Song Sung Blue

Song Sung Blue

Song Sung Blue (2025)

ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားကြီး Hugh Jackman (X-Men မင်းသား) နဲ့ မင်းသမီး Kate Hudson တို့ အဓိကပါဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဂီတဒရာမာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

မေဝေါ်ကီ (Milwaukee) မြို့က သာမန်လူတန်းစား နှစ်ဦးဖြစ်တဲ့ Mike (Hugh Jackman) နဲ့ Claire (Kate Hudson) တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိက ပုံဖော်ထားတာပါ။

Mike က အရက်ဖြတ်ထားတဲ့ ဗီယက်နမ်စစ်ပြန် တစ်ဦးဖြစ်ပြီး နာမည်ကြီး အဆိုတော် Neil Diamond ရဲ့ သီချင်းတွေကို လိုက်ဆိုနေတဲ့ အပျော်တမ်း အဆိုတော်တစ်ဦးပါ။

Claire ကတော့ ကလေးနှစ်ယောက်မိခင် Single Mother တစ်ယောက်ဖြစ်ပါတယ်။

သူတို့နှစ်ဦး ဆုံတွေ့ချစ်ကြိုက်သွားပြီးတဲ့နောက်မှာတော့ “Lightning & Thunder” ဆိုတဲ့ နာမည်နဲ့ Neil Diamond Tribute Band (အဆိုတော် နီးလ်ဒိုင်းမွန်း ဂုဏ်ပြုတေးဂီတအဖွဲ့) တစ်ခုကို ထူထောင်ခဲ့ကြပါတယ်။

သူတို့ရဲ့ ဂီတအဖွဲ့လေး အောင်မြင်လာမယ့် အချိန်မှာပဲ ကံဆိုးမိုးမှောင်ကျစရာ မတော်တဆမှုတစ်ခု Claire အပေါ် ကျရောက်လာခဲ့ပါတယ်။

အဲဒီမတော်တဆမှုကြောင့် သူတို့အိပ်မက်အားလုံးပျက်စီးသွားချိန်မှာ ဘယ်လို ပြန်တည်ဆောက်ကြမလဲဆိုတာ မြင်ရမှာပါ။

ဒီကားဟာ သာမန် အောင်မြင်ကျော်ကြားရေး ဇာတ်လမ်းမျိုးထက်၊ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားကနေ လင်မယားနှစ်ယောက် လက်မတွဲဖြုတ်ဘဲ ဂီတရဲ့ စွမ်းအားနဲ့ ဘဝကို ဘယ်လို ပြန်လည်တည်ဆောက်ယူကြလဲ ဆိုတာကို ကြည်နူးဖွယ်၊ ဆွေးဆွတ်ဖွယ် ရိုက်ကူးထားပါတယ်။

Hugh Jackman နဲ့ Kate Hudson တို့ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ လိုက်ဖက်ညီမှုကတော့ ကောင်းလွန်းပါတယ်။

Neil Diamond ရဲ့ နာမည်ကြီး သီချင်းကောင်းတွေကို ဇာတ်ကားတစ်လျှောက် ခံစားနားဆင်ရမယ့်အပြင် Hugh Jackman ကိုယ်တိုင် သီဆိုထားတာတွေကလည်း အရမ်းကောင်းပါတယ်။

ဘဝမှာ အခက်အခဲတွေ ကြုံလာရချိန်မှာတောင် မျှော်လင့်ချက် မပျောက်သင့်ဘူးဆိုတဲ့ ခွန်အားပေး ဇာတ်ကားမျိုး ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *