Author: Baby Yit Lone

  • တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကော်မရှင်၏ ကာကင်း စခန်းများသိမ်းဆည်းရမိထား ‎ ‎စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း သိရသည်။ ‎ ‎တော်လှန်ရေးပူးပေါင်းတပ်များသည် ယမန်နေ့ စက်တင်ဘာ ၁၅ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ဗန်းမောက်ရှိ စစ်ကော်မ ရှင်၏ ကာကင်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ‎ ‎”ဗန်းမောက်မြို့ထဲ အခြေအနေတော့ မသိရသေးဘူး။ ပိတ်မိနေသူထောင်ချီရှိပါတယ်။ နဂိုကတည်းက တော်လှန်ရေးတပ်တွေက မြို့ပြင်ဘက်မှာ နေရာယူထားတာရှိပါတယ်။ ရှမ်းနီတပ်က မြို့ထဲနဲ့ တခြားနေရာတွေကို စိုးမိုးထားတာပါ” ဟု ဗန်းမောက်ဒေသခံနှင့် အဆက်အသွယ်ရသူတစ်ဦးက ပြောသည်။ ‎ စစ်ကော်မရှင်သည် ၎င်းတို့၏ ‎ကာကင်းစခန်းအချို့သိမ်းဆည်းခံရပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း…

  • ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်

    ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်

    ထားဝယ် အရှေ့တောဒေသ ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ရက်ကန်းစင်တောင်ရှိ အကြမ်းဖက် စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁၄ ရင်နေ့ ညနေပိုင်းမှ စတင်ပြီး ထားဝယ်မြို့နယ် အရှေ့တောဒေသ ပကာရီရွာရှိ ရက်ကန်းစင်တောင် ဘုန်းကြီးကျောင်းတွင် အင်အား ၁၀၀ ကျော်ဖြင့် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် စက်တင်ဘာလ ၁၅ ရက်နေ့ထိ…

  • ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းအစိုးရ ဖွဲ့ရန် အစီအစဉ်မရှိဟုဆို

    ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းအစိုးရ ဖွဲ့ရန် အစီအစဉ်မရှိဟုဆို

    စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းအစိုးရ ဖွဲ့ရန် အစီအစဉ်မရှိဟုဆို အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းဖွဲ့ရန် အစီအစဉ်မရှိကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများတွင် စစ်အာဏာသိမ်းရန် တိုက်တွန်းခဲ့သော မဟာ မိတ်နိုင်ငံရေးပါတီနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းထားမည်ဖြစ်သော်လည်း ရွေးကောက်ပွဲတွင်မူ မဲဆန္ဒနယ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်သမျှ မဲဆန္ဒနယ်အားလုံးကို ရယူမည်ဖြစ်ကြောင်း၊ အစိုးရ ဖွဲ့စည်းခြင်းနှင့် လွှတ်တော်တွင် အဓိက အရေးကြီးနေရာများ ရယူခြင်းတို့တွင် မည်သည့် နိုင်ငံရေးပါတီနှင့်မှ ညွှန့်ပေါင်းပုံစံ ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်း သိရှိရသည်။ “ပါတီရဲ့ ရွေးကောက်ပွဲ မူဝါဒက…

  • ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    Interesting Engineering Great Firewall အင်တာနက်ဆင်ဆာစနစ်ကို တရုတ် အသုံးချပုံများနှင့်ပတ်သက်၍ စက်တင်ဘာ ၁၁ ရက်က အချက်အလက်များပေါက်ကြားခဲ့သည်။ စာရွက်စာတမ်းများ၊ အရင်းအမြစ်ကုဒ်များ၊ မှတ်တမ်းများနှင့် ကိုယ်ရေး ကိုယ်တာဆက်သွယ်ပြောဆိုမှုများအပါအဝင် ဖိုင်အရွယ်အစား ၅၀၀ ဂစ်ဂါဘိုက်ကျော်ရှိ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။ ပေါက်ကြားလာသောဖိုင်များတွင် ဆော့ဖ်ဝဲလ်ဖိုင်များနှင့် အင်တာနက်ဆင်ဆာစနစ် Great Firewall ကို တရုတ်က တည်ဆောက်ထိန်းသိမ်းပုံနှင့် လမ်းညွှန်လက်စွဲများစာအုပ်များလည်း ပါ၀င်သည်။ ပေါက်ကြားခဲ့ဖူးသမျှထဲတွင် အသေးစိတ်အကျဆုံး ဆင်ဆာနည်းပညာများပေါက်ကြားမှုဖြစ်သည်ဟု သုတေသီများက ပြောသည်။ ပေါက်ကြားလာသောဖိုင်များသည် အင်တာနက်ဆင်ဆာစနစ် Great Firewall ၏ ဖခင်ဟု တင်စားကြလေ့ရှိသည့် Fang Binxing ကုမ္ပဏီနှင့်ဆက်စပ်သော တရုတ်နည်းပညာကုမ္ပဏီ Geedge Networks ထံမှ အချက်အလက်များဖြစ်ပုံရသည်။ ပေါက်ကြားခဲ့သည့်မှတ်တမ်းတွင် အင်တာနက်လမ်းကြောင်းကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ စစ်ထုတ်သည့်…

  • ကန့်ဘလူတွင် အမျိုးသား ၇ ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရ၊ ၁ ဦး လွတ်မြောက်လာ

    ကန့်ဘလူတွင် အမျိုးသား ၇ ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရ၊ ၁ ဦး လွတ်မြောက်လာ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသား ခုနစ်ဦး ဖမ်းဆီးနှိပ်စက်ခံရကာ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရပြီး တစ် ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက်တွင် ပြောသည်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွှေမှော်တစ်ခုတွင် အလုပ်လုပ်ကိုင်သည့် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း (ရွာဟောင်း) မှ အမျိုးသား ခုနစ် ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် ပြန်လာခဲ့ကြစဉ် စစ်တပ်နှင့်ပျူ အထိုင်စခန်းနှင့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်။ “လုပ်ငန်းအဆင်မပြေလို့ ပြန်ခဲ့ကြတာပြောတယ်။ လိုင်းပေါ်တွေလည်း အေးဆေးသွားလို့ရတယ်ဆိုတော့ ဒီတိုင်းဖြတ်ခဲ့ကြတာ။ အားလုံး အရပ်သားတွေချည်းပဲဗျ။ ပြီးခဲ့တဲ့ ၉ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ ဘူးကုန်းလမ်းခွဲမှာ စပြီး အဖမ်းခံရတာဗျ” ဟု…