Author: Baby Yit Lone

  • ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

    ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာသား ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဝေဒီ၊ ကြက်ယက်တွင်း၊ ကျောက်တွင်း၊ သပြေရှောင်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး စတဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ကိုမင်းလွင်ဦးက “စစ်ကောင်စီရဲ့ Y 12 လေယာဥ်က မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လောင်းလုံးကျွန်းဆွယ်တလျှောက်…

  • စစ်ကောင်စီတပ်သားများ အမြန်အလင်းဝင်ကြရန် ကလေးခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့ တိုက်တွန်း

    စစ်ကောင်စီတပ်သားများ အမြန်အလင်းဝင်ကြရန် ကလေးခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့ တိုက်တွန်း

    ထိုးစစ်ကြီးမစခင် စစ်ကောင်စီတပ်သားများ အမြန်အလင်းဝင်ကြရန် ကလေးခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့ တိုက်တွန်း အလင်းဝင်တပ်သားသစ်အများစု ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ မကွေးတိုင်းကဖြစ်၍ ယင်းဒေသရှိ လူငယ်များဂရုစိုက်ကြရန် သတိပေး အာဏာသိမ်းစစ်ကောင်စီတပ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြရန် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောကြားသည်။ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ Wings of Kalay ထံသို့ စစ်ကောင်စီတပ်သား ၁၄ဦး လက်နက် ၇လက် ယူလာပြီး အလင်းဝင်ရောက်ခဲ့မှု အခြေအနေနှင့် ရှင်းလင်းပြောကြားစဉ် စစ်ကောင်စီတပ်တွင်း ကျန်နေသည့် စစ်ကောင်စီတပ်သားများကို ယခုကဲ့သို့တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ် ၂လတာအတွင်း Wings of Kalay ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၄ဦး ရှိသည်ဟုဆိုသည်။ “အလင်းဝင်လာပြီဆိုလည်း လက်နက်ခဲယမ်းနဲ့အ ပြည့်အစုံနဲ့ အလင်းဝင်လာရင်တော့…

  • မြန်မာနိုင်ငံရှိ တရုတ်၏ “အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”

    မြန်မာနိုင်ငံရှိ တရုတ်၏ “အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”

    Geedge Networks ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာပိတ်ပင်ရေး “မဟာရံစနစ်” ကို စီးပွားဖြစ်လုပ်ငန်း တစ်ခုအနေဖြင့် မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့ပြီး၊ တရားမဝင်စစ်အုပ်စုအတွက် အင်တာနက်သုံးစွဲသူ ၃၃.၅ သန်း၏ အွန်လိုင်းလှုပ်ရှားမှုများ အပေါ် မကြုံစဖူးထူးကဲသော ရယူထိန်းချုပ်နိုင်မှုကို ပေးအပ်ထားသည်။ Geedge ၏ အဓိကမိတ်ဖက်သည် စစ်အုပ်စုထိန်းချုပ်ထားသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန (MOTC) ဖြစ်ပြီး၊ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ (NCSC) မှတဆင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းဝန်ကြီးဌာနကို စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း တရားမဝင်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ MOTC သည် ဒစ်ဂျစ်တယ်မူခင်းနည်းပညာ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် “ဥပဒေကြောင်း အရကြားဖြတ်ဖမ်းယူခွင့်” တို့ကို အဓိကကိုင်တွယ်ဆောင်ရွက်ရပြီး၊ စစ်အုပ်စုအတွက် ဖုန်းခေါ်ဆို…

  • ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်

    ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်

    ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိုးသွယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံး ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိုးသွယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့တွင်းရှိ အကြမ်းဖက် စစ်တပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာ၊ မှော်ရှန် ရပ်ကွက်အတွင်းသို့ ကျ…

  • အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားပြီ

    အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားပြီ

    မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားပြီး မင်းအောင်လှိုင်က တိုင်းပြည်ကို တရုတ်လက်ထဲ ထည့်လိုက်ပြီဟုဆို မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရသွားပြီး မင်းအောင်လှိုင်က တိုင်းပြည်ကို တရုတ်လက်ထဲသို့ ထည့်သွင်းလိုက်သည့်သဘောဟု ဆိုနိုင်ကြောင်း လူ့အခွင့်အရေးနှင့် နည်းပညာကျွမ်းကျင်သော စောင့်ကြည့်လေ့လာရေးအဖွဲ့များက ပြောဆိုသည်။ ကမ္ဘာ့အဆိုးရွားဆုံး တရုတ်အင်တာနက်ဆင်ဆာစနစ် Great Firewall အသုံးချပုံများနှင့် ပတ်သက်သော မကြာသေးမှီက ဖြစ်ပွားခဲ့သည့် လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုသည် နိုင်ငံတကာမီဒီယာများနှင့် ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်ကိုသာမက နိုင်ငံရေးလောကကိုပင် ကြီးစွာရိုက်ခတ်မှုများ ဖြစ်လာစေခဲ့သည်။ အဆိုပါလျှို့ဝှက်ပေါက်ကြားမှုကြီးနှင့်ဆက်စပ်၍ အများပြည်သူသိစေရန် နှင့် သုတေသနပြု လေ့လာရန်အတွက် မီဒီယာများ/ အစိုးရမဟုတ်သော နည်းပညာ/ အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်ကြသည့် InterSecLab၊ Justice For Myanmar၊ Amnesty International၊…