Author: Baby Yit Lone

  • ဗုံးလာကြဲသည့် ဂျက်တိုက်လေယာဉ်ကို KNU နှင့် တော်လှန်ရေးတပ်ဖွဲ့က ပြန်ပစ်ခတ်

    ဗုံးလာကြဲသည့် ဂျက်တိုက်လေယာဉ်ကို KNU နှင့် တော်လှန်ရေးတပ်ဖွဲ့က ပြန်ပစ်ခတ်

    တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဝန်းကျင်ကို စက်တင်ဘာ ၁၂ ရက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲချိန် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် တိုက်လေယာဉ် ထိခိုက်မှုရှိတယ်လို့ KNU- MTD ဘက်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ပစ်ခတ်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၁၁) နဲ့ တော်လှန်ရေးပူး‌ပေါင်းတပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်တပ်ရဲ့ တိုက်လေယာဉ်က ထိခိုက်မှုရှိပြီးနောက် မြိတ်မြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးဝန်းကျင်မှာ စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး…

  • အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိန့်တလန့်ဖြစ်နေ

    အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိန့်တလန့်ဖြစ်နေ

    အမေရိကန်စစ်လေယာဉ်နှစ်စင်းသည် မြန်မာလေပိုင်နက်ကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်များ အထိန့်တလန့်ဖြစ်နေကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( စက်တင်ဘာ ၁၂ ရက်) မွန်းလွဲ ၂နာရီ ၃၀ မိနစ်ခန့်တွင် US Air Force ၏ Lockheed Martin C -130 လေယာဉ်နှစ်စင်းသည် မြန်မာနိုင်ငံ ဘုရားသုံးဆူကိုဖြတ်သန်ပြီး ပဲခူးရိုးမအရောက်၌ ပျောက်ကွယ်သွားသဖြင့် စစ်ကော်မရှင်စစ်ခေါင်းဆောင်နှင့် အဆင့်မြင်အရာရှိများ နေပြည်တော်စစ်ရုံး၌ ပြာယာခတ်ကုန်ကြောင်း သိရသည်။ ” နေပြည်တော်တပ်ချုပ်နဲ့ လေကာကဗိုလ်ချုပ်တွေ US ထောက်ပို့ယာဉ်နှစ်စင်း အကြောင်းမကြားဘဲ​ဝင်လာလို့ ပြာယာခတ်ကုန်တယ်။ လေကြောင်းရန်အဖွဲ့တွေကို မသိရမလားဆိုပြီး ကြိမ်းမောင်းတယ် ” ဟု နေပြည်တော်အဆင့်မြင့်အရာရှိအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။ စစ်ကော်မရှင်၏ စစ်လက်နက်ထုတ်လုပ်သည့် ဌာနချုပ်များအများဆုံးတည်ရှိရာ ပဲခူးတိုင်းနှင့် မကွေးတိုင်းအနီးနားတွင် ပျောက်သွားသည့်အတွက် တော်လှန်ရေးအဖွဲ့များနှင့်…

  • စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား

    စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား

    မရမ်းကုန်းမှာ စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၃ နာရီခန့်ကဇေယျာမွန်အိမ်ယာရဲ့အနောက်ဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ “ကောင်လေးက အသက်မကြီးသေးဘူး။ အလွန်ဆုံးရှိ ၃၀ စွန်းစွန်းပဲ။ သူနဲ့အတူ လေးငါးနှစ်သားလောက်ရှိတဲ့ ကလေးလည်းပါတယ်။ ဝိုင်းရိုက်ကြတော့ ကလေးက သားအဖေကို မလုပ်ကြပါနဲ့ ဆိုပြီ ငိုတယ်။ တော်တော်လေးကို စိတ်မကောင်းစရာမြင်ကွင်းပဲ။ လူတွေက ငတ်ပြတ်နေကြပြီလေ”လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။ ဖမ်းဆီးခံရသူကို ရပ်ကွက်ရုံးက အဲဒီနေ့ ညနေပိုင်းမှာပဲ မရမ်းကုန်းနဲ့ လှိုင်မြို့နယ် ကြားမှာရှိတဲ့ စစ်တပ် တပ်ထိန်းရုံးကို ပို့လိုက်တယ်လို့…

  • ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်ကြောင့် ၁၀၀ ကျော် သေဆုံး

    ကျူးလွန်ရာတွင် ပါဝင်သူများကို AA ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟုဆို ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကြောင့် ၁၀၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁၃ ယောက်ရှိခဲ့ကြောင်း AAက ယနေ့ ( စက်တင်ဘာလ ၁၃ ရက်)တွင် သတင်းထုတ်ပြန်သည်။ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်အတွင်း စစ်ကောင်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု ခြောက်ခုကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များတွင် ပြစ်မှု ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို AAက ပြင်းထန်စွာ လက်တုံ့ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းနှစ်ကျောင်းပေါ် ယမန်နေ့…

  • BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

    BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

    သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းယူနိုင်ပြီးနောက် စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ပေါ်က နေရာတော်တော်များများမှာ တပ်စွဲနေရာယူလိုက်ကာ အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာ လုံခြုံရေးယူထားတဲ့ BGF တပ်ကိုလည်း ဖယ်ရှားလိုက်တယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာ သိမ်းစစ်ကော်မရှင်တပ်က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး မြဝတီမြို့ပေါ်က နေ ရာတော်တော်များမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်ကော်မရှင်တပ်က တပ်စွဲနေရာယူလိုက်ပြီလို့ မြဝတီဒေသခံတွေက ဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းမရောက်ခင် အချိန်အတောအတွင်းမှာ မြဝတီမြို့ကို ကရင်နယ်ခြားစောင့်တပ် BGF က မြို့လုံခြုံရေးအတွက်ဆိုပြီး အမှတ် ၁ ချစ်ကြည်ရေးတံတား၊ ကုန်သွယ်ရေးဇုန်နဲ့ မြို့အဝင်အထွက်နေရာတွေမှာ တပ်စွဲနေရာယူထားကာ စစ်ကော်မရှင်တပ်က ရှေ့တန်းရုံးနဲ့ ခလရ ၂၇၅ တပ်ရင်းထဲမှာသာ တပ်စွဲနေရယူထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်က…