Author: Baby Yit Lone

  • Alpha

    Alpha

    Alpha (2025) ဒီတစ်ခါမှာတော့ Palme d’Or မှာ nominated ဖြစ်ထားတဲ့ Body Horror ရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ အယ်လ်ဖာလို ခေါ်တဲ့ အသက် ၁၃ နှစ်အရွယ်ကလေးမလေး ပါတီတစ်ခုကို သွားရာကနေ ရုတ်တရက်ကြီး တက်တူးတစ်ခု ရလာတဲ့အကြောင်းနဲ့ စတင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်က လူတွေမှာ သလင်းကျောက်တွေအဖြစ်နဲ့ တဖြည်းဖြည်းအေးခဲသေဆုံးသွားတတ်တဲ့ ရောဂါဆိုးတစ်မျိုး ပျံ့နှံနေခဲ့တာပါ။ အယ်လ်ဖာရဲ့အမေကလည်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ အဲဒီလို သလင်းကျောက်ဖြစ်သွားတဲ့လူနာတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ သမီးဖြစ်သူကပါ ဘယ်ကမှန်းမသိတဲ့ အပ်နဲ့ တက်တူးထိုးလာတဲ့အခါမှာတော့ အယ်လ်ဖာ့အမေရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်သွားပါတော့တယ်။ ဒါ့အပြင်ကိုမှ အယ်လ်ဖာ ရဲ့ အတန်းဖော်တွေကလည်း အယ်လ်ဖာ့မှာ ရောဂါရှိနေပြီအထင်နဲ့ ဝိုင်းပယ်ကြ စွပ်စွဲကြတဲ့အခါမှာ ၁၃ နှစ်သာရှိသေးတဲ့ အယ်လ်ဖာတစ်ယောက်…

  • Wreck-It Ralph

    Wreck-It Ralph

    Wreck-It Ralph (2012) Ralph ဟာ သူ့ဂိမ်းထဲ က ပြီးပြည့်စုံပြီး တော်နေတဲ့ ကောင်လိုမျိုး အချစ်ခံချင်သူပါ။ ပြဿနာက လူဆိုးတွေကို ဘယ်သူမှမချစ်ကြတာပါပဲ။ ဒါပေမဲ့ သူရဲကောင်းတွေကိုတော့ ချစ်ကြပါတယ်။ ဒီတော့ ဆားဂျင့်အဖြစ်ဆော့ရတဲ့ ဂိမ်းပေါ်လာတဲ့အခါမှာတော့ အဲ ဂိမ်းကို သူ့အတွက် သူရဲကောင်းဖြစ်ဖို့ အခွင့်အရေးလို့ မြင်သွားပါတယ်။ သူဟာ ဂိမ်းထဲ ကို ရိုးရှင်းတဲ့ပလန်နဲ့ ဝင်သွားတယ်။ နိုင်ခဲ့ပေမယ့် မကြာခင်မှာပဲ အရာအားလုံးပျက်စီးသွားခဲ့ပါတယ်။ ဒီအခါမှာ သူဘာတွေဆက်လုပ်မလဲ။ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူဖြစ်ချင်တဲ့ သူရဲကောင်းရော ဖြစ်လာပါ့မလားဆိုတာတော့ Wreck-It Ralph ဆိုတဲ့ ၂၀၁၂ ထွက် Animation ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါ။ IMDb rating 7.7 ထိရထားတဲ့ ကာတွန်းလေးမို့ လက်မလွတ်သင့်တဲ့…

  • Ralph Breaks the Internet

    Ralph Breaks the Internet

    Ralph Breaks the Internet (2018) ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇာတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ။ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေဖောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီလို…

  • Song Sung Blue

    Song Sung Blue

    Song Sung Blue (2025) ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားကြီး Hugh Jackman (X-Men မင်းသား) နဲ့ မင်းသမီး Kate Hudson တို့ အဓိကပါဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဂီတဒရာမာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မေဝေါ်ကီ (Milwaukee) မြို့က သာမန်လူတန်းစား နှစ်ဦးဖြစ်တဲ့ Mike (Hugh Jackman) နဲ့ Claire (Kate Hudson) တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိက ပုံဖော်ထားတာပါ။ Mike က အရက်ဖြတ်ထားတဲ့ ဗီယက်နမ်စစ်ပြန် တစ်ဦးဖြစ်ပြီး နာမည်ကြီး အဆိုတော် Neil Diamond ရဲ့ သီချင်းတွေကို လိုက်ဆိုနေတဲ့ အပျော်တမ်း အဆိုတော်တစ်ဦးပါ။ Claire ကတော့ ကလေးနှစ်ယောက်မိခင် Single…

  • Bha Bha Ba

    Bha Bha Ba

    Bha Bha Ba (2025) အရူးများကမ္ဘာမှကြိုဆိုပါ၏ လူ‌တွေအားလုံးကတစ်ယောက်တစ်မျိုးနဲ့ ရူးနေကြတဲ့ အရူးတွေပါ။ ဒါပေမဲ့ ကိုယ့်ထက်ပိုရူးတဲ့ သူနဲ့တွေ့တဲ့အခါမှာတော့ကြောက်လန့် သွားတတ်ကြပါတယ်။ ဒီဇာတ်လမ်းမှာ အမည်မသိ လူစိမ်းတစ်ယောက်က ကီရာလာပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ စီကေ ဂျိုးဆက် ကို လူထုဟောပြောပွဲတစ်ခုအတွင်းမှာ ရဲရဲဝံ့ဝံ့ ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့သားဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဒီအမှုကို လိုက်လံဖြေရှင်းရပါတော့တယ်။ ပြန်ပေးဆွဲသူဟာ ဝန်ကြီးချုပ်ကို ဘာကြောင့်ဖမ်းဆီးရတာလဲ၊ သူ့ရဲ့နောက်ကြောင်းရာဇဝင်က ဘာလဲဆိုတာကို ဟာသနှောပြီး တဖြည်းဖြည်းချင်း ဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။