Author: Baby Yit Lone
-

ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ
ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ ကာကင်းစခန်းကို စစ်ကော်မရှင် တပ်ဖွဲ့များ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အာရက္ခ တပ်တော် (AA) ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် လေသာတောင်ကုန်းကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “သေတဲ့လူတွေက အရာရှိတွေများတယ်လို့ သိရတယ်။ စနိုက်ဘာထိပြီးသေကြတာ။ လေသာ တောင်ကုန်းကစစ်ရေးအရ အရေးပါတော့ စိုးမိုးမှုရဖို့ အပြင်း အထန်ဖြစ်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်၏ ထိုးစစ်ကို AA ပူးပေါင်းတပ်ဖွဲ့က…
-

တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး
စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင် အမိန့်ပေး စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးလိုက်သည်။ ယမန်နေ့ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ပြုလုပ်သော အရာရှိ၊စစ်သည်များနှင့်တွေ့ဆုံပွဲ အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆို အမိန့်ပေးလာခြင်းဖြစ်သည်။ မင်းအောင်လှိုင်က ယနေ့ခေတ်မှာ သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညီ လူမှုကွန်ရက်များအသုံးပြုရာတွင်လည်း အကျိုးမဲ့ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကိုထိခိုက်စေနိုင်သည့် လုပ် ဆောင်ချက်များမဖြစ်အောင် တစ်ဦးချင်းအသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်ပေးနေရန်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မင်းအောင်လှိုင်က လူမှုကွန်ရက် အသုံးပြုမှုများကို တောက်လျှောက်ဆိုသလို တင်းကျပ် စိစစ်ကြပ်မတ်ရန် အမိန့်ပေးနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကော်မရှင် အစည်းအဝေးတွင်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်မှုများကို…
-

လက်ပံတောင်းတောင်စီမံကိန်း- ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်တချို့အကျိုးစီးပွားဘယ်လိုဆက်နွှယ်ခဲ့သလဲ
တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲက လုပ်ငန်းတွေ ဒီနှစ်ထဲမှာ အားလုံးနီးပါး ပြန်လည်ပတ်နေပြီလို့ ဝမ်ပေါင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ဝမ်ပေါင်ဝန်ထမ်းအများစု CDM လုပ်ခဲ့တာကြောင့်၂၀၂၄ ခုနှစ်အထိ လုပ်ငန်းတချို့ ရပ်တန့်ခဲ့ရပါတယ်။ စစ်တပ်နဲ့ အကျိုးတူပူးပေါင်းထားတဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ စီမံကိန်းနေရာတွေ တိုက်ခိုက်မခံရဖို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကို ငွေကြေးနဲ့ ကမ်းလှမ်းညှိနှိုင်းပြီး ယန္တရားတွေ မထိခိုက်အောင် ကာကွယ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းယန္တရားကြီးတစ်ခုလုံးကို အင်အားရာနဲ့ချီရှိတဲ့ လုံခြုံရေးအင်အားတွေသုံးပြီး စောင့်ကြပ်ပေးနေတာဖြစ်ပါတယ်။ ဝမ်ပေါင်ရဲ့ ကမ်းလှမ်းမှု စစ်တပ်အကျိုးအမြတ်ရနေတဲ့ ဝမ်ပေါင်ထဲက လုပ်ငန်းတွေရပ်တန့်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဖိအားပေးမှုနဲ့ တိုက်ခိုက်မှုတွေ မပြတ်လုပ်နေတာကြောင့် ကုမ္ပဏီက စီမံကိန်းတွေ ဆက်လည်ပတ်နိုင်ဖို့ အဖြေရှာခဲ့ပါတယ်။ တရုတ်အကျိုးစီးပွားဖြစ်တဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဆက်လည်ပတ်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တချို့ကို ငွေကြေးနဲ့…
-

ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား
ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲတပ်ဖွဲ့ဝင်၏ ကိုယ် ဝန်ဆောင် ဇနီးနှင့် ကလေးမိခင်၊ ရဲစစ်သုံ့ပန်းကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှ ရဲဗိုလ်နှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေ ဆုံးခဲ့ကြောင်း၊ ထို့ပြင် ရဲအရာရှိ ၂ ဦး၊ ရဲတပ်သား…
-

ကျိုက်ထိုတွင် ကုန်တင်ကား အစီး ၅၀ ခန့်ကို စစ်တပ်ဖမ်းဆီး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ကုန်တင်ကား အစီး ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ တလဝန်းကျင်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ အခုဖမ်းဆီးခံထားရတဲ့ ကားတွေဟာ ဩဂုတ် ၂၀ ရက်ဝန်းကျင်က ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ အခွန်ဆောင်ပြီး လွှတ်ပေးလိုက်တဲ့ကားတွေ ဖြစ်ပြီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ် မရောက်ခင် ကျိုက်ထိုမြို့မှာ ထပ်မံဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးထားတဲ့ကားတွေကို ကျိုက်ထိုမြို့မရဲစခန်းကတဆင့် ခလရ ၉၆ နဲ့ ဘိုက်ကားကျေးရွာက ခလရ ၂ တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကျိုက်ထိုမြို့ခံ အမျိုးသမီးတယောက်က “၆ လပိုင်းလောက်တည်းက ဘလက်ကားတွေဖမ်းရင်း ကားတွေ အကုန်ဖမ်းနေတာပေါ့။ ဒီကားတွေက ဘားအံကနေ လွှတ်ပေးပြီး ညောင်ခါးရှည်မရောက်ခင် ထပ်အဖမ်းခံလိုက်ရတာ။ မြို့ထဲမှာ အကုန်ဖမ်းပြီးတော့ ပစ္စည်းတွေချစစ်ပြီး အရင်က ရဲစခန်းမှာထားတယ်။ အခုက…