဦးအဖြစ်နဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်များနှင့်ပါ ပတ်သတ်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီကိုယ်တိုင်က ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးရဲ့ခင်ပွန်းဖြစ်ပေမယ့် ပိုနီဘွိုင်းအပါအဝင် မိန်းမတစ်ကာနှင့် ပတ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ပိုနီဘွိုင်းနဲ့ ဗင်နီရဲ့မိန်းမ အိန်ဂျယ်လ်နဲ့က အလွန်ခင်မင်ခဲ့ကြပြီး အရင်းအနီးဆုံးသူငယ်ချင်းတွေပါ ဖြစ်လာပါတယ်။

    ဒီလိုမျိုး အရှုပ်ထုပ်တွေနဲ့ပြည့်နေတဲ့ ပိုနီဘွိုင်းတစ်ယောက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကပါ ဒွိဟဖြစ်နေစေတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လက်ခံမှုတစ်ခု၊ ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့ အချိန်တစ်ခုကိုရောက်လာခဲ့ပါတယ်။ ကောင်းမွန်သောရောက်လာခြင်းတော့မဟုတ်ပါဘူး။ အပြဲပြဲအကွဲကွဲဖြစ်ရမယ့် အခြေအနေတစ်ခုနဲ့ပါ။ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။

    ဒီဇာတ်ကားလေးဟာ ၂၀၁၉မှာဒီနာမည်နဲ့ပဲထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပိုနီဘွိုင်းသရုပ်ဆောင်သူဟာလည်း ကိုယ်တိုင်က intersexသရုပ်ဆောင်နှင့် အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဇာတ်ပို့တစ်ဦးဖြစ်သူ ဗင်နီနေရာမှာ မင်းသားချော Dylan O’Brien က ပါဝင်ပေးထားပါတယ်။

    ဒီဇာတ်ကားမှာ intersexတွေရဲ့ဘဝကို ထဲထဲဝင်ဝင်ရိုက်ကူးထားပြီး ratingကောင်းကောင်း criticsကောင်းကောင်း ရရှိထားတဲ့ဇာတ်ကားဖြစ်သည့်အတွက် ကြည့်ရှုလို့ မမှားနိုင်မယ့် ဇာတ်ကားဖြစ်ပါတယ်။

    (ကိုယ်တီးလုံးခန်းများ၊ ဆေးဝါးသုံးစွဲမှုများ၊ ဆဲဆိုခြင်းများပါသည့်အတွက် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ကြောင်း ကြိုတင်အသိပေးပါတယ်ခင်ဗျာ။)

  • Long Live the King: Mokpo Hero

    Long Live the King: Mokpo Hero

    Long Live the King: Mokpo Hero (2019)

    အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ မင်းသား Kim Rae Won နဲ့ မင်းသမီး Won Jin A တို့ အဓိကပါဝင်ထားပြီး .. လူကြမ်းကြီးကနေ နိုင်ငံရေးသမားဖြစ်သွားတဲ့ Action, Ro-com အမျိုးအစားလေးဖြစ်တဲ့ Long Live the King : Mokpo Hero ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်

    ဇာတ်လမ်းအကျဉ်း

    မို့ဖိုမြို့က လူဆိုးခေါင်းဆောင် ဂျန်ဆယ်ချူး (Kim Rae Won) ဟာ ဈေးသည်တွေကို အနိုင်ကျင့်ဗိုလ်ကျပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးပါ…

    တစ်နေ့မှာတော့ မို့ဖိုဗဟိုဈေးကိုဖြိုဖျက်ပြီး အဆင့်မြင့်အပန်းဖြေစခန်းဆောက်ဖို့လုပ်ကြတဲ့ အာဏာရှိလူတွေကြောင့် ဈေးသူဈေးသားတွေ ဆန္ဒပြကြတဲ့အခါ ဖြိုဖျက်ဖို့ကို တာဝန်ယူထားတဲ့ ဂျန်ဆယ်ချူး တစ်ယောက် ..

    ဈေးသူဈေးသားဘက်က ရှေ့နေမလေး ဂန်ဆိုဟျွန်း (Won Jin A) နဲ့ တွေ့ဆုံဖြစ်ပြီး ရှေ့နေမလေးကို မြင်မြင်ချင်း ချစ်မိသွားတဲ့အခါမှာတော့ ..

    ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲဆိုတာကို ရသစုံလင်စွာရိုက်ပြထားတာမို့လို့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦးနော် .

  • Traumatika (2025)

    Traumatika (2025)

    ထိတ်လန့်စရာ Jumpscare များများနဲ့ သရဲကားကောင်း ကြည့်ချင်တဲ့ ပရိသတ်တွေကို

    ဟောလိုဝင်းအမီ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။

    အီဂျစ်နိုင်ငံကလာတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို တားမြစ်ထားတဲ့ကြားကနေ ဖွင့်ကြည့်မိတဲ့

    လူတစ်ယောက်ဟာ မကောင်းဆိုးဝါးနတ်ဆိုးရဲ့ ပူးကပ်ခြင်းကို ခံရပြီးတော့ သူ့ရဲ့ သမီးကလေးတစ်ယောက်

    ဖြစ်သူ အဘီဂေးလ်ဆိုတဲ့ ကောင်မလေးကို နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ခဲ့ပါတယ်။

    အဘီဂေးလ်ဟာ မွေးရာပါ နှုတ်ခမ်းကွဲနေပြီးတော့ လူတောမတိုးတဲ့အပြင် ဖခင်ဖြစ်သူရဲ့ နှစ်ရှည်လများ

    အနိုင်ကျင့်မှုတွေ နှိပ်စက်မှုတွေကြောင့် စိတ္တဇဖြစ်လာခဲ့တာပါ။

    အဲဒီနောက်မှာတော့ သူမဟာ ကလေးငယ်တွေ အများကြီးကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ပြီး

    သူ့ကိုယ်သူလည်း သေနတ်နဲ့ ပစ်သတ် အဆုံးစီရင်သွားခဲ့ပါတယ်။

    ထူးဆန်းတာတစ်ခုက အဘီဂေးလ် ဖမ်းဆီးထားခဲ့တဲ့ ကလေးတွေထဲက မိုက်ကီဆိုတဲ့

    ကလေးတစ်ဦးဟာ ရှင်ကျန်နေခဲ့ပြီး မူမမှန်တဲ့ ပုံစံ ဖြစ်ကျန်ခဲ့တာပါ။

    သူမ ဘာကြောင့် ဒီကလေးတွေကို သတ်ဖြတ်ခဲ့တာလဲ၊ ကျန်ရစ်ခဲ့တဲ့ ကလေးကရော

    ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာကတော့….