📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Ponyboi

Ponyboi (2025)

Intersex ဒွိလိင်တစ်ဦးဖြစ်သူ ပိုနီဘွိုင်းဟာ မိဘများနှင့် ဆက်ဆံရေးမပြေလည်တော့သည့်အတွက် အိမ်ကနေထွက်လာပြီး နယူးဂျာစီမှာ ကိုယ့်ဘဝကိုယ်ကျောင်းရင်း နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီ‌လို့ခေါ်တယ့် လူတစ်ယောက်ရဲ့အကူအညီနဲ့ နေစရာရော အလုပ်အကိုင်ပါရရှိခဲ့ပါတယ်။ သို့ပေမယ့်အလုပ်အကိုင်က ကောင်းရောင်းကောင်းဝယ်တော့မဟုတ်ပါဘူး။

နေ့ခင်းဘက်မှာ အဝတ်လျှော်လုပ်ငန်းလုပ်ရပေမယ့် ညခင်းဘက်မှာတော့ ပြည့်တန်ဆာတစ်ဦးအဖြစ်နဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်များနှင့်ပါ ပတ်သတ်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီကိုယ်တိုင်က ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးရဲ့ခင်ပွန်းဖြစ်ပေမယ့် ပိုနီဘွိုင်းအပါအဝင် မိန်းမတစ်ကာနှင့် ပတ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ပိုနီဘွိုင်းနဲ့ ဗင်နီရဲ့မိန်းမ အိန်ဂျယ်လ်နဲ့က အလွန်ခင်မင်ခဲ့ကြပြီး အရင်းအနီးဆုံးသူငယ်ချင်းတွေပါ ဖြစ်လာပါတယ်။

ဒီလိုမျိုး အရှုပ်ထုပ်တွေနဲ့ပြည့်နေတဲ့ ပိုနီဘွိုင်းတစ်ယောက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကပါ ဒွိဟဖြစ်နေစေတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လက်ခံမှုတစ်ခု၊ ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့ အချိန်တစ်ခုကိုရောက်လာခဲ့ပါတယ်။ ကောင်းမွန်သောရောက်လာခြင်းတော့မဟုတ်ပါဘူး။ အပြဲပြဲအကွဲကွဲဖြစ်ရမယ့် အခြေအနေတစ်ခုနဲ့ပါ။ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။

ဒီဇာတ်ကားလေးဟာ ၂၀၁၉မှာဒီနာမည်နဲ့ပဲထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပိုနီဘွိုင်းသရုပ်ဆောင်သူဟာလည်း ကိုယ်တိုင်က intersexသရုပ်ဆောင်နှင့် အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဇာတ်ပို့တစ်ဦးဖြစ်သူ ဗင်နီနေရာမှာ မင်းသားချော Dylan O’Brien က ပါဝင်ပေးထားပါတယ်။

ဒီဇာတ်ကားမှာ intersexတွေရဲ့ဘဝကို ထဲထဲဝင်ဝင်ရိုက်ကူးထားပြီး ratingကောင်းကောင်း criticsကောင်းကောင်း ရရှိထားတဲ့ဇာတ်ကားဖြစ်သည့်အတွက် ကြည့်ရှုလို့ မမှားနိုင်မယ့် ဇာတ်ကားဖြစ်ပါတယ်။

(ကိုယ်တီးလုံးခန်းများ၊ ဆေးဝါးသုံးစွဲမှုများ၊ ဆဲဆိုခြင်းများပါသည့်အတွက် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ကြောင်း ကြိုတင်အသိပေးပါတယ်ခင်ဗျာ။)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်