Author: Baby Yit Lone

  • ရန်ကုန်တွင် လုံခြုံရေးဝန်ထမ်း ၁ ဦး လုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံး

    ရန်ကုန်တွင် လုံခြုံရေးဝန်ထမ်း ၁ ဦး လုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံး

    ရန်ကုန်မှာ လုံခြုံရေးဝန်ထမ်းတယောက် လုပ်ငန်းခွင်မှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ အဲဒီလုံခြုံရေးဝန်ထမ်း အမျိုးသားရဲ့ ဆွဲကြိုးချ သေဆုံးနေတဲ့ အလောင်းကို စည်ပင်ဝန်ထမ်းတချို့က တွေ့ခဲ့တာလို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၃၅ နှစ်နဲ့ ၄၀ ကြား အရွယ်ရှိပြီး သူအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရုံး အသေးစား အဆောက်အအုံထဲမှာ မီးကြိုးကို လည်ပင်းပတ်ပြီး အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် စစ်ကော်မရှင်လက်အောက်ခံ ရဲကို အကြောင်းကြားခဲ့တာကြောင့် ရဲက တောင်ဥက္ကလာပမှာရှိတဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကို အခင်းဖြစ်တဲ့ နေရာကို လာဖို့ ခေါ်လိုက်တာလို့လည်း သိရပါတယ်။ မြေပြင်မှာ လိုက်ပါကူညီတဲ့သူက…

  • ကော့သောင်းတွင် စစ်သားများလိုက်ပါလာသည့် လှေ ၂ စီး ပစ်ခတ်ခံရပြီး ၁ စီး တိမ်းမှောက်

    ကော့သောင်းတွင် စစ်သားများလိုက်ပါလာသည့် လှေ ၂ စီး ပစ်ခတ်ခံရပြီး ၁ စီး တိမ်းမှောက်

    တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စက်လှေ ၂ စီးနဲ့ ကမ်းကူးထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်တိုက်ခိုက်ခဲ့တာကြောင့် စက်လှေတစီး တိမ်းမှောက်ကာ သေဆုံးသူတွေရှိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ ရုပ်သံ၊ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။ ခမောက်ကြီးမြို့အခြေစိုက် ခလရ ၂၆၂ တပ်ရင်းက ဦးစီးပြီး တပ်ပေါင်းစုအင်အား ၃၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၉ ရက် မနက် ၁၂ နာရီခွဲခန့်မှာ ယုဇန ဆီအုန်းပျိုးခင်းကနေ မီတာ ၁၀၀ ခန့်ဝေးတဲ့ ခမောက်ငယ်ကျေးရွာကို စက်လှေ ၂ စီးနဲ့ ကမ်းကူးလာစဥ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် တိုက်ခိုက်ခဲ့တာကြောင့် စက်လှေတစီး တိမ်းမှောက်ခဲ့ကာ ရေထဲပြုတ်ကျသေဆုံးခဲ့တဲ့သူတွေလည်း မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံတယောက်က…

  • မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ လောက် စုပေါင်းပြီး စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက အပျော်အပါး သွားတဲ့ လူငယ်တွေ ယာဉ်တော်တဆဖြစ်ကာ တစ်ယောက် သေတယ်လို့ သတင်း ရရှိပါတယ်။ မန္တလေးက ဆိုင်ကယ်စီးအဖွဲ့တွေဖြစ်တဲ့ BRS၊ WRB၊ GRF၊ MMCB နဲ့ MPY ဆိုတဲ့ အဖွဲ့ ငါးဖွဲ့က ရာချီတဲ့ လူငယ်လူရွယ်တွေဟာ စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက မန္တလေးကနေ မေမြို့ကို ဆိုင်ကယ်အစီး ၃၀၀ လောက်နဲ့ အပျော်အပါး သွားလာခဲ့တာ ဖြစ်ပြီး…

  • ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေး ဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲ

    ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေး ဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲ

    ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့တွင် စစ်တပ် လုံခြုံရေးဘယ်ရီဂိတ်တွင် ယနေ့နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့နှင့် ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတချို့က ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေးဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဗုံးပေါက်တာ မှန်တယ်။ ကားဘီးပေါက်တယ်ပဲထင်တာ။ လမ်းထိပ်ထွက်ကြည့်မှ ရဲကား၊ စစ်ကားနဲ့ မီးတန်းကားတွေ ရောက်လာတယ်။ ပြီးတော့ ခဏ ဓာတ်ပုံတွေရိုက်၊ ကားတွေ တားပြီး ဗုံးရှိ၊ မရှိထပ်စစ်ဆေးတယ်။ သူတို့ ရှင်းလင်းရေး လုပ်တာလည်း ၁၅ မိနစ်လောက်ပဲ။ ထိခိုက်သူမရှိဘူး” ဟု ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတစ်ဦးက ပြောဆိုသည်။ လတ်တလော ဗုံးပေါက်ကွဲခဲ့သည့်နေရာကို…

  • ကန့်ဘလူတွင် စစ်တပ်က  ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်က ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်က ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီး ၁ ဦးလွတ်မြောက်လာသော်လည်း တစ်ကိုယ်လုံး နှိပ်စက်ဒဏ်ရာများ ပြည့်နှက်နေ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို -မြစ်ကြီးနားလမ်းမပေါ်ရှိ ဘူးကုန်းအထိုင်စခန်းမှ စစ်သားနှင့် ပျူစောထီးများက ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက်လာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်း အတိုင်း ရွှေဘိုဘက်မှ ကန့်ဘလူမြို့နယ်ဘက်သို့ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာသော အသက် ၄၅ နှစ် အရွယ်…