Author: Baby Yit Lone
-

ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား
ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲတပ်ဖွဲ့ဝင်၏ ကိုယ် ဝန်ဆောင် ဇနီးနှင့် ကလေးမိခင်၊ ရဲစစ်သုံ့ပန်းကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှ ရဲဗိုလ်နှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေ ဆုံးခဲ့ကြောင်း၊ ထို့ပြင် ရဲအရာရှိ ၂ ဦး၊ ရဲတပ်သား…
-

ကျိုက်ထိုတွင် ကုန်တင်ကား အစီး ၅၀ ခန့်ကို စစ်တပ်ဖမ်းဆီး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ကုန်တင်ကား အစီး ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ တလဝန်းကျင်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ အခုဖမ်းဆီးခံထားရတဲ့ ကားတွေဟာ ဩဂုတ် ၂၀ ရက်ဝန်းကျင်က ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ အခွန်ဆောင်ပြီး လွှတ်ပေးလိုက်တဲ့ကားတွေ ဖြစ်ပြီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ် မရောက်ခင် ကျိုက်ထိုမြို့မှာ ထပ်မံဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးထားတဲ့ကားတွေကို ကျိုက်ထိုမြို့မရဲစခန်းကတဆင့် ခလရ ၉၆ နဲ့ ဘိုက်ကားကျေးရွာက ခလရ ၂ တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကျိုက်ထိုမြို့ခံ အမျိုးသမီးတယောက်က “၆ လပိုင်းလောက်တည်းက ဘလက်ကားတွေဖမ်းရင်း ကားတွေ အကုန်ဖမ်းနေတာပေါ့။ ဒီကားတွေက ဘားအံကနေ လွှတ်ပေးပြီး ညောင်ခါးရှည်မရောက်ခင် ထပ်အဖမ်းခံလိုက်ရတာ။ မြို့ထဲမှာ အကုန်ဖမ်းပြီးတော့ ပစ္စည်းတွေချစစ်ပြီး အရင်က ရဲစခန်းမှာထားတယ်။ အခုက…
-

မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို CRMH ကြေညာ
မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံကိုတော့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေး အင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံကနေတဆင့် စက်တင်ဘာ ၁၆ ရက်မှာ CRMH က အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။ ဒီအစီအမံမှာ အခန်း ၁၂ ခန်းပါဝင်ပြီး ရည်ရွယ်ချက်တွေကတော့ ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်ကို အမြန်ဆုံးရောက်ရှိစေရေးနဲ့ တော်လှန်ရေးအင်အားစု အသီးသီးတို့နဲ့ ဟန်ချက်ညီညီ လက်တွဲပြီး မန္တလေးဒေသရဲ့ တော်လှန်ရေးလုပ်ငန်းများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တာဝန်တွေကို အကောင်အထည်ဖော်ဖို့ စတာတွေ ပါဝင်ပါတယ်။ ဒီအစီအမံရဲ့ အခန်း ၇ မှာတော့ ဒီအစီအမံအရ အုပ်ချုပ်ရေးအာဏာကို မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (Mandalay Interim…
-

မူးလာလျှင် နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးလာကြောင်း တွေ့ရှိမှု Ig Nobel ဆုဆွတ်ခူး
လူတွေဟာ အရက်မူးလာတဲ့အခါ နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးတက်လာတယ် ဆိုတာကို တွေ့ရှိမှု အပါအဝင် သိပ္ပံဆိုင်ရာ ပေါက်ကရတွေ့ရှိမှု၊ တီထွင်မှုတွေကို ချီးမြှင့်တဲ့ ၃၅ ကြိမ်မြောက် Ig Nobel ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က ဘော့စ်တွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျူး အထင်ကြီး ချစ်မြတ်နိုးတတ်သူ (narcissists) တွေဟာ သူတို့ ဉာဏ်ကောင်းတယ်လို့ အပြောခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာကို လေ့လာတဲ့ သုတေသန ပညာရှင်တွေလည်း ဆုရခဲ့ပါတယ်။ ဘယ်လို အိမ်မြှောင်၊ တောက်တဲ့၊ ဖွတ်၊ ပုတက်တွေက ဘယ်လိုပီဇာမျိုးကို ရွေးချယ်သလဲဆိုတာ လေ့လာတဲ့ အာဟာရဗေဒပညာရှင်တွေလည်း ဆုရခဲ့ကြပါတယ်။ အီတလီခေါက်ဆွဲ (pasta) အတွက် အချဉ်ရည်ရဲ့ ရူပဗေဒ သဘောတရားကို လေ့လာတွေ့ရှိခဲ့တဲ့ ပညာရှင်တွေလည်း…
-
လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဝင်ရောက်ပြီး စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ
မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဝင်ရောက်ပြီး စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်နှင့် ဆောက် လုပ်ရေးပစ္စည်းအရောင်းဆိုင်များအထဲပါ စစ်တပ်က ဝင်ရောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း မင်းဘူးမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင်တချို့နှင့် ကင်းထောက်အဖွဲ့တချို့က ပြော ဆိုသည်။ ယခုစက်တင်ဘာလအတွင်း စစ်တပ်က မင်းဘူးမြို့နယ်နှင့် စကုမြို့တို့တွင် ပေါ်တာဆွဲမှုများကို နေ့ရော ညပါ ဆောင်ရွက်လာကြောင်း၊ လမ်းဆုံလမ်းခွများတွင်သာ ပေါ်တာဆွဲ ဖမ်းဆီးခြင်းမဟုတ်တော့ဘဲ လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များအတွင်းအထဲသို့ပါ ဝင်ရောက်ပြီး ဆိုင်ထိုင်နေသော လူငယ်များ၊ ဆိုင်ဝန်ထမ်းများကိုပါ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း မင်းဘူးမြို့ပေါ်ရှိ ထွန်းကျော်သန့် ဆောက် လုပ်ရေးပစ္စည်းဆိုင် ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး…